iPhone ရှိအက်ပ်များထဲတွင် VoiceOver ကိုသုံးခြင်း
ဖန်သားပြင်ကို သင်မမြင်ရလျှင်ပင် အက်ပ်များနှင့် အပြန်အလှန်တုံ့ပြန်ရန် VoiceOver ကိုသုံးနိုင်သည်။ VoiceOver သည် —မြေပုံများ ၊ ကင်မရာ ၊ ဓာတ်ပုံများ ,၊ အသံမှတ်စုများ ၊ Safari နှင့် အစရှိသော သင့် iPhone နှင့်အတူ အသင့်ပါလာပြီးသား Apple အက်ပ်များကို ထောက်ပံ့ပေးထားသည်။ ဝက်ဘ်စာမျက်နှာများနှင့် အသုံးပြုရလွယ်ကူသည့် အချက်အလက်များ မပါရှိသည့် အက်ပ်များကိုအသုံးပြုနေစဥ်ဖြစ်စေ ပုံရိပ်များနှင့် ဖန်သားပြင်ပါအစိတ်အပိုင်းများ၏ ဖော်ပြချက်များကို VoiceOver Recognition ဖြင့်ရယူနိုင်သည်။
VoiceOver ကိုသုံး၍ ဖုန်းခေါ်ဆိုခြင်းနှင့် ဖုန်းလက်ခံခြင်း
Phone အက်ပ်တွင် ဖုန်းခေါ်ဆိုမှုများပြုလုပ်ရန်နှင့် လက်ခံရရှိရန် VoiceOver ကိုအသုံးပြုနိုင်သည်။
ဖုန်းဖြေဆိုခြင်း သို့မဟုတ် ဖုန်းချခြင်း၊ လက်ချောင်းနှစ်ချောင်းနှင့်ဖန်သားပြင်ကို နှစ်ကြိမ်ဆက်နှိပ်ပါ။
VoiceOver ဖြင့်ဖုန်းခေါ်ဆိုသည့်အခါ၊ ခေါ်ဆိုရန်ရွေးချယ်မှုများပြသမည့်အစားဖန်သားပြင်တွင်ဂဏန်းခလုတ်ခုံအသေးစားပြသမှုပုံသေးပေါ်လာမည်။
ခေါ်ဆိုရန်ရွေးချယ်မှုများကိုပြသခြင်း၊ ညာဘက်အောက်ခြေထောင့်ရှိ Hide ခလုတ်ကို ရွေးပါ၊ ထို့နောက် နှစ်ကြိမ်ဆက်နှိပ်ပါ။
ဂဏန်းခလုတ်ခုံအသေးစားကိုထပ်မံပြသခြင်း၊ ဖန်သားပြင်အလယ်နားရှိ Keypad ခလုတ်ကိုရွေးချယ်ပါ၊ ထို့နောက်နှစ်ကြိမ်ဆက်နှိပ်ပါ။
VoiceOver ကိုသုံး၍ Apple Books သို့မဟုတ် Files ထဲရှိ PDF စာရွက်စာတမ်းများကိုဖတ်ခြင်း
PDF စာရွက်စာတမ်းများရှိ—ပုံစံများ၊ဇယားများနှင့်စာရင်းများကဲ့သို့—သတင်းအချက်အလက်အသေးစိတ်ကို VoiceOver မှဖတ်နိုင်သည်။
Safari ထဲတွင် VoiceOver ဖြင့် ဝက်ဘ်စာမျက်နှာကိုရှာဖွေခြင်း
ဝက်ဘ်စာမျက်နှာကိုရှာဖွေခြင်း၊ လိပ်စာထည့်ကွက်ကို ရွေးပါ၊ စာရိုက်ခလုတ်ခုံကို ဆင့်ခေါ်ရန် နှစ်ကြိမ်ဆက်နှိပ်ပါ၊ ထို့နောက် ရှာဖွေမည့် စာလုံးတစ်လုံး၊ စာစု သို့မဟုတ် URL တစ်ခုရိုက်ထည့်ပါ။ ရှာဖွေမှုအကြံပြုချက်တစ်ခုကို ရွေးချယ်ပြီး နှစ်ကြိမ်ဆက်နှိပ်ပါ။
ဝက်ဘ်ဆိုက်စာမျက်နှာတစ်ခုပေါ်ရှိ နောက်အစိတ်အပိုင်းတစ်ခုထံ ကျော်လိုက်ပါ၊ ရိုတာကို—ခေါင်းစဉ်များနှင့် လင့်ခ်များကဲ့သို့သော—အဓိကအမျိုးအစားသို့စီစဉ်ပါ၊ ထို့နောက်အပေါ် သို့မဟုတ် အောက်သို့ရွှေ့ပါ။
