iPhone တွင် Face ID ပြောင်းခြင်းနှင့် အထူးအာရုံစိုက်မှုများကို ချိန်ညှိခြင်းများ
Face ID ပါဝင်သည့် iPhone တစ်လုံးတွင် ရုပ်ပိုင်းဆိုင်ရာနှင့် အမြင်ချို့ယွင်းမှုရှိလျှင် Face ID နှင့်အထူးအာရုံစိုက်မှုချိန်ညှိမှုများကို ချိန်ညှိနိုင်သည်။
Accessibility Options ဖြင့် Face ID ကို စီမံခြင်း
ပုံသေအားဖြင့်၊ Face ID ကို စီစဉ်ရာတွင် သင့်မျက်နှာပေါ်ရှိ ထောင့်များအားလုံးကို ပြသရန် သင့်ခေါင်းကို စက်ဝိုင်းပုံစံ ညင်သာစွာလှည့်ပေးရန် လိုအပ်သည်။ ခေါင်းလှုပ်ရှားမှုအပြည့်အဝမလုပ်ဆောင်နိုင်ပါကသင့်ဦးခေါင်းကိုရွေ့လျားခြင်းမရှိဘဲ Face ID ကိုစီစဉ်နိုင်သည်။
Settings
> Face ID & Passcode သို့သွားပါ။
ဘောင်အတွင်းမျက်နှာကိုထားပါ၊ ထို့နောက် Accessibility Options ကို နှိပ်ပါ။
Face ID သည် လုံခြုံဆဲဖြစ်သော်လည်း iPhone တွင် သင့်ပုံစံသည် တစ်သမတ်တည်းရှိရန် လိုအပ်သည်။
အထူးအာရုံစိုက်ခြင်းချိန်ညှိမှုများကိုပြောင်းလဲခြင်း
ထပ်တိုးလုံခြုံရေးအတွက် Face ID သည် ဖန်သားပြင်ကို သင်ကြည့်ပုံကိုထောက်လှမ်းပေးသည်။ သင့်မျက်လုံးများကိုဖွင့်၍ ယင်းဖန်သားပြင်ကိုကြည့်သည့်အခါတွင်သာ iPhone ဖွင့်သည်။ iPhone သည်သတိပေးချက်များနှင့် မက်ဆေ့ချ်များကိုလည်းဖော်ပြနိုင်သကဲ့သို့ ၎င်းတို့ကို သင်ဖတ်နေချိန်အတွင်း ဖန်သားပြင်ကို လင်းထားပေးခြင်း သို့မဟုတ် သတိပေးချက်အသံများကို လျှော့ပေးခြင်းတို့ ပြုလုပ်ပေးသည်။
သင့်ပုံစံအနေအထားကို iPhone စစ်ဆေးခြင်းမလုပ်လိုလျှင် အောက်ပါတို့ကို လုပ်ဆောင်ပါ၊
Settings
> Face ID & Passcode သို့သွားပါ။
အောက်ပါတို့မှနှစ်သက်ရာတစ်ခုကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ၊
Face ID အတွက်အထူးအာရုံစိုက်မှုလိုအပ်ခြင်း
ဖုန်းဖန်သားပြင်ကို သင့်ကြည့်ပုံအားထောက်လှမ်းပေးသည့် စနစ်
အောင်မြင်စွာအတည်ပြုခြင်းနှင့်ပတ်သက်သည့် Haptic
iPhone ကိုပထမဆုံးစီစဉ်သည့်အခါ VoiceOver ကိုဖွင့်ပါက အဆိုပါချိန်ညှိမှုများကိုပုံသေပိတ်ထားသည်။
မှတ်စု Face ID ကိုပိုမိုစိတ်ချမှုရှိစေရန်အထူးအာရုံစိုက်မှုလိုအပ်ခြင်း။