iPhone ရှိ Health တွင် ကျန်းမာရေးမှတ်တမ်းများကို ဒေါင်းလုတ်လုပ်ခြင်း
Health အက်ပ် သည် ဓာတ်မတည့်မှုများ၊ ကိုယ်လက်ကြံ့ခိုင်မှုများ၊ သောက်သုံးနေသော ဆေးဝါးများ စသည်တို့နှင့် ပတ်သက်၍ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းမှ ပံ့ပိုးပေးထားသည့် သတင်းအချက်အလက်များကို ဝင်ရောက်ကြည့်ရှုခွင့်ပေးထားသည် (နိုင်ငံများသို့မဟုတ်ဒေသများအားလုံးတွင်မရနိုင်ပါ)။
မှတ်စု သင့်ကျန်းမာရေးအဖွဲ့အစည်းတွင် ဤလုပ်ဆောင်ချက်တွင် ပေါ်လာစေမည်မဟုတ်ပါ။ အဖွဲ့အစည်းများကို မကြာခဏထည့်သွင်းပါသည်။ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် iPhone နှင့် iPod touch ရှိ ကျန်းမာရေးမှတ်တမ်းများကို ထောက်ပံ့ပေးသည့်အဖွဲ့အစည်းများကို ကြည့်ပါ။

iPhone အား လျှို့ဝှက်ကုဒ်တစ်ခုနှင့် သော့ခတ်ထားသည့်အခါ Touch ID၊ သို့မဟုတ် Face ID ကိုနှိပ်ပါ၊၊သင့် Medical ID ထဲသို့ထပ်ပေါင်းထည့်ထားသည်မှလွဲ၍ Health အက်ပ်တွင်ရှိသည့် ကျန်းမာရေးအချက်အလက်မာျးအားလုံးကို ကုတ်အဖြစ်ပြောင်းသိမ်းပေးထားသည်။
အလိုအလျောက်ဒေါင်းလုတ်လုပ်ခြင်းကို စီမံလုပ်ဆောင်ထားခြင်း
ညာဘက်ထိပ်ရှိ သင့်ပရိုဖိုင်ဓာတ်ပုံ သို့မဟုတ် နာမည်အစများကို နှိပ်ပါ။
သင့်ပရိုဖိုင်ပုံ သို့မဟုတ် နာမည်အစများကို မတွေ့ပါက ဖန်သားပြင်အောက်ခြေရှိ Summary သို့မဟုတ် Browse ကိုနှိပ်၍ ဖန်သားပြင်ထိပ်ဆုံးသို့ ရွှေ့ဆွဲပါ။
Health Records ကိုနှိပ်၍ အောက်ပါအနက်တစ်ခုကို လုပ်ဆောင်ပါ၊
သင့်ပထမဆုံးဒေါင်းလုတ်ကို စတင်စီမံခြင်း၊ Get Started ကိုနှိပ်ပါ။
အခြားအကောင့်များအတွက် ဒေါင်းလုတ်ရယူရန်ပြင်ဆင်ခြင်း၊ Add account ကို နှိပ်ပါ။
သင်၏ကျန်းမာရေးမှတ်တမ်းများရရှိခဲ့သည့် ဆေးခန်း သို့မဟုတ် ဆေးရုံကဲ့သို့သော အဖွဲ့အစည်းတစ်ခု၏ အမည်ကို ရိုက်ထည့်ပါ။ သို့မဟုတ်ပါက အနီးအနားရှိ အဖွဲ့အစည်းများမှ စာရင်းတစ်ခုကို တွေ့ရှိရရန် သင်နေထိုင်ရာမြို့အမည် သို့မဟုတ် ပြည်နယ်အမည်ကို ရိုက်ထည့်ပါ။
ရှာဖွေမှုရလဒ်ကိုဖွင့်ရန် ၎င်းကိုနှိပ်ပါ။
သင့်၏လူနာဝက်ဘ်စာမျက်နှာအတွက် အကောင့်ဝင်ရောက်ရန် Available to Connect အောက်ရှိ Connect to Account ခလုတ်ကိုနှိပ်ပါ။
အဆိုပါအဖွဲ့အစည်း၏ လူနာဝက်ဘ်စာမျက်နှာအတွက် သင်သုံးလေ့ရှိသည့် သုံးစွဲသူ အမည်နှင့် လျှို့ဝှက်ကုဒ်ကို ရိုက်ထည့်ပါ။
သင်၏ကျန်းမာရေးမှတ်တမ်းများကိုကြည့်ခြင်း
Health Categories ဖန်သားပြင်ကို ပြသရန် ညာဘက်အောက်ရှိ Browse ကိုနှိပ်၍ အောက်ပါတစ်ခုခုကို လုပ်ဆောင်ပါ၊
ရှာဖွေမှုကွက်လပ်ကိုနှိပ်ပါ၊ ကျန်းမာရေးမှတ်တမ်းကဏ္ဍတစ်ခု၏အမည်(Clinical Vitals ကဲ့သို့) သို့မဟုတ် အချက်အလက်အမျိုးအစားတစ်ခု (Blood Pressure ကဲ့သို့)၏အမည်ကိုထည့်သွင်းပါ။
အောက်သို့ရွှေ့ဆင်းပြီး Health Records အောက်နားရှိ အမျိုးအစားကဏ္ဍတစ်ခု (Allergies သို့မဟုတ် Clinical Vitals) ကို နှိပ်ပါ။
အောက်သို့ရွှေ့ဆင်းပြီး သီးခြားအဖွဲ့အစည်းတစ်ခု၏အမည်ကို နှိပ်ပါ။
အသေးစိတ်အချက်အလက်များ ပိုမိုကြည့်ရှုနိုင်ရန် ကို မြင်ရသည့် မည်သည့်အပိုင်းတစ်ခုခုကို နှိပ်ပါ။

ကျန်းမာရေးမှတ်တမ်းများအတွက် အသိပေးချက်ချိန်ညှိမှုများကို စိတ်ကြိုက်စီမံခြင်း
Settings > Notifications > Health သို့သွားပါ၊ ထို့နောက်ရွေးချယ်ခွင့်များကိုရွေးချယ်ပါ။ iPhone တွင်အကြောင်းကြားချက်များကိုကြည့်ခြင်းနှင့်တုံ့ပြန်ခြင်း ကိုကြည့်ပါ။
iPhone ထဲမှ အဖွဲ့အစည်းတစ်ခုနှင့် ၎င်း၏မှတ်တမ်းများအား ဖျက်ခြင်း
ညာဘက်ထိပ်ရှိ သင့်ပရိုဖိုင်ဓာတ်ပုံ သို့မဟုတ် နာမည်အစများကို နှိပ်ပါ၊ ထို့နောက် Health Records ကိုနှိပ်ပါ။
သင့်ပရိုဖိုင်ပုံ သို့မဟုတ် နာမည်အစများကို မတွေ့ပါက ဖန်သားပြင်အောက်ခြေရှိ Summary သို့မဟုတ် Browse ကိုနှိပ်၍ စာမျက်နှာထိပ်ဆုံးသို့ ရွှေ့ဆွဲပါ။
အဖွဲ့အစည်းတစ်ခု၏အမည်ကို နှိပ်၍ Remove Account ကိုနှိပ်ပါ။
အခြားအက်ပ်များနှင့်အတူ သင်၏မှတ်တမ်းများကိုမျှဝေခြင်း
သင့်ကျန်းမာရေးမှတ်တမ်းများကို ဝင်ရောက်ခွင့်ပေးရန် တစ်ဆင့်ခံအက်ပ်စ်များက တောင်းခံနိုင်သည်။ ဝင်ရောက်ခွင့်မပေးခင် သင့်အနေဖြင့် ၎င်းအက်ပ်သည် သင့်မှတ်တမ်းများအတွက် ယုံကြည်စိတ်ချရသည်ကို သေချာစွာအရင်ပြုလုပ်ရမည်။
ဝင်ရောက်ခွင့်ပြုပေးရန်အတွက် ဓာတ်မတည့်မှုများ၊ ဆေးဝါးများ၊ သို့မဟုတ် ကာကွယ်ဆေးထိုးမှုများ ကဲ့သို့သော သင်မျှဝေလိုသည့် အမျိုးအစားရွေးချယ်ဖြေကြားပေးပါ။
ထိုသို့ဝင်ရောက်ခွင့်ပြုရာတွင် သင့်လက်ရှိနှင့်အနာဂတ်ကျန်းမာရေးမှတ်တမ်းများ ကိုသော်လည်းကောင်း၊ သင့်လက်ရှိမှတ်တမ်းတစ်ခုကိုသော်လည်းကောင်း ခွင့်ပြုပေးရန် ရွေးချယ်ပါ။
သင့်လက်ရှိမှတ်တမ်းများကိုသာ မျှဝေဖို့သင်ရွေးချယ်လျှင် သင့် iPhone သို့ မှတ်တမ်းအသစ်များ ဒေါင်းလုတ်လုပ်သည့်အခါတိုင်း ဝင်ရောက်ခွင့်ပေးမပေးအား သင့်ကို မေးသွားမည်ဖြစ်သည်။
ကျန်းမာရေးမှတ်တမ်းများကို အဆိုပါအက်ပ်နှင့်မျှဝေခြင်း ရပ်တန့်ရန် Health မှ အချက်အလက်များ ဖတ်ရှုရန် ခွင့်ပြုချက်ကို ပိတ်ပါ။