ဝက်ဘ်စာမျက်နှာရှာဖွေမှုအတွက်ရိုတာချိန်ညှိမှုကိုစတင်ခြင်း၊ Settings > Accessibility > VoiceOver > Rotor သို့သွားပါ။ အမျိုးအစားများကို ရွေးချယ်ပါ သို့မဟုတ် ရွေးချယ်မှုမှပြန်ဖြုတ်ပါ၊ သို့မဟုတ် အမျိုးအစားတစ်ခုကို ပြန်နေရာချရန် ကို အပေါ် သို့မဟုတ် အောက်သို့ပွတ်ဆွဲပါ။
ရွှေ့နေစဉ်တွင်ပုံများကိုကျော်ခြင်း၊ Settings >> Accessibility > VoiceOver > Navigate Images သို့သွားပါ။ ပုံများအားလုံး သို့မဟုတ် ညွှန်ကြားချက်များမပါသည့် ပုံချည်းသက်သက်ကိုသာ ကျော်ရန် ရွေးချယ်နိုင်သည်။
အလွယ်တကူဖတ်ခြင်းနှင့် ရွှေ့ခြင်းလုပ်ရန်အတွက် စာမျက်နှာများရှုပ်ပွနေခြင်းကိုလျှော့ချခြင်း၊ Safari လိပ်စာကွက်တွင် Format Options ခလုတ်ကို ရွေးပါ၊ နှစ်ကြိမ်ဆက်နှိပ်ပါ၊Show Reader View (ဝက်ဘ်စာမျက်နှာအားလုံးတွင် မရရှိနိုင်ပါ) ကို ရွေးပါ၊ ထို့နောက် နှစ်ကြိမ်ဆက်နှိပ်ပါ။
အကြံပြုချက် အကယ်၍ သင်သည် Apple ၏ ပြင်ပစာရိုက်ခလုတ်ခုံတစ်ခုကို iPhone နှင့်ချိတ်ဆက်အသုံးပြုပါက ဖွင့်ထားသည့် ဝက်ဘ်စာမျက်နှာရှာဖွေမှုများကိုပြရန် single-key Quick Nav ညွှန်ကြားချက်များကိုသုံးနိုင်သည်။
VoiceOver ကိုသုံး၍သင်္ချာညီမျှခြင်းများကိုဖတ်ပါ။
VoiceOver သည် ဝက်ဘ်စာမျက်နှာပေါ်ရှိသင်္ချာညီမျှခြင်းများကိုဖတ်နိုင်သည် (MathML ကိုသုံး၍စာဝှက်ရေးထားသည်) Numbers နံပါတ်များနှင့် Keynote ကဲ့သို့ Apple အက်ပ်စ်များအကူအညီဖြင့်ဖြစ်သည်။
ညီမျှခြင်းတစ်ခုကြားရခြင်း၊ VoiceOver သည်စာသားကိုထုံးစံအတိုင်းဖတ်သည်။ ညီမျှခြင်းကိုစဖတ်ခြင်းမပြုမီတွင် VoiceOver က “math” ဟုပြောသည်။
ထိုညီမျှခြင်းကိုရှာဖွေခြင်း၊ ဖန်သားပြင်အပြည့်ဖြင့်၎င်းကိုပြပြီး တစ်ကြိမ်လျှင်တစ်စု ၎င်းမှတစ်ဆင့်ရွှေ့ရန်ရွေးချယ်ထားသည့် ညီမျှခြင်းကိုနှစ်ခါနှိပ်ပါ။ ညီမျှခြင်းအစုများကိုဖတ်ရန်ဘယ် သို့မဟုတ် ညာသို့ရွှေ့ပါ။ သင်္ကေတများ၊ အသေးစားဖော်ပြချက်များ၊အလတ်စားဖော်ပြချက်များ၊ သို့မဟုတ် အကြီးစားဖော်ပြချက်များကို ရွေးချယ်ရန် ရိုတာကိုသုံးပါ၊ ထို့နောက် ယင်းအရွယ်အစား၏နောက်အစုကိုကြားရန်အပေါ် သို့မဟုတ် အောက်သို့ရွှေ့ပါ။ ရွေးချယ်ထားသည့်အစုပေါ်တွင် အဓိကထားသည့် ညီမျှခြင်းထဲသို့ မွှေနှောက်ရှာဖွေရန် ရွေးချယ်ထားသည့်အစုကို ဆက်တိုက်နှစ်ကြိမ်နှိပ်ပါ၊ ထို့နောက်တစ်ကြိမ်လျှင် တစ်ပိုင်းဖတ်ရန်ဘယ် သို့မဟုတ် ညာ၊ သို့မဟုတ် အပေါ် သို့မဟုတ် အောက်သို့ရွှေ့ပါ။
