iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေခြင်း
Photos အက်ပ် မှ ဓာတ်ပုံများနှင့် ဗီဒီယိုများကို Mail သို့မဟုတ် Messages သို့မဟုတ် သင်ထည့်သွင်းထားသည့် အခြားအက်ပ်စ်များသို့ မျှဝေနိုင်သည်။ Photos သည် ပွဲတော်တစ်ခုမှ သင့်အကောင်းဆုံးဓာတ်ပုံများကို ရွေးချယ်ပေးခြင်းအပြင် သင်မျှဝေနိုင်ခြေရှိသော လူများကိုပါ အကြံပေးပါသည်။
ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေခြင်း
ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို မျှဝေရန်၊ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို ဖွင့်ပါ၊
ကိုနှိပ်ကာ ၎င်းကိုသင်မျှဝေလိုသော နည်းလမ်းကို ရွေးချယ်ပါ။
ဓာတ်ပုံအမြောက်အမြား သို့မဟုတ် ဗီဒီယိုအမြောက်အမြားကို မျှဝေရန်၊ အယ်လ်ဘမ်တစ်ခုထဲရှိ သို့မဟုတ် သင့် စုစည်းမှုထဲရှိ All Photos စာမျက်နှာရှိ ဓာတ်ပုံများကို ကြည့်နေစဉ်တွင် Select ကိုနှိပ်ပါ၊ ထို့နောက် သင်မျှဝေလိုသည့်ဓာတ်ပုံများကိုနှိပ်ပါ။
ကိုနှိပ်ပါ၊ ထို့နောက် မျှဝေသည့်ရွေးစရာတစ်ခုကိုရွေးချယ်ပါ။
တစ်ရက် သို့မဟုတ် တစ်လမှ ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကို မျှဝေရန်၊ သင့်စုစည်းမှုကို ကြည့်နေစဥ် Days သို့မဟုတ် Months စာမျက်နှာကို နှိပ်ပါ၊
ကိုနှိပ်ပါ၊ ထို့နောက် ထိုနေ့ သို့မဟုတ် ထိုလ မှ ဓာတ်ပုံများအားလုံးကိုမျှဝေရန် Share ကိုနှိပ်ပါ။
iCloud Photos ကိုဖွင့်ထားသည့်အခါ အရည်အသွေးကောင်းမွန်သည့်တစ်ပုံထက်ပိုသောဓာတ်ပုံများကို iCloud လင့်ခ်ဖြင့် မျှဝေနိုင်သည်။ ရက် ၃၀ သက်တမ်းရှိသည့် iCloud လင့်ခ်များကို မည်သူမဆိုကြည့်ရှုနိုင်ပြီး ၎င်းတို့ကို Messages သို့မဟုတ် Mail ကဲ့သို့သော မည်သည့်အက်ပ်ကိုမဆိုအသုံးပြုကာ မျှဝေနိုင်သည်။

သင်ရွေးထားသည့် လူများနှင့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေရန်အတွက် Shared Albums ကို အသုံးပြုနိုင်သည်။ iPhone ဓာတ်ပုံများကို iCloud ရှိ Shared Albums နှင့်မျှဝေခြင်း ကိုကြည့်ပါ။
မှတ်စု တွဲဆက်ဖိုင်ပမာဏသည် သင့်ကိုဝန်ဆောင်မှုပေးသည့်ကုမ္ပဏီမှ ဆုံးဖြတ်ပေးမည်။ Live Photos ထောက်ပံ့မှုမရရှိသော စက်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများတွင် Live Photo သည် ရုပ်သေဓာတ်ပုံအဖြစ်သာ မျှဝေနိုင်သည်။
Sharing Suggestions နှင့် ဓာတ်ပုံများကိုမျှဝေခြင်း
