iPhone တွင် ဖန်သားပြင်ရှိ စာရိုက်ခလုတ်ခုံဖြင့် စာရိုက်ထည့်သွင်းခြင်း
iPhone ရှိအက်ပ်များတွင် စာသားထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းလုပ်နိုင်ရန် ဖန်သားပြင်ရှိစာရိုက်ခလုတ်ခုံကိုအသုံးပြုနိုင်သည်။ စာသားရိုက်ထည့်သွင်းရန် ပြင်ပစာရိုက်ခလုတ်ခုံ နှင့် နှုတ်တိုက်ရွတ်ပေးခြင်း တို့ကိုလည်း အသုံးပြုနိုင်သည်။
ဖန်သားပြင်ရှိစာရိုက်ခလုတ်ခုံကို အသုံးပြု၍ စာရိုက်ထည့်ခြင်း
စာသားတည်းဖြတ်ခြင်းကိုခွင့်ပြုသည့်မည်သည့်အက်ပ်တွင်မဆို စာရိုက်သည့်အကွက်အားနှိပ်ပြီး ဖန်သားပြင်စာရိုက်ခလုတ်ခုံအား ဖွင့်ပါ။ လက်ချောင်းကြွစရာမလိုဘဲ စာလုံးတစ်လုံးနှင့်တစ်လုံးကိုဘေးဘက်လျှော၍ စာရိုက်ရန်အတွက် QuickPath ကိုသုံးရန် သို့မဟုတ် စာရိုက်ရန် သီးခြားခလုတ်များကိုနှိပ်ပါ (ဘာသာစကားတိုင်းအတွက်မရနိုင်ပါ)။ စာလုံးတစ်လုံးကို အဆုံးသတ်ရန် သင့်လက်ချောင်းကိုကြွလိုက်ပါ။ စာရိုက်သည့်အခါ ထိုနည်းလမ်းတစ်ခုခုကိုသုံးနိုင်သည့်အပြင် စာကြောင်းအလယ်တွင်ပင် ပြောင်းနိုင်သည်။ (စာလုံးတစ်လုံးရိုက်ရန်ဘေးဘက်လျှောဆွဲလိုက်ပြီးနောက် ကိုနှိပ်၍စာလုံးတစ်ခုလုံးကို ဖျက်လိုက်ပါ။)

မှတ်စု စာရိုက်ရန် ဘေးဘက်လျှောဆွဲလိုက်သည်နှင့်သင့်နောက်စာလုံးအတွက် ခန့်မှန်းထားသည့်အရာထက် သင်ရိုက်ထည့်နေသည့်စာလုံးနှင့် အကြံပြုအစားထိုးစာလုံးများကို မြင်တွေ့ရမည်။
စာသားရိုက်ကူးနေစဉ်အတွင်း အောက်ပါတို့မှ တစ်ခုခုကို လုပ်ဆောင်နိုင်သည်၊
စာလုံးအကြီးများရိုက်ခြင်း၊ Shift ကိုနှိပ်ပါ၊ သို့မဟုတ် Shift ခလုတ်ကိုထိ၍စာလုံးသို့ရွှေ့ပါ။
Caps Lock ကိုဖွင့်ပါ၊ Shift ကို နှစ်ကြိမ်ဆက်နှိပ်ပါ။
စာကြောင်းတစ်ကြောင်းအား နောက်ဆုံးအပိတ် ဖူးစတော့နှင့် တစ်နေရာစာအလွတ်တစ်ခုထားပြီး လျှင်မြန်စွာအဆုံးသတ်ခြင်း၊ Space bar ကိုနှစ်ကြိမ်ဆက်နှိပ်ပါ။
စာလုံးပေါင်းပြင်ရန်၊ အကြံပေးထားသည့် စာလုံးပေါင်းမှန်များကို ကြည့်ရန် စာလုံးပေါင်းမှားသော စာလုံးကိုနှိပ်ကာ (အနီရောင်မျဥ်းသားထားသော) စာလုံးကို အစာထိုးရန် အကြံပေးထားသည့်စားလုံးပေါင်းမှန်တစ်ခုကို နှိပ်ပါ သို့မဟုတ် စာလုံးပေါင်းမှန်ကို ရိုက်ထည့်ပါ။
နံပါတ်များ၊ ပုဒ်ဖြတ်ပုဒ်ရပ်များ၊ သို့မဟုတ် သင်္ကေတများကို ရိုက်ထည့်ခြင်း၊
သို့မဟုတ်
ကိုနှိပ်ပါ။
နောက်ဆုံးတည်းဖြတ်မှုအား ပြုပြင်ခြင်း၊ လက်ချောင်းသုံးချောင်းဖြင့် ဘယ်သို့ရွှေ့ပါ။
နောက်ဆုံးတည်းဖြတ်မှုအား ပြန်ပြင်ခြင်း၊ လက်ချောင်းသုံးချောင်းဖြင့်ညာသို့ရွှေ့ပါ။
emoji ရိုက်ထည့်ခြင်း၊ Emoji ခလုတ်ခုံသို့ပြောင်းရန်
သို့မဟုတ်
ကိုနှိပ်ပါ။ Emoji ခလုတ်ခုံအပေါ်ရှိ ရှာဖွေမှုကွက်လပ်ထဲတွင် “heart” သို့မဟုတ် “smiley face” ကဲ့သို့သော အသုံးများသော စာလုံးတစ်လုံးကို ရိုက်ထည့်ကာ ပေါ်လာသည့် emoji များကို ပွတ်ဆွဲ၍ emoji တစ်ခုကို ရှာဖွေနိုင်သည်။
စာရိုက်ရန် စာသားကိုနှုတ်တိုက်ချပေးခြင်း သို့မဟုတ် Magic Keyboard(သီးသန့်ရောင်းချသည်) ကိုလည်းအသုံးပြုနိုင်သည်။
ဖန်သားပြင်ပေါ်ရှိ စာရိုက်ခလုတ်ခုံကို မောက်စ်တစ်ခုအဖြစ်သို့ ပြောင်းနိုင်သည်
စာရိုက်ခလုတ်ခုံ မီးခိုးရောင်ဖျော့ဖျော့အရောင်ဖြစ်သွားသည်အထိ Space ဘားကို ထိ၍ထိန်းထားပါ။
စာရိုက်ခလုတ်ခုံနားတစ်ဝိုက်တွင် စာထည့်မည့်ညွှန်းတံကို ပွတ်ဆွဲယူပြီး ရွှေ့နိုင်သည်။
စာသားကိုရွေးချယ်ရန် ဒုတိယလက်ချောင်းနှင့် စာရိုက်ခလုတ်ခုံကို ထိပြီးထိန်းထားပါ၊ ထို့နောက် ထိုစာရိုက်ခလုတ်ခုံအနီးတွင် ပထမလက်ချောင်းကိုရွှေ့ခြင်းဖြင့် ထိုရွေးချယ်မှုကိုချိန်ညှိပါ။
စာရိုက်နေစဉ်တွင်အလေးပေးထားသည့်စာလုံးများ သို့မဟုတ် အခြားအက္ခရာများကို ရိုက်ထည့်ခြင်း
စာရိုက်နေစဉ်တွင် သင်အလိုရှိသည့်အက္ခရာနှင့်ဆက်စပ်သည့် စာရိုက်ခလုတ်ခုံရှိ စာလုံး၊ နံပါတ်၊ သို့မဟုတ် သင်္ကေတကိုထိ၍ထိန်းထားပါ။
ဥပမာ၊ é ကိုဖြည့်ရန်e ခလုတ်ကိုထိ၍ထိန်းထားပါ၊ ထို့နောက် မူကွဲတစ်ခုကို ရွေးချယ်ရန်ရွှေ့ပါ။

အောက်ပါတို့မှတစ်ခုခုကို လုပ်နိုင်သည်၊
Thai စာရိုက်ခလုတ်ခုံတစ်ခုတွင်၊ ဒေသသုံးနံပါတ်များရွေးချယ်ရန် သက်ဆိုင်ရာ အာရပ်သုံးဂဏန်းများကို ထိ၍ ထိန်းထားပါ။
တရုတ်၊ ဂျပန်၊ သို့မဟုတ် အာရပ်သုံး စာရိုက်ခလုတ်ခုံပေါ်တွင်၊ အကြံပြုထားသည့်အက္ခရာတစ်ခု သို့မဟုတ် သင့်တော်သည့်အဆိုပြုချက်တစ်ခုအား ရိုက်ထည့်ရန် စာရိုက်ခလုတ်ခုံထိပ်ရှိ ၎င်းတို့ကို နှိပ်ပါ သို့မဟုတ် အဆိုပြုချက်များ ပိုမိုမြင်ရစေရန် ဘယ်ဘက်သို့ရွှေ့ပါ။
မှတ်စု အဆိုပြုချက်စာရင်းအပြည့်ကို ကြည့်ရန် ညာဘက်ရှိအပေါ်မြားကိုနှိပ်ပါ။ စာရင်းတိုသို့ပြန်သွားရန် အောက်မြားကိုနှိပ်ပါ။
စာသားနေရာရွှေ့ပြောင်းခြင်း
စာသားပြင်ဆင်တည်းဖြတ်သည့် အက်ပ်တစ်ခုတွင် သင်နေရာရွှေ့လိုသည့် စာသားကိုရွေးချယ်ပါ။
ရွေးချယ်ထားသည့် စာသားကြွလာသည်ထိ ထိ၍ထိန်းထားပြီးနောက် ယင်းအက်ပ်တွင်းရှိ နောက်တည်နေရာသို့ ဖိဆွဲသွားပါ။
၎င်းစာသားကို မှတ်စုရှည်တစ်ခု၏ ထိပ် သို့မဟုတ် အောက်ဘက်သို့ ဖိဆွဲသွားလျှင် မှတ်စုရှည်သည် အလိုအလျောက်ရွေ့သွားမည်။
ထိုစာသားကိုရွှေ့ခြင်းနှင့်ပတ်သက်ပြီး သင်စိတ်ပြောင်းသွားလျှင် မရွှေ့ဆွဲခင် သင့်လက်ကို ကြွလိုက်ပါ၊ သို့မဟုတ် ၎င်းစာသားကို ဖန်သားပြင် ပြင်ပသို့ ဆွဲသွားပါ။
စာရိုက်သည့်ရွေးစရာနည်းလမ်းများကို သတ်မှတ်ခြင်း
iPhone တွင် စာရိုက်သည့်အခါ သင့်အားအကူအညီဖြစ်စေသည့် ခန့်မှန်းစာသားများနှင့် အလိုအလျောက်စာလုံးပေါင်းမှန်ပြင်ဆင်ချက်ကဲ့သို့သော စာရိုက်ခြင်းအထူးအစီအစဉ်များကို ဖွင့်နိုင်သည်။
ဖန်သားပြင်စာရိုက်ခလုတ်ခုံကိုသုံး၍ စာရိုက်နေစဉ်တွင်၊
သို့မဟုတ်
ကိုထိပြီးထိန်းထားပါ၊ ထို့နောက် Keyboard Settings ကိုနှိပ်ပါ။ Settings
> General > Keyboard သို့လည်းသွားနိုင်သည်။
စာရင်းထဲတွင် စာရိုက်ခြင်းအစီအစဥ်များ (All Keyboards အောက်ရှိ) ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။
လက်တစ်ဘက်ဖြင့် ရိုက်ခြင်း
လက်တစ်ဘက်ဖြင့်စာရိုက်ရ ပိုမိုလွယ်ကူစေရန် သင်၏လက်မနှင့် ပိုမိုနီးကပ်ရာသို့ ခလုတ်များကိုရွှေ့နိုင်သည်_iPhone SE (1st generation) မှလွဲ၍ iPhone အမျိုးအစားအားလုံးတွင် လုပ်ဆောင်နိုင်သည်။
သို့မဟုတ်
ကိုထိပြီးထိန်းထားပါ။
စာရိုက်ခလုတ်ခုံအပြင်အဆင်များမှ တစ်ခုကိုနှိပ်ပါ။ (ဥပမာ၊ ဖန်သားပြင်ညာဘက်သို့ခလုတ်ခုံကိုရွှေ့ရန်
ကိုရွေးပါ။)
စာရိုက်ခလုတ်ခုံကို နောက်တစ်ကြိမ်အလယ်ပြန်ချရန် ၎င်းစာရိုက်ခလုတ်ခုံ၏ညာဘက် သို့မဟုတ် ဘယ်ဘက်စွန်းသို့ နှိပ်ပါ။