VoiceOver ဖြင့်ပြောထားသည့် ညီမျှခြင်းများကို Nemeth ကုဒ်သုံး၍ မျက်မမြင်စာကိရိယာတွင်လည်း ထုတ်နိုင်သကဲ့သို့ ပေါင်းစပ်ထားသည့်အင်္ဂလိပ်မျက်မမြင်စာ၊ ဗြိတိသျှအင်္ဂလိပ်စာ၊ ပြင်သစ်နှင့်ဂရိစာတို့ဖြင့်သုံးထားသည့်ကုဒ်များဖြင့်လည်းပြနိုင်သည်။ iPhone တွင် VoiceOver ဖြင့် မျက်မမြင်စာပြသမှုကို သုံးပါ ကိုကြည့်ပါ။
VoiceOver ကို အသုံးပြု၍ Maps တွင် ရှာဖွေခြင်း
သင်၏လက်ရှိတည်နေရာကို မြေပုံတွင်လိုက်ကြည့်ပုံကို ထိန်းချုပ်ခြင်း၊ သင်အလိုရှိသည့် လမ်းကြောင်းရွေးချယ်မှုကိုကြားသည်အထိ ကို ရွေး၍ နှစ်ကြိမ်ဆက်နှိပ်ပါ။
Tracking ကိုဖွင့်ခြင်း၊ ဤမြေပုံသည်သင်၏လက်ရှိတည်နေရာကိုအလိုအလျောက်ဗဟိုပြုသည်။
ဦးတည်ရာဖြင့်Tracking ကိုဖွင့်ခြင်း၊ ဤမြေပုံသည်သင်၏လက်ရှိတည်နေရာတွင်အလိုအလျောက်ဗဟိုပြုပြီးလည်နေမည်ဖြစ်သည်ထို့ကြောင့်သင်မျက်နှာမူထားသည့် ဦးတည်ရာသည်ဖန်သားပြင်၏ထိပ်တွင်ရှိသည်။ ဤပုံစံတွင် iPhone သည် သင်ချဉ်းကပ်လိုက်သည့် လမ်းနာမည်များနှင့် စိတ်ဝင်စားဖွယ်နေရာများကို ပြောပြသည်။
Tracking ကိုပိတ်ခြင်း၊ ဤမြေပုံသည်သင်၏လက်ရှိတည်နေရာကိုအလိုအလျောက်ဗဟိုပြုခြင်းမရှိတော့ပါ။
မြေပုံကိုရှာဖွေခြင်း၊ ဖန်သားပြင်တစ်ဝိုက်ကိုသင့်လက်ချောင်းပွတ်ဆွဲပါ၊ သို့မဟုတ်အခြားအမျိုးအစားသို့ပြောင်းရန်ဘယ် သို့မဟုတ် ညာသို့ရွှေ့ပါ။
ဓာတ်ပုံ ချုံ့ရန် သို့မဟုတ် ချဲ့ရန်၊ မြေပုံကိုရွေးချယ်ပါ၊ ရိုတာကို Zoom သို့ ထားပါ၊ လက်ချောင်းတစ်ချောင်းဖြင့်အောက် သို့မဟုတ် အပေါ်သို့ရွှေ့ပါ။
၎င်းမြေပုံကိုအနီးကပ်ဆွဲချဲ့ခြင်း၊ လက်ချောင်းသုံးချောင်းနှင့်ရွှေ့ပါ။
မြေပုံတွင်ပြထားသော စိတ်ဝင်စားဖွယ်နေရာများကို ရှာဖွေပါ၊ စိတ်ဝင်စားဖွယ်နေရာများသို့ ရိုတာကိုနေရာချပါ၊ ထို့နောက်လက်ချောင်းတစ်ချောင်းဖြင့်အပေါ် သို့မဟုတ် အောက်သို့ရွှေ့ပါ။
လမ်းတစ်လမ်းကိုလိုက်ကြည့်ခြင်း၊ ၎င်းလမ်းပေါ်တွင် သင့်လက်ချောင်းကိုဖိထားပြီး “pause to follow” ဟုကြားသည်အထိစောင့်ပါ၊ ထို့နောက် လမ်းတစ်လျှောက် သင့်လက်ချောင်းကို ရွှေ့ပါ။
တည်နေရာတစ်ခု၏ အချက်အလက်ရယူခြင်း၊ တည်နေရာကိုရွေးပါ (ဥပမာ လုပ်ငန်းတစ်ခု၊ အထင်ကရနေရာ သို့မဟုတ် ပင်န်တစ်ခု)၊ ထို့နောက် အချက်အလက်ကတ်ကိုဖွင့်ရန် နှစ်ကြိမ်ဆက်နှိပ်ပါ။ လမ်းညွှန်များ၊ လမ်းလိပ်စာ၊ ဖုန်းနံပါတ်၊ အလုပ်ချိန်များနှင့် သုံးစွဲသူသုံးသပ်ချက်များကဲ့သို့ အချက်အလက်များကို ကြားရရန် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပါ။
