iPhone ရှိ Voice Memos တွင်အသံသွင်းယူမှုပြုလုပ်ခြင်း
Voice Memos အက်ပ် ဖြင့် (စွယ်စုံသုံးဖိုင်ထဲတွင်တည်ရှိသည်)၊ ကိုယ်ရေးမှတ်စုများ၊ စာသင်ခန်းပို့ချချက်များ၊ ဂီတဆိုင်ရာအကြံများစသည်များကိုသွင်းယူရန် အိတ်ဆောင်အသံသွင်းကိရိယာအဖြစ် iPhone ကိုသုံးနိုင်သည်။ ဖြတ်တောက်ခြင်း၊ အစားထိုးခြင်းနှင့် ပြန်စခြင်းတို့ကဲ့သို့ တည်းဖြတ်ကိရိယာများနှင့် သင်၏သွင်းယူမှုများကိုအသေးစိတ်ချိန်ညှိနိုင်သည်။
မှတ်စု Voice Memos အက်ပ်ကို အလွယ်တကူ ရှာပြီး ဖွင့်နိုင်စေရန် ၎င်းကို ဘက်စုံသုံးဖိုင်တွဲမှ Home ဖန်သားပြင်သို့ ရွှေ့နိုင်သည်။
အသင့်ပါရှိသော မိုက်ခရိုဖုန်း၊ ထောက်ပံ့ပေးထားသော ခေါင်းတပ်နားကြပ် သို့မဟုတ် ပြင်ပမိုက်ခရိုဖုန်းတို့ကို အသုံးပြုကာ အသံမှတ်စုကို အသံသွင်းယူပါ။
iCloud ချိန်ညှိမှုများတွင် Voice Memos ကိုဖွင့်ထားလျှင် သို့မဟုတ် နှစ်သက်ရာစာရင်းတွင်ဖွင့်ထားလျှင် သင်၏အသံသွင်းယူမှုများသည် ပေါ်နေပြီး Apple ID တစ်ခုတည်းဖြင့်ဝင်ရောက်ထားသည့် သင်၏စက်များအားလုံးတွင် အလိုအလျောက်မွမ်းမံသွားမည်။

အခြေခံအသံသွင်းယူမှုပြုလုပ်ခြင်း
အသံ စတင်သွင်းရန်အတွက်
ကို နှိပ်ပါ။
အသံသွင်းယူမှုအနိမ့်အမြင့်ကိုညှိရန်၊ သင်အသံသွင်းယူနေသည့်အရာမှ စကားပြောခွက်ကို အနီးအဝေးတိုး၍ ချိန်ညှိပါ။
အသံသွင်းယူမှုကို အပြီးသတ်ရန်
ကိုနှိပ်ပါ။
အကယ်၍Location Services ကိုဖွင့်ခြင်း သည် Settings > Privacy တွင် ဖွင့်ထားပါက သင်၏အသံသွင်းယူမှုသည် New Recording ဟုလည်းကောင်း သင်၏တည်နေရာအမည်ဖြင့်လည်းကောင်း သိမ်းဆည်းထားသည်။ ထိုအမည်ကိုပြောင်းရန်၊ အသံသွင်းယူမှုကိုနှိပ်ကာ နာမည်ကိုနှိပ်၍ အမည်သစ်တစ်ခု ရိုက်ထည့်ပါ။
သင်၏အသံသွင်းယူမှုကိုအသေးစိတ်ချိန်ညှိရန်၊ Voice Memos ထဲရှိအသံသွင်းယူမှုပြင်ဆင်ချက် ကိုကြည့်ပါ။
မှတ်စု အသံသွင်းရန် Voice Memos ကိအသုံးပြုသည့်အခါ သင်၏သီးသန့်လုံခြုံရေးအတွက်သင်၏မိုက်ခရိုဖုန်းကို အသုံးပြုနေကြောင်းညွှန်ပြရန် သင်၏ဖန်သားပြင်ထိပ်တွင် လိမ္မော်ရောင်အစက်လေးပေါ်နေမည်။
အဆင့်မြင့်အသံသွင်းယူမှုအင်္ဂါရပ်များကို အသုံးပြုခြင်း
သင်အသံသွင်းယူချိန်တွင် အစိတ်အပိုင်းများဖြင့်အသံသွင်းခြင်း၊ ခေတ္တရပ်နားခြင်းနှင့်ပြန်စခြင်းတို့ကိုလုပ်နိုင်သည်။
အသံ စတင်သွင်းရန်အတွက်
ကို နှိပ်ပါ။
အသံသွင်းယူမှုအဆင့်ကိုညှိရန်၊ သင်သွင်းယူထားမှုမှအနီးသို့ဖြစ်စေအဝေးသို့ဖြစ်စေစကားပြောခွက်ကိုရွှေ့ပါ။
