iPhone ရှိ Safari တွင် စာမျက်နှာများကို အသုံးပြုခြင်း
Safari အက်ပ် တွင် ဖွင့်ထားသော ဝက်ဘ်စာမျက်နှာများစွာကြားအလွယ်တကူ ရှာဖွေနိုင်ရန်စာမျက်နှာများကို အသုံးပြုပါ။
စာမျက်နှာအသစ်တွင် လင့်တစ်ခုဖွင့်ခြင်း
လင့်ကိုထိ၍ထိန်းထားကာ Open in New Tab ကိုနှိပ်ပါ။ သို့မဟုတ် လက်နှစ်ချောင်းနှင့် လင့်ကိုနှိပ်ပါ။
စာမျက်နှာအသစ်တွင်လင့်တစ်ခုကိုဖွင့်သည့်အခါတိုင်း လက်ရှိစာမျက်နှာတွင်သာ ရှိနေစေလိုလျှင် Settings > Safari > Open Links သို့သွား၍ In Background ကိုနှိပ်ပါ။
ဖွင့်ထားသော စာမျက်နှာများကို ရှာခြင်း
ဖွင့်ထားသော စာမျက်နှာများကို ကြည့်ရှုရန် နှိပ်ပါ။ ထို့နောက် အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်ရန်၊
စာမျက်နှာတစ်ခုကို ပိတ်ရန်၊ လက်ဝဲအပေါ်ဘက်ထောင့်ရှိ
ကိုနှိပ်ပါ သို့မဟုတ် စာမျက်နှာပေါ်တွင် လက်ဝဲသို့ပွတ်ဆွဲပါ။
စာမျက်နှာတစ်ခုတည်းကို ထပ်မံကြည့်ရှုရန်၊ စာမျက်နှာတစ်ခုကိုနှိပ်ပါ သို့မဟုတ် Done ကိုနှိပ်ပါ။
အကြံပြုချက် စာမျက်နှာမှတ်တမ်းကို ကြည့်ရှုရန် ထိ၍ထိန်းထားပါ သို့မဟုတ်
ကိုနှိပ်ပါ။
မကြာသေးခင်ကပိတ်ထားသော စာမျက်နှာတစ်ခုကိုပြန်ဖွင့်ခြင်း
ကိုနှိပ်ပြီးနောက်
ကိုထိ၍ထိန်းထားကာ မကြာသေးခင်ကပိတ်ထားသောစာမျက်နှာစာရင်းမှ ရွေးချယ်ပါ။
စာမျက်နှာအကန့်ကို ပြခြင်း သို့မဟုတ် ဝှက်ခြင်း
Settings > Safari သို့သွားကာ Show Tab Bar ကိုဖွင့်ပါ သို့မဟုတ် ပိတ်ပါ။
သင်၏အခြားစက်များတွင် ဖွင့်ထားသောစာမျက်နှာများကို ကြည့်ခြင်း
သင်၏စက်များအားလုံးတွင် Apple ID နှင့် မှတ်ပုံတင်သွင်းထားပါ။
Settings
> [your name] > iCloud သို့သွားကာ Safari ကိုဖွင့်ပါ။
မှတ်စု သင်၏ Mac တွင်ဖွင့်ထားသော စာမျက်နှာများကိုကြည့်ရှုရာတွင်သင်၏ Mac ရှိ iCloud ဦးစားပေးလိုရာများတွင်ရွေးချယ်ထားသော Safari ရှိရမည်ဖြစ်ပြီး Apple ID တစ်ခုတည်းနှင့်ဝင်ရောက်ရမည်ဖြစ်သည်။
ကိုနှိပ်ပါ။ အောက်ခြေရှိစာရင်းသို့ ဆွဲချပါ။
စာရင်းရှိ စာမျက်နှာတစ်ခုကို ပိတ်ရန် လက်ဝဲသို့ပွတ်ဆွဲ၍ Close ကိုနှိပ်ပါ။