သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် အဆက်အသွယ်မပြတ်နေထိုင်ခြင်း
သင့်အတွက် အရေးပါသူများနှင့် ဆက်သွယ်ချိတ်ဆက်ရာတွင် လွယ်ကူစေရန် iPhone မှ ပြုလုပ်ပေးပါသည်—ထို့ကြောင့် ဖုန်း သို့မဟုတ် ဗွီဒီယိုဖုန်းခေါ်ဆိုမှု နှင့် သင့်သူငယ်ချင်းအုပ်စုကို လျင်မြန်စွာစာပို့ခြင်းဖြင့် စကားလက်ဆုံကျနိုင်သည်။

အီလက်ထရွန်နစ်လိပ်စာ စာအုပ်တစ်အုပ်
Contacts အက်ပ်တွင် ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ၊ မွေးနေ့များ အစရှိသည်တို့ကို တစ်ကြိမ်ဖြည့်၍—Messages မှ FaceTime မှ Mail အထိ သင်လိုအပ်သည့်နေရာတိုင်းတွင် ၎င်းတို့ရှိမည်ဖြစ်သည်။ အခြားအကောင့်မှ အဆက်အသွယ်အချက်အလက်ကိုလည်း ထည့်နိုင်သည် (Google သို့မဟုတ် Yahoo ကဲ့သို့)။
Settings > Contacts > Accounts သို့သွားကာ Add Account ကိုနှိပ်ပါ။.

သင့်စိတ်ကြိုက်များကိုရွေးချယ်ခြင်း
အချက်အလက်များအား လွယ်ကူစွာလက်လှမ်းမီစေရန် Phone အက်ပ်ရှိ သင့် Favorites စာရင်းသို့ သင်မကြာခဏပြောသည့် လူများကိုထည့်ပါ။
Phone အက်ပ်တွင် Favorites ကိုနှိပ်ပါ၊ ကိုနှိပ်ပါ၊ ထို့နောက် အဆက်အသွယ်တစ်ခုကိုရွေးချယ်ပါ။ Favorite တစ်ခုခေါ်ဆိုရန် ၎င်းတို့၏အမည်ကိုသာနှိပ်လိုက်ပါ။

အဖွဲ့လိုက်စကားပြောဆိုမှုတစ်ခုကို စတင်ခြင်း
သင့်မိသားစုဝင်များကဲ့သို့ သင်တစ်ပြိုင်နက်တည်းပြောလိုသည့်လူအုပ်စုတစ်စုသို့ မက်ဆေ့ချ်များပို့နိုင်သည်။
Messages အက်ပ် တွင်
ကိုနှိပ်ပါ၊ သင်မက်ဆေ့ချ်တစ်စောင်ပို့လိုသည့် လူများ၏အမည်များကို ရိုက်ပါ၊ ထို့နောက် ပထမဆုံးမက်ဆေ့ချ်ကို ပို့ပါ။

ဗီဒီယိုဖုန်းခေါ်ဆိုခြင်း
သင့်သူငယ်ချင်းများနှင့် မိသားစုများနှင့် ဗီဒီယိုဖုန်းခေါ်ဆိုမှုများပြုလုပ်ရန် FaceTime ကိုသုံးနိုင်သည်။
FaceTime အက်ပ် တွင် ဖန်သားပြင်ထိပ်အနီးရှိ New FaceTime ကိုနှိပ်ပါ၊ သင်ဖုန်းခေါ်လိုသည့် လူအမည်ကိုရိုက်ပါ၊ ထို့နောက်
ကိုနှိပ်ပါ။ ဖုန်းခေါ်ဆိုနေစဉ် FaceTime ထိန်းချုပ်မှုများကိုပြရန် ထိုဖန်သားပြင်ကိုနှိပ်နိုင်သည် (ဥပမာ၊ သင်ကိုယ်တိုင်အသံတိတ်လိုသည့်အခါ)။

FaceTime ခေါ်ဆိုမှုသို့ လူများကိုထည့်ခြင်း
FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုသို့ လူများထပ်ထည့်နိုင်ကာ—သူငယ်ချင်းများနှင့်မိသားစုဝင်တို့ အချိန်မရွေးပါဝင်နိုင်သည်။ ထိန်းချုပ်မှုများကိုပြသရန် ထိုဖန်သားပြင်ကိုနှိပ်ပါ ကိုနှိပ်ပါ၊ ထို့နောက် Add People ကိုနှိပ်ပါ။
ပိုမိုလေ့လာလိုပါသလား။