အသံသွင်းယူနေစဉ်တွင် အသေးစိတ်အချက်အလက်များပိုမိုသိရှိရန်၊ လှိုင်းပုံစံ၏ ထိပ်မှအပေါ်သို့ရွှေ့ပါ။
အသံသွင်းယူမှုရပ်စေရန်
ကိုနှိပ်ပါ၊ ဆက်လက်သွင်းယူရန် Resume ကိုနှိပ်ပါ။
သင်၏အသံသွင်းယူမှုကိုပြန်လည်ဆန်းစစ်ရန်၊
ကိုနှိပ်ပါ။
playback စတင်သည့်နေရာကိုပြောင်းလဲရန်၊
ကိုမနှိပ်မီသီချင်းရောက်သည့်နေရာပြ လိုင်းတစ်လျှောက် လှိုင်းပုံစံကို ဘယ် သို့မဟုတ် ညာသို့ ပွတ်ဆွဲပါ။
အသံသွင်းယူမှုကိုသိမ်းဆည်းရန်၊ Done ကိုနှိပ်ပါ။
အကယ်၍Location Services ကိုဖွင့်ခြင်း သည် Settings > Privacy တွင် ဖွင့်ထားပါက သင်၏အသံသွင်းယူမှုသည် New Recording ဟုလည်းကောင်း သင်၏တည်နေရာအမည်ဖြင့်လည်းကောင်း သိမ်းဆည်းထားသည်။ ထိုအမည်ကိုပြောင်းရန်၊ အသံသွင်းယူမှုကိုနှိပ်ကာ နာမည်ကိုနှိပ်၍ အမည်သစ်တစ်ခု ရိုက်ထည့်ပါ။
သင်၏အသံသွင်းယူမှုကိုအသေးစိတ်ချိန်ညှိရန်၊ Voice Memos ထဲရှိအသံသွင်းယူမှုပြင်ဆင်ခြင်းသို့မဟုတ်ဖျက်ခြင်း ကိုကြည့်ပါ။
စတင်သည့်အသံနှင့်ရပ်ထားသည့် အသံနေအထားကိုပိတ်ခြင်း
အသံသွင်းယူနေစဉ် အသံကိုတစ်လျှောက်လုံးနှိမ့်ထားရန် iPhone အသံနှိမ့်ခလုတ်ကိုသုံးပါ။
အသံသွင်းယူနေစဉ်တွင် အခြားအက်ပ်ကိုသုံးခြင်း
အသံသွင်းယူနေစဉ်တွင်၊ သင်၏ကိရိယာရှိအသံမပွင့်သမျှ အခြားအက်ပ်တစ်ခုကိုသုံးနိုင်သည်။ ထိုအက်ပ်မှ စတင်အသံထွက်သည်နှင့် Voice Memos သည်အသံသွင်းယူမှုကိုရပ်လိုက်သည်။
Voice Memos တွင်အသံသွင်းယူနေစဉ်တွင် Home Screen သို့သွား၍ အခြားအက်ပ်ကိုဖွင့်နိုင်သည်။
Voice Memos သို့ပြန်သွားရန်၊ ထိုဖန်သားပြင်ထိပ်ရှိအနီရောင်ဘားတန်းသို့မဟုတ် အနီရောင်သင်္ကေတလေးကိုနှိပ်ပါ။
iCloud ချိန်ညှိမှုများတွင် Voice Memos ကိုဖွင့်ထားပါက သို့မဟုတ် နှစ်သက်ရာစာရင်းတွင်ဖွင့်ထားပါက သင်၏အသံသွင်းယူမှုသည် iCloud ထဲတွင်သိမ်းဆည်းထား၍ Apple ID တစ်ခုတည်းဖြင့်ဝင်ရောက်ထားသည့် သင်၏စက်များအားလုံးတွင် အလိုအလျောက်ပေါ်နေမည်။
မူလပါရှိသည့် စကားပြောခွက်အသုံးပြုထားသည့် အသံသွင်းယူမှုများသည်အသံလွှင့်ဆက်ကြောင်းတစ်ခုတည်းပါသော အသံများဖြစ်သော်လည်း iPhone နှင့်ချိတ်ဆက်နိုင်သည့် ပြင်ပစတီရီယိုစကားပြောခွက်တစ်ခုကို သုံးထားသည့်စတီရီယိုကို အသံသွင်းယူနိုင်သည်။ Apple “Made for iPhone” သို့မဟုတ် “Works with iPhone” အမှတ်တံဆိပ်ပါရှိသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေပါ။