iPhone တွင် သင့်ကိုယ်ပိုင်အသံကိုဖမ်းယူခြင်း
သင်သည်စကားမပြောနိုင်သောသူဖြစ်လျှင် သို့မဟုတ် စကားပြောရန်အခက်အခဲရှိသည့်အခါတွင် Live Speech နှင့်အသုံးပြုရန် iPhone တွင် ကိုယ်ပိုင်ပြုလုပ်ထားသော အသံတစ်ခုကိုဖန်တီးနိုင်ပါသည်။ ကိုယ်ပိုင်အသံကိုအသုံးပြုပြီး သင့်အသံနှင့်တူညီသည့် အသံတစ်ခုကိုဖန်တီးကာ FaceTime၊ ဖုန်းခေါ်ဆိုမှုနှင့်၊ ပြောဆိုဆက်သွယ်ရေး အထောက်အကူအက်ပ်များတွင်စကားပြောရန် စာရိုက်နိုင်ပါသည်။ (ရွေးချယ်စရာဘာသားစကားများတွင် အသုံးပြုနိုင်ပါသည်။)
Settings
> Accessibility > Personal Voice ကိုသွားပါ။
Create a Personal Voice ကိုနှိပ်ပါ၊ ထို့နောက် ပေါ်လာသောအစဥ်အတိုင်းဆောင်ရွက်ပါ။
(သင့်အသံသွင်းခြင်းကို ခဏရပ်နားရန်လိုပါက Done ကိုနှိပ်ပါ။ ပြန်စရန်၊ Continue Recording ကိုနှိပ်ပါ။)
မှတ်စု သင့်ကိုယ်ပိုင်အသံကိုဖန်တီးရန် ရွေးချယ်စရာကိုကြည့်ရန် ပထမဆုံးအနေနှင့် လျှို့ဝှက်ကုဒ်နံပါတ်တစ်ခုကို သတ်မှတ်ရမည်။
ဖုန်းနှင့် FaceTime ခေါ်ဆိုမှုများ၊ လူချင်းစကားဝိုင်းများနှင့်၊ ကြားခံအစားထိုးပြောဆိုဆက်သွယ်ရေး (AAC) အက်ပ်များတွင်အသုံးပြုရန် သင့်ကိုယ်ပိုင်အသံကို iPhone ပေါ်တွင်လုံခြုံစွာသိမ်းဆည်းထားမည်ဖြစ်သည်။
အရေးကြီးသော သင့်ကိုယ်ပိုင်အသံကဲ့သို့ကြားရသော iPhone ပေါ်တွင်ဖန်တီးထားသည့် သင့်ကိုယ်ပိုင်အသံကို သင်၏စီးပွားဖြစ်မဟုတ်သော ကိုယ်ရေးကိုယ်တာကိစ္စများတွင်သာ အသုံးပြုခွင့်ရှိမည်ဖြစ်သည်။ (သင့် ဆက်ခံပိုင်ခွင့်ရှိသူ အဆက်အသွယ်သည် သင်၏ကိုယ်ပိုင်အသံကို ဝင်ရောက်အသုံးပြုနိုင်မည်မဟုတ်ပါ။) Apple အထောက်အကူပြုဆောင်းပါး ကိုယ်ပိုင်အသံတစ်ခုဖန်တီးပုံ တွင်ကြည့်ပါ။