iPhone ရှိ Apple Books ထဲတွင် စာအုပ်များနှင့် အသံထွက်စာအုပ်များကို ရှာဖွေဝယ်ယူပါ
Books အက်ပ် တွင် ယနေ့အရောင်းရဆုံးစာအုပ်များကိုတွေ့ရပြီး အကောင်းဆုံးစာအုပ်စာရင်းများကိုကြည့်နိုင်မည့်အပြင် Apple Books အယ်ဒီတာများ၏ လက်ရွေးစင်စာအုပ်စာရင်းများကို လှန်လှောကြည့်နိုင်သည်။ စာအုပ်တစ်အုပ် သို့မဟုတ် အသံသွင်းစာအုပ်တစ်အုပ်ကို ရွေးချယ်ပြီးလျှင် ထိုအက်ပ်ထဲမှာပင် ဖတ်ရှုနိုင်သလို နားထောင်နိုင်သည်။
Books ကိုဖွင့်ပါ၊ ထို့နောက် ခေါင်းစဉ်များကိုအကြမ်းဖျင်းကြည့်ရန် Book Store သို့မဟုတ် Audiobooks ကိုနှိပ်ပါ၊ သို့မဟုတ် ခေါင်းစဉ်အတိအကျ ရှာရန် သို့မဟုတ် စာရေးဆရာကိုရှာရန်အတွက် Search ကို နှိပ်ပါ။
ပိုပြီးအသေးစိတ်ကြည့်ရန်၊ နမူနာဖတ်ရန် သို့မဟုတ် အမြည်းနားထောင်ရန်၊ သို့မဟုတ် သင်၏ Want to Read အဖြစ် သတ်မှတ်ရန် စာအုပ်အဖုံးကိုနှိပ်ပါ။
စာအုပ်ကိုဝယ်ယူရန် Buy ကိုနှိပ်ပါ၊ သို့မဟုတ် အခမဲ့ဖတ်နိုင်သောစာအုပ်ကိုဒေါင်းလုတ် လုပ်ရန် Get ကိုနှိပ်ပါ။
ဝယ်ယူမှုအားလုံးကိုသင်၏ Apple IDနှင့်ချိတ်ဆက်ထားသောပေးချေမှုစနစ်ဖြင့်ပြုလုပ်ထားသည်။
မှတ်စု Wi-Fi နှင့် မချိတ်ဆက်ထားသည့်အချိန်တွင် cellular အင်တာနက်ကို အသုံးပြု၍ စာအုပ်များနှင့် အသံသွင်းစာအုပ်များကို အလိုအလျောက်ဒေါင်းလုတ်လုပ်စေနိုင်သည်။ Settings > Books သို့သွား၍ Cellular Data ရောက်တဲ့ထိ ဆွဲချကာ Downloads ကိုနှိပ်ပြီးနောက် Always Allow ကိုနှိပ်ပါ။