iPhone တွင် လျင်မြန်သည့်လုပ်ဆောင်ချက်များကိုပြုလုပ်ခြင်း
Home ဖန်သားပြင်ရှိ App Library၊ Control Center နှင့် အက်ပ်များတွင် နမူနာများကိုကြည့်ရှု၍ အမြန်လုပ်ဆောင်ချက်စာရင်းများစသည်တို့ကို သုံးနိုင်သည်။
Home ဖန်သားပြင်နှင့် App Library မှ အလျင်အမြန်သုံးလုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်း
Home ဖန်သားပြင် နှင့် App Library တို့တွင် အလျင်အမြန်သုံးလုပ်ဆောင်ချက်များစာရင်းကိုဖွင့်ရန် အက်ပ်များကို ထိ၍ထိန်းထားပါ။

ဥပမာ၊
Camera
ကို ထိပြီးထိန်း၍ Take Selfie ကိုရွေးချယ်ပါ။
Maps
ကို ထိပြီးထိန်း၍ Send My Location ကိုရွေးချယ်ပါ။
Notes
ကို ထိပြီးထိန်း၍ New Note ကို ရွေးချယ်ပါ။
မှတ်စု အမြန်လုပ်ဆောင်ချက်တစ်ခုကိုမရွေးချယ်မီ အက်ပ်တစ်ခုကို ကြာကြာဖိထားမိပါက အက်ပ်စ်များသည်ဟိုရွေ့သည်ရွေ့စတင်ဖြစ်လာမည်။ Done ကိုနှိပ်ပါ (Face ID ပါသည့် iPhone တစ်လုံးတွင်) သို့မဟုတ် Home ခလုတ်ကိုနှိပ်ပါ (အခြား iPhone အမျိုးအစားများ) ၊ ထို့နောက် ထပ်မံလုပ်ဆောင်ပါ။
နမူနာများနှင့် အခြားအမြန်လုပ်ဆောင်ချက်စာရင်းများကို ကြည့်ရှုခြင်း
Photos အတွင်း နမူနာကြည့်ရှုရန်နှင့် ရွေးချယ်စရာစာရင်းကို ကြည့်ရန် ပုံတစ်ပုံကို ထိပြီးထိန်းထားပါ။
Mail တွင် မက်ဆေ့ပါအကြောင်းအရာများကို နမူနာကြည့်ရန်နှင့် ရွေးချယ်စရာစာရင်းကိုကြည့်ရန် စာတိုက်ပုံးအတွင်းရှိ မက်ဆေ့တစ်ခုကို ထိပြီးထိန်းထားပါ။
Control Center ကိုဖွင့်ပါ ပြီးလျှင် Camera ကဲ့သို့သောအရာတစ်ခု သို့မဟုတ် ရွေးချယ်စရာများကိုမြင်တွေ့ရန် အလင်းအမှောင်ထိန်းချုပ်မှုကို ထိပြီးထိန်းထားပါ။
သော့ပိတ်ထားသည့်ဖန်သားပြင်တွင် အသိပေးချက်တစ်ခုအားဖွင့်ရန် ၎င်းကို ထိပြီးထိန်းထားပါ။
စာရိုက်သည့်အခါ သင့်စာရိုက်ခလုတ်ခုံကို ထိတွေ့မျက်နှာပြင်အဖြစ်ပြောင်းလဲရန် Space ဘားကို လက်တစ်ချောင်းဖြင့် ထိနှိပ်ထားပါ။