VoiceOver ကို အသုံးပြု၍ Camera တွင် ဓာတ်ပုံနှင့် ဗီဒီယိုများရိုက်ကူးခြင်း
Camera ကို အသုံးပြုသည့်အခါ မြင်ကွင်းရှာဖွေမှုအတွင်း အရာဝတ္ထုများကို VoiceOver ကဖော်ပြသည်။
ဓာတ်ပုံတစ်ပုံရိုက်ရန် သို့မဟုတ် ဗီဒီယိုမှတ်တမ်းတစ်ခု စတင်ရန်၊ ခေတ္တရပ်ရန် သို့မဟုတ် ပြန်လည်စတင်ရန် ဖန်သားပြင်ကို လက်ချောင်းနှစ်ချောင်းဖြင့် နှစ်ကြိမ်ဆက်နှိပ်ပါ။
VoiceOver ကို အသုံးပြု၍ Photos တွင် ဗီဒီယိုများကို ချုံ့ပါ
သင်ချုံ့လိုသည့် ဗီဒီယိုကို ရွေးချယ်၍ နှစ်ကြိမ်ဆက်နှိပ်ပါ။
Edit ကိုရွေးပါ၊ ထို့နောက် နှစ်ကြိမ်ဆက်နှိပ်ပါ။
Start သို့မဟုတ် End (မီဒီယာစခရက်ဘာပေါ်ရှိ) ကို ရွေးပါ၊ ထို့နောက် စတင်ချိန် သို့မဟုတ် ပြီးဆုံးချိန်ကို ချိန်ညှိရန် အပေါ် သို့မဟုတ် အောက်သို့ ပွတ်ဆွဲပါ။
သင် လုပ်ဆောင်မှုပြီးစီးသည့်အခါ Done ကို ရွေး၍ နှစ်ကြိမ်ဆက်နှိပ်ပါ။
VoiceOver အသုံးပြု၍ Voice Memos တွင် အသံသွင်းယူမှုများကို ချုံ့ပါ။
သင်ချုံ့လိုသည့်ဗီဒီယိုကို ရွေးချယ်၍ နှစ်ကြိမ်ဆက်နှိပ်ပါ။
ကို ရွေး၍ နှစ်ကြိမ်ဆက်နှိပ်ပါ။
Edit Recording ကို ရွေးပါ၊ ထို့နောက် နှစ်ကြိမ်ဆက်နှိပ်ပါ။
ကို ရွေး၍ နှစ်ကြိမ်ဆက်နှိပ်ပါ။
Waveform Overview တွင် Trim Beginning သို့မဟုတ် Trim End ကိုရွေးပါ၊ ထို့နောက် စတင်ချိန် သို့မဟုတ် ပြီးဆုံးချိန်ကို ချိန်ညှိရန် အပေါ် သို့မဟုတ် အောက်သို့ ပွတ်ဆွဲပါ။
Trim ကို ရွေးပါ၊ ထို့နောက် နှစ်ကြိမ်ဆက်နှိပ်ပါ။
Save ကိုရွေးပါ၊ ထို့နောက် နှစ်ကြိမ်ဆက်နှိပ်ပါ။
Done ကို ရွေးပါ၊ ထို့နောက် နှစ်ကြိမ်ဆက်နှိပ်ပါ။
ဝက်ဘ်ဆိုက်တစ်ခုတွင် သို့မဟုတ် အသုံးပြုရလွယ်ကူသည့် အချက်အလက်များ မပါရှိသည့် အက်ပ်များတွင်ဖြစ်စေ VoiceOver Recognition ကို အသုံးပြုပါ။
Settings > Accessibility > VoiceOver > VoiceOver Recognition သို့သွားပါ။
အောက်ပါတို့မှတစ်ခုကိုဖွင့်ပါ၊
ပုံရိပ်ဖော်ပြချက်များ၊ အက်ပ်များနှင့် ဝက်ဘ်ဆိုက်က်ရှိ ပုံရိပ်များ၏ဖော်ပြချက်များကို ရယူပါ။
ဖန်သားပြင်အသိအမှတ်ပြုခြင်း၊ အက်ပ်များတွင် ဖန်သားပြင်ပါအစိတ်အပိုင်းများ၏ဖော်ပြချက်များကိုရယူပါ။
စာသားအသိအမှတ်ပြုခြင်း၊ ပုံရိပ်ပေါ်တွင်တွေ့ရှိရသော စာသား၏ ဖော်ပြချက်များကိုရယူပါ။
Feedback Style ကိုနှိပ်၍ Speak၊ Play Sound သို့မဟုတ် Do Nothing ကိုရွေးချယ်ပါ။