iPhone ရှိ Mail တွင်အီးမေးလ်ပို့ခြင်း
Mail အက်ပ်တွင် သင့် အီးမေးလ်အကောင့်များအားလုံးမှ အီးမေးလ် ရေးခြင်း၊ ပို့ခြင်းနှင့် အချိန်ဇယားဆွဲခြင်းများ ပြုလုပ်နိုင်သည်။

အီးမေးလ်မက်ဆေ့ချ်တစ်စောင် ရေးခြင်း
ကိုနှိပ်ပါ။
Email ထဲကိုနှိပ်ပါ၊ ထို့နောက်သင်၏မက်ဆေ့ချ်ကိုစာရိုက်ပါ။
စီစဉ်ဖွဲ့စည်းမှုပုံစံကိုပြောင်းရန် စာရိုက်ခလုတ်ခုံအပေါ်ရှိ
ကိုနှိပ်ပါ၊ ပြီးလျှင်
ကိုနှိပ်ပါ။
ဖောင့်ပုံစံနှင့် စာသားအရောင်ပြောင်းလဲခြင်း၊ စာလုံးမည်း သို့မဟုတ် စာလုံးအစောင်းသုံးခြင်း၊ အစက်ချပုံစံ သို့မဟုတ် နံပါတ်တပ်စာရင်းပုံစံထည့်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
သင်၏အီးမေးလ်ကို ပေးပို့ရန်
ကိုနှိပ်ပါ။
အကြံပြုချက် သင် စာစီနေစဉ် အီးမေးလ်များသို့ စတစ်ကာများ ဖန်တီး၍ ထည့်သွင်းနိုင်သည်။ iPhone စာရိုက်ခလုတ်ခုံဖြင့် အီမိုဂျီနှင့် စတစ်ကာများ ထည့်ခြင်း ကိုကြည့်ပါ။
လိပ်မူမည့်သူများကို ထည့်သွင်းခြင်း
To ကွက်လပ်ကိုနှိပ်ကာ လက်ခံမည့်သူများ၏အမည်ကို ရိုက်ထည့်ပါ။
စာရိုက်နေစဉ် သင့် Contacts မှလူများကို Mail က အလိုအလျောက် အကြံပြုပေးသည်။
Contacts ကိုဖွင့်ရန်
ကိုနှိပ်နိုင်ပြီး ထိုမှတစ်ဆင့် လိပ်မူမည့်သူများဖြည့်သွင်းနိုင်သည်။
အခြားသူများထံ သင်မိတ္တူတစ်စောင်ကိုပေးပို့လိုပါက Cc/Bcc ကွက်လပ်ကိုနှိပ်၍ အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်ပါ၊
Cc ကွပ်လပ်ကိုနှိပ်၍ သင်မိတ္တူပေးပို့ထားသည့်သူများ၏အမည်များကို ထည့်သွင်းပါ။
Bcc ကွက်လပ်ကိုနှိပ်၍ အခြားလက်ခံမည့်သူများ မမြင်စေလိုသည့်အမည်များကို ထည့်သွင်းပါ။
အကြံပြုချက် လက်ခံသူများထည့်သွင်းရန် လိပ်စာနေရာများတွင် ၎င်းတို့အမည်များပြန်စီပါ သို့မဟုတ် လိပ်စာတစ်ခုမှတစ်ခုသို့ ဆွဲယူပါ - ဥပမာ ၎င်းတို့အမည်များကို မပေါ်စေလိုကြောင်း သင်ဆုံးဖြတ်လိုက်လျှင် Bcc နေရာတွင် ထည့်ပါ။
အီးမေးလ်တစ်ခုသို့ hyperlink ထည့်ခြင်း
Safari
သို့မဟုတ် အခြားဝက်ဘ်ရှာဖွေမှုဆိုက်တွင် ဝက်ဘ်စာမျက်နှာတစ်ခု၏ URL ကို ကူးယူပါ။
Mail
အတွင်း မက်ဆေ့တစ်စောင်ကို သင်စာစီနေစဉ် ချိတ်ဆက်လိုသည့် စာသားကို အသားပေးဖော်ပြပါ။
Paste ကိုနှိပ်ပါ။
