iPhone ရှိ Mail တွင် email ရှာခြင်း
Mail အက်ပ် ထဲတွင် မတူညီသည့်နယ်ပယ်များကို သုံး၍ emails များရှာဖွေနိုင်သည်။
Email တစ်ခုထဲမှ စာသားကိုရှာခြင်း
ရှာဖွေမှုကွက်လပ်ပေါ်လာစေရန် စာတိုက်ပုံးတစ်ခု၏အလယ်မှ အောက်သို့ဆွဲချပါ။
ရှာဖွေမှုကွက်လပ်ထဲကို နှိပ်ပါ၊ ထို့နောက် သင်ရှာနေသည့် စာကိုရိုက်ထည့်ပါ။
ထွက်လာသော ရလဒ်စာရင်းအပေါ်ရှိ စာတိုက်ပုံးအားလုံး သို့မဟုတ် လက်ရှိရောက်နေသော စာတိုက်ပုံးကိုရှာရန် ရွေးချယ်ပါ။
၎င်းကိုကြည့်ရန် ရလဒ်များအတွင်း email တစ်စောင်ကိုနှိပ်ပါ
လိပ်စာကွက်လပ်များ၊ အကြောင်းရင်းနှင့် email စာကိုယ်တို့မှာ ရှာဖွေကြည့်ရှုပါ။ သင်ရိုက်ထည့်လိုက်သည့်အတိုင်း ရှာဖွေမှုအကြံပြုချက်များအပေါ်ရှိ Top Hits တွင် အကိုက်ညီဆုံး email များပေါ်လာမည်။
အချိန်ကာလဖြင့် ရှာခြင်း
ရှာဖွေမှုကွက်လပ်ပေါ်သည်ထိ စာတိုက်ပုံးတစ်ခုစာရင်းအလယ်မှနေ၍ အောက်သို့ဆွဲချပါ၊ ထို့နောက် ရှာဖွေမှုကွက်လပ်အတွင်း ရိုက်ပါ။ "ဖေဖေါ်ဝါရီလအစည်းအဝေး" ကဲ့သို့ စာသားရိုက်ထည့်ကာ ဖေဖော်ဝါရီလအတွင်းမှ "အစည်းအဝေး"ဟူသော စကားလုံးပါသည့် email များအားလုံးကိုရှာပါ။
Email ရွေးချယ်စရာများဖြင့် ရှာဖွေခြင်း
အမျိုးစုံသော အမျိုးအစားအလိုက် email များကိုရှာဖွေနိုင်သည်။ ဥပမာအားဖြင့် အောက်ဖော်ပြပါတိုင်းလုပ်ကြည့်နိုင်သည်၊
အလံတပ်ထားသော email များအားလုံးကိုရှာရန်၊ ရှာဖွေမှုကွက်လပ်အတွင်း “flag” ကို ရိုက်ထည့်ပါ၊ ပြီးလျှင် Other အောက်ရှိ Flagged Messages ကိုနှိပ်ပါ။
VIP စာရင်းထဲမှ ပုဂ္ဂိုလ်တို့၏ email အားလုံးကိုရှာရန်၊ ရှာဖွေမှုကွက်လပ်အတွင်း “vip” ကို ရိုက်ထည့်ပါ၊ ပြီးလျှင် Other အောက်ရှိ VIPs မှ Messages ကို နှိပ်ပါ။
မဖတ်ရသေးသည့် email များအားလုံးကိုရှာရန်၊ ရှာဖွေမှုကွက်လပ်အတွင်း “unread” ကို ရိုက်ထည့်ပါ၊ ပြီးလျှင် Other အောက်ရှိUnread Messages ကိုနှိပ်ပါ။
ဖိုင်များတွဲဆက်ပါရှိသည့် email အားလုံးကိုရှာရန်၊ ရှာဖွေမှုကွက်လပ်အတွင်း “attachment” ကို ရိုက်ထည့်ပါ၊ ပြီးလျှင် Other အောက်ရှိ Messages with Attachments ကို နှိပ်ပါ။