သင်မျှဝေရန်ဆန္ဒရှိသည့် ပွဲတော်တစ်ခုမှ ဓာတ်ပုံများနှင့် ဓာတ်ပုံများတွင်ပါဝင်သော လူများအားမူတည်၍ သင်မျှဝေလိုသည့်လူများကို Sharing Suggestions အကြံပေးသည်။ သင့်ဓာတ်ပုံများကို မျှဝေပြီးနောက် လက်ခံသူများကိုလည်း သင်ပါဝင်သော ပွဲတော်မှ သူတို့ဓာတ်ပုံများကို မျှဝေရန်နှိုးဆော်ပေးသည်။ Sharing Suggestions သည် မျှဝေရန်ဖွင့်ထားသော iCloud Photos ကိုလိုအပ်သော်လည်း သင်မျှဝေသောဓာတ်ပုံများကို မည်သူမဆိုကြည့်ရှုနိုင်သည်။

For You စာမျက်နှာကိုနှိပ်ပြီးနောက် Sharing Suggestions ရှိ ဓာတ်ပုံစုပေါင်းသိမ်းဆည်းမှုတစ်ခုအား နှိပ်ပါ။
ဓာတ်ပုံများဖြည့်ထည့်ရန် သို့မဟုတ် ဖယ်ရှားရန် Select ကိုနှိပ်ပြီးနောက် Next ကိုနှိပ်ပါ။
အဆိုပါ ပွဲတော်တွင်အတူရှိနေခဲ့သော လူများနှင့် သင်ရိုက်ကူးထားသော ဓာတ်ပုံများကို မျှဝေရန် Photos ကအကြံပေးသည်။ ၎င်းထဲမှ မျှဝေမည့်သူကို ရွေးချယ်နိုင်သလို အခြားလူများကိုလည်း ဖြည့်ထည့်နိုင်သည်။
Messages တွင် Share ကိုနှိပ်ပါ။
ထပ်မံ၍သူငယ်ချင်းများထံသို့ လင့်ပို့ပေးရန် သို့မဟုတ် လင့်ကိုမျှဝေခြင်းကိုရပ်တန့်ရန် ရွေးချယ်ထားသည့် အဆိုပါဓာတ်ပုံသိမ်းဆည်းမှုအားနှိပ်ပါ။ ထို့နောက်
ကိုနှိပ်ပြီးနောက် Copy iCloud Link သို့မဟုတ် Stop Sharing ကိုရွေးချယ်ပါ။
Sharing Suggestions မှ ဓာတ်ပုံစုဆောင်းမှုတစ်ခုကို ဖယ်ရှားရန်
ကိုနှိပ်ပြီးနောက် Remove Sharing Suggestion ကိုနှိပ်ပါ။
အကူအညီပိုပြီးလိုအပ်ပါသလား။ Apple အထောက်အကူပြုဆောင်းပါးမှ Photos တွင်ရှိသော Sharing Suggestionsကို အသုံးပြုခြင်း ကိုကြည့်ပါ။
သင်ရရှိထားသော ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို သိမ်းဆည်းခြင်း
အီးမေးလ်မှ၊ လိုအပ်လျှင်၎င်းအချက်အလက်ကို ဒေါင်းလုတ်လုပ်ရန်နှိပ်ပါ၊ ထို့နောက်
ကိုနှိပ်ပါ။ သို့မဟုတ် ၎င်းအချက်အလက်ကို ထိ၍ထိန်းထားကာ မျှဝေခြင်း သို့မဟုတ် သိမ်းဆည်းခြင်း တို့ကိုရွေးချယ်ပါ။
စာသားမက်ဆေ့ချ်တစ်ခုမှ၊ အပြန်အလှန်စာပို့မှုထဲမှ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို နှိပ်ပါ၊
ကိုနှိပ်၍ မျှဝေခြင်း သို့မဟုတ် သိမ်းဆည်းခြင်း တို့ကိုရွေးချယ်ပါ။
iCloud လင့်ခ်တစ်ခုမှ၊ စုဆောင်းထားမှုကိုကြည့်ရန် iCloud လင့်ခ်ကို နှိပ်ပါ။ ထိုလင့်ခ်ဖြင့် မျှဝေထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို သင့်စုစည်းမှုထဲတွင် သိမ်းဆည်းပေးထားပြီး For You စာမျက်နှာထဲတွင် စုဆောင်းမှုတစ်ခုအဖြစ် ထားရှိသည်။ ထိုစုဆောင်းမှုကို မျှဝေရန်
ကို နှိပ်ပါ၊ ထို့နောက် Share ကို နှိပ်ပါ။