အီးမေးလ်မူကြမ်းတစ်ခုအတွင်း လင့်ကို တည်းဖြတ်ခြင်း
လင့်တစ်ခု သို့မဟုတ် လင့်ထည့်သွင်းထားသော စာသားကို နှိပ်၍ ကိုနှိပ်ပါ။
အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊
Link Preview ကိုပြခြင်း၊ hyperlink ထည့်သွင်းထားသော စာသားကို ထည့်သွင်းထားသည့်ဝက်ဘ်ဆိုက်အကြိုပြရုပ်ပုံတစ်ခု အဖြစ် ပြောင်းလဲခြင်း။
Link ကိုဖွင့်ခြင်း၊ ဝက်ဘ်ရှာဖွေမှုဆိုက်တစ်ခုအတွင်း ထိုဝက်ဘ်ဆိုက်သို့ သွားပါ။
Link ကိုတည်းဖြတ်ခြင်း၊ လင့်၏ URL ကိုပြောင်းလဲပါ။
Link ကိုဖယ်ရှားခြင်း၊ လင့်ကို သင့်အီးမေးလ်မူကြမ်းမှ ဖျက်ပါ။
Text Description တည်းဖြတ်ခြင်း၊ လင့်ထည့်သွင်းထားသည့် စာသားကို ပြောင်းလဲပါ။
အီးမေးလ်လိပ်စာတစ်ခုကို ထည့်သွင်းရန် ကင်မရာကိုအသုံးပြုခြင်း
လုပ်ငန်းလိပ်စာကတ်၊ ပိုစတာပေါ်ရှိ ပုံနှိပ်ထားသော အီးမေးလ်လိပ်စာတစ်ခုကို စကင်ဖတ်ရန် iPhone ရှိ Mail အက်ပ်မှတစ်ဆင့် Live Text ကိုအသုံးပြုနိုင်သည်။ ၎င်းသည် အီးမေးလ်လိပ်စာကို ကိုယ်တိုင်ရိုက်ထည့်စရာမလိုဘဲ အီးမေးလ်များကို မြန်ဆန်စွာစတင်နိုင်သည်။
Camera အက်ပ်
ကိုဖွင့်၍ ကင်မရာအတွင်းအီးမေးလ်လိပ်စာကို ပေါ်လာစေရန် iPhone ကိုနေရာချပါ။
အီးမေးလ်လိပ်စာကို နှိပ်ပါ၊ ကင်မရာနယ်ပယ်၏ ညာဘက်အောက်ထောင့်ရှိ
ကိုနှိပ်ပါ။
အီးမေးလ်တစ်ခုကို ကင်မရာနယ်ပယ်၏ ဘယ်ဘက်အောက်နားရှိ မူကြမ်းသိမ်းရန် အီးမေးလ်လိပ်စာကို နှိပ်ပါ။
အကြံပြုချက် ဓာတ်ပုံတစ်ပုံမှ အီးမေးလ်လိပ်စာကိုလည်း ရိုက်ယူနိုင်သည်။ iPhoneတွင် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုရှိ အကြောင်းအရာများနှင့် အပြန်အလှန်တုံ့ပြန်ရန် Live Textကို အသုံးပြုခြင်း ကိုကြည့်ပါ။
Send later ဖြင့် အီးမေးလ်တစ်ခုကို အချိန်ဇယားဆွဲပါ။
ကိုထိပြီးထိန်းထားပါ၊ သင်အီးမေးလ်ပို့ချင်သည့်အချိန်ကို ရွေးချယ်ပါ။
ပိုမိုရွေးချယ်စရာများကိုကြည့်ရန် Send Later ကိုနှိပ်ပါ။
မတူညီသော အကောင့်တစ်ခုမှ အီးမေးလ်တစ်စောင်ပို့ခြင်း
သင့်တွင် အီးမေးလ်အကောင့်တစ်ခုထက်ပို၍ရှိနေလျှင် အီးမေးလ်ပေးပို့မည့်အကောင့်ကို သီးခြားဖော်ပြနိုင်သည်။
သင်၏ အီးမေးလ်စာကြမ်းတွင် Cc/Bcc၊ From ကွက်လပ်ကို နှိပ်ပါ။
From ကွက်လပ်ကိုနှိပ်ပြီး အကောင့်တစ်ခုရွေးချယ်ပါ။