iPhone တွင် အသံသွင်းဖိုင်များကို စနစ်တကျစီစဥ်ထားရှိခြင်း
Voice Memos အက်ပ် တွင် အသံသွင်းဖိုင်များကို အနှစ်သက်ဆုံးများအဖြစ် မှတ်သား၍ ဖိုင်တွဲများထဲတွင် အသံသွင်းဖိုင်များကို စနစ်တကျစီစဥ်ထားရှိနိုင်သည်။
မှတ်စု Apple Watch ၏အသံသွင်းဖိုင်များ၊ မကြာသေးခင်ကဖျက်ထားသော အသံသွင်းဖိုင်များနှင့် အနှစ်သက်ဆုံးအသံသွင်းဖိုင်များကို ဖိုင်အမျိုးအစားနှင့် အကြောင်းအရာအားဖြင့် အလိုအလျောက်အုပ်စုခွဲထားသော ဖိုင်တွဲများဖြစ်သည့် Smart Folders များဖြင့် အမျိုးအစားခွဲထားသည်။
အသံသွင်းဖိုင်များကိုအနှစ်သက်ဆုံးများအဖြစ် မှတ်သားခြင်း
အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊
အသံသွင်းဖိုင်များစာရင်းတွင် အနှစ်သက်ဆုံးအဖြစ် သင်မှတ်သားလိုသော အသံသွင်းဖိုင်ကိုနှိပ်၍
ကိုနှိပ်ကာ
ကိုနှိပ်ပါ။
အသံသွင်းဖိုင်များစာရင်း၏ထိပ်ရှိ Edit ကိုနှိပ်၍ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အသံသွင်းဖိုင်များကိုရွေးချယ်ပြီးနောက် Move ကိုနှိပ်ကာ အနှစ်သက်ဆုံးများကိုနှိပ်ပါ။
အနှစ်သက်ဆုံးအဖြစ် မှတ်သားထားသော အသံသွင်းဖိုင်များသည် Favorites ဖိုင်တွဲထဲတွင် အလိုအလျောက်ပေါ်လာမည်။
အသံသွင်းဖိုင်များကို ဖိုင်တွဲများဖြင့် စနစ်တကျစီစဥ်ထားရှိခြင်း
အကြောင်းဆက်စပ်နေသော အသံသွင်းဖိုင်များကို ဖိုင်တွဲများဖြင့် အုပ်စုခွဲထားခြင်းဖြင့် ၎င်းတို့ကို အလွယ်တကူရှာဖွေနိုင်မည်။
အသံသွင်းဖိုင်များစာရင်းအထက်ရှိ Edit ကိုနှိပ်ပါ။
တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အသံသွင်းဖိုင်များကို ရွေးချယ်၍ Move ကိုနှိပ်ပါ။
အသံသွင်းဖိုင်များအတွက် ဖိုင်တွဲအသစ်ကို ဖန်တီးလိုပါက
ကိုအသုံးပြုကာ ဖိုင်တွဲအတွက်နာမည်ကို ရိုက်ထည့်ပါ။
ရွေးချယ်ထားသော အသံသွင်းဖိုင်များကိုထည့်သွင်းလိုသော ဖိုင်တွဲကိုနှိပ်ပါ။
ဖိုင်တွဲများကိုကြည့်ရန် ကိုနှိပ်ကာ ၎င်း၏မာတိကာကိုစစ်ဆေးရန် ဖိုင်တွဲတစ်ခုကိုနှိပ်ပါ။
အသံသွင်းဖိုင်များစာရင်းကို ပြန်သွားရန် ဖိုင်တွဲများအထက်ရှိ All Recordings ကိုနှိပ်ပါ။
ဖိုင်တွဲများကို ဖျက်ခြင်း သို့မဟုတ် ပြန်စဥ်ခြင်း
ဖိုင်တွဲများစာရင်းသို့ပြန်သွားရန်
ကိုနှိပ်ပါ။
ဖိုင်တွဲများအထက်ရှိ Edit ကိုနှိပ်၍ အောက်ပါတို့မှတစ်ခုခုကိုနှိပ်ပါ၊
ဖိုင်တွဲတစ်ခုကို ဖျက်သိမ်းရန်၊ ထိုဖိုင်တွဲနှင့်ကပ်လျက်ရှိ
ကိုနှိပ်ကာ
ကိုနှိပ်ပါ။
ဖိုင်တွဲများ၏ဖွဲ့စည်းပုံစနစ်ကို ပြောင်းလဲရန်၊ ဖိုင်တွဲတိုင်း၏ကပ်လျက်ရှိ
ကိုဖိဆွဲပါ။
Done ကိုနှိပ်ပါ။