iPhone တွင်ရာသီဥတုကိုစစ်ဆေးခြင်း
သင်၏လက်ရှိတည်နေရာ သို့မဟုတ် အခြားနေရာများအတွက် ရာသီဥတုကို စစ်ဆေးကြည့်ရန် Weather အက်ပ် ကိုအသုံးပြုပါ။ ဖြစ်လာနိုင်သည့် မိုးလေဝသခန့်မှန်းချက်ကိုလည်း ကြည့်ရှုနိုင်သည်၊ ရာသီဥတုဆိုးရွားမှုအခြေအနေများအကြောင်း အချက်အလက်များကို ကြည့်နိုင်သည်၊ ထို့ပြင် လမ်းတွင် မိုးရွာ သို့မဟုတ် နှင်းကျနေပါက နောက်တစ်နာရီအတွင်း မိုးရွာခြင်း၊ဆီးနှင်းကျခြင်းဇယားကို ကြည့်ရှုနိုင်သည် (ရာသီဥတုဆိုးရွားမှုအချက်အလက်များနှင့်နောက်တစ်နာရီအတွင်းမိုးရွာခြင်း၊ဆီးနှင်းကျခြင်းဆိုင်ရာ ဇယားများကို နိုင်ငံအားလုံး သို့မဟုတ် ဒေသအားလုံးတွင် မရရှိနိုင်ပါ)။
မှတ်စု Weather သည် သင်၏လက်ရှိတည်နေရာအတွက် မိုးလေဝသခန့်မှန်းချက်များရရှိရန် Location Services ကို အသုံးပြုပါသည်။ Location Services ကိုဖွင့်ရန်၊ Settings > Privacy > Location Services သို့သွားပါ။
Siri ကိုမေးပါ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “What’s the weather for today?” သို့မဟုတ် “How windy is it out there?” Siri အားတောင်းဆိုပုံကိုလေ့လာခြင်း။

မိုးလေဝသကြိုတင်ခန့်မှန်းချက်နှင့် အခြေအနေများကိုစစ်ဆေးခြင်း

အောက်ပါတို့မှ တစ်ခုခုကိုလုပ်ဆောင်ရန် Weatherကိုဖွင့်ပါ၊
ပြည်တွင်းရာသီဥတုအခြေအနေများကိုစစ်ဆေးပါ၊ သင်Weather ကိုဖွင့်သည့်အခါ သင်၏လက်ရှိတည်နေရာအတွက်အချက်အလက်အသေးစိတ်ကိုရရှိနိုင်သည်။
နာရီအလိုက် မိုးလေဝသခန့်မှန်းချက်ကို ကြည့်ရန်၊ နာရီအလိုက်ပြသမှုကို ဘယ် သို့မဟုတ် ညာဘက်သို့ ဆွဲပါ။
ဆယ်ရက်စာ မိုးလေဝသခန့်မှန်းချက်ကို ကြည့်ရန်၊ ရာသီဥတုအခြေအနေများ၊ မိုးရွာ သို့မဟုတ် နှင်းကျနိုင်သည့်အလားအလာ၊နှင့် လာမည့်ရက်များအတွင်း အပူချိန်အတက်အကျများကို ကြည့်ရန် အောက်သို့ရွှေ့ဆင်းပါ။
မိုးရွာ သို့မဟုတ် နှင်းကျနိုင်သည့်အလားအလာကို ကြည့်ရှုခြင်း၊ နောက်တစ်နာရီတွင် မိုးရွာခြင်း သို့မဟုတ် နှင်းကျခြင်းဖြစ်လာလျှင် မိနစ်အလိုက်ရလာသည့်ပမာဏပြ ဇယားသည် ဖန်သားပြင်ထိပ်တွင်ပေါ်လာမည် (နိုင်ငံများ သို့မဟုတ် ဒေသများအားလုံးတွင် မရနိုင်ပါ)။
ဆိုးရွားသည့်ရာသီဥတုအချက်အလက်များကိုကြည့်ရှုခြင်း၊ ဆောင်းတွင်းမုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများကဲ့သို့ ဆိုးရွားသည့်ရာသီဥတုအခြေအနေများအကြောင်း အသစ်ပြင်ဆင်ဖြည့်စွက်ချက်များကို မျက်နှာပြင်၏ထိပ်ဆုံးတွင် ဖော်ပြသည်။ အစိုးရမှထုတ်ပြန်သည့်သတိပေးချက်အပြည့်အစုံကို ဖတ်ရှုရန် နှိပ်ပါ (နိုင်ငံ သို့မဟုတ် ဒေသအားလုံးတွင် မရရှိနိုင်ပါ)။
ရာသီဥတုဆိုင်ရာအသေးစိတ်ထပ်မံကြည့်ရှုခြင်း၊ လေထုအရည်အသွေး၊ စိုထိုင်းဆ၊ လေတိုက်နှုန်း၊ စသည်တို့ကို ကြည့်ရှုရန် အောက်သို့ရွှေ့ဆင်းပါ (လေထုအရည်အသွေးဆိုင်ရာအချက်အလက်များကို နိုင်ငံ သို့မဟုတ် ဒေသအားလုံးတွင် မရရှိနိုင်ပါ)။
မှတ်စု လေထုအရည်အသွေးသည် ထိုတည်နေရာအတွက် သီးခြားအဆင့်တစ်ခု ရောက်ရှိလာသည့်အခါ လေထုအရည်အသွေးတိုင်းတာမှုကို နာရီအလိုက်မိုးလေဝသခန့်မှန်းချက်၏ အပေါ်တွင် ဖော်ပြသည်။
အခြားတည်နေရာများရှိ ရာသီဥတုအခြေအနေကို စစ်ဆေးခြင်း၊ မျက်နှာပြင်ပေါ်တွင် ဘယ် သို့မဟုတ် ညာရွှေ့ပါ၊ သို့မဟုတ်
ကိုနှိပ်ပါ။
သင်၏ရာသီဥတုစာရင်းထဲတွင် တည်နေရာများကိုပေါင်းထည့်ခြင်း၊ ဖျက်ခြင်းနှင့် ပြန်စီစဉ်ခြင်း
သင့်၏ရာသီဥတုစာရင်းကို ကြည့်ရန်
။
အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊
တည်နေရာဖြည့်ခြင်း၊
ကိုနှိပ်ပါ၊ ရာသီဥတုကို ကြည့်ရှုရန် မြို့၏အမည်၊ zip code သို့မဟုတ် airport code ကို ရိုက်ထည့်၍ Add ကိုနှိပ်ပါ။
တည်နေရာတစ်ခုကို ဖျက်ခြင်း၊ တည်နေရာပေါ်တွင် ဘယ်ဘက်သို့ ရွှေ့ပါ၊ ထို့နောက် Delete နှိပ်ပါ။
သင်၏စာရင်းတွင် ပါရှိသည့် တည်နေရာများကို စနစ်တကျစီစဉ်ခြင်း၊ တည်နေရာကို ထိပြီးထိန်းထားကာ၊ ၎င်းကို အပေါ် သို့မဟုတ် အောက်ကို ရွှေ့ပါ။
Apple ID တစ်ခုတည်းဖြင့် အကောင့်ဝင်ရောက်ထားသည့်အခါ သင့်စက်ပစ္စည်းများတွင် တည်နေရာများစာရင်းကို အချိန်နှင့်တစ်ပြေးညီ ထားရှိနိုင်သည်။
ဖာရင်ဟိုက်ဒီဂရီနှင့် စင်တီဂရိတ်ကြားပြောင်းလဲခြင်း
ကိုနှိပ်ပါ။
စာရင်း၏အောက်ခြေရှိ °F သို့မဟုတ် °C ကို နှိပ်ပါ။
Weather အသေးစားပုံစံကို သင့် iPhone ၏ Home ဖန်သားပြင်သို့ ထည့်သွင်းပါ
သင့် iPhone ၏Home ဖန်သားပြင်ကို တစ်ချက်ကြည့်ရုံဖြင့် ရာသီဥတုကို စစ်ဆေးနိုင်ရန် Weather အသေးစားပုံစံကိုအသုံးပြုပါ။
iPhone တွင် အလွယ်သုံးပုံစံများထည့်သွင်းခြင်း ကိုကြည့်ပါ။