Finder သို့မဟုတ် iTunes ဖြင့်သင်၏ iPhone နှင့် ကွန်ပျူတာကြား ဖိုင်များကိုအရွှေ့အပြောင်းပြုလုပ်ခြင်း သို့မဟုတ် အကြောင်းအရာများကို ချိန်ကိုက်ခြင်း
အောက်ပါတို့ကို လုပ်ရန် သင့် iPhone ကို ကွန်ပျူတာနှင့် ချိတ်ဆက်နိုင်သည်၊
ဖိုင်မျှဝေခြင်းကို အထောက်အကူပြုပေးသည့် iPhone အက်ပ်များမှ အသုံးပြုသည့် ဖိုင်များကို ပြောင်းရွှေ့ခြင်း။
ရုပ်ရှင်များနှင့် အင်တာနက်အသံဖိုင်များကဲ့သို့ အထောက်အကူပြုအကြောင်းအရာများကို ချိန်ကိုက်ခြင်း။
သင့်ကွန်ပျူတာပေါ် မူတည်၍ Finder သို့မဟုတ် iTunes ကို အသုံးပြုပြီး ဖိုင်များကိုအရွှေ့အပြောင်းပြုလုပ်ခြင်း သို့မဟုတ် အကြောင်းအရာများကို ချိန်ကိုက်ခြင်းများ ပြုလုပ်နိုင်သည်။
အထောက်အပံ့ပေးထားသည့် အက်ပ်များအတွက် ဖိုင်များရွှေ့ပြောင်းခြင်း
Finder သို့မဟုတ် iTunes ကိုအသုံးပြု၍ ဖိုင်များကို စက်ပစ္စည်းတစ်ခုမှ အခြားတစ်ခုထဲသို့ ကူးယူပြီး ဖိုင်များကို ရွှေ့ပြောင်းနိုင်ပါသည်။ ဖိုင်မျှဝေခြင်းကို အထောက်အပံ့ပေးသော iPhone အက်ပ်များမှသာ ဖိုင်များကို ရွှေ့ပြောင်းနိုင်မည်ဖြစ်သည်။
သင်၏ Mac ဖြင့် ဖိုင်များကို ရွှေ့ပြောင်းခြင်း (macOS 10.15 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများ)၊ Apple အထောက်အကူပြုဆောင်းပါး Finder ကိုအသုံးပြု၍ သင်၏ Mac နှင့် သင်၏ iPhone ကြားတွင် ဖိုင်များမျှဝေခြင်းကိုကြည့်ပါ။
သင်၏ PC သို့မဟုတ် Mac ဖြင့် ဖိုင်များကို ရွှေ့ပြောင်းခြင်း (macOS 10.14 သို့မဟုတ် အစောပိုင်းထွက်များ)၊ Apple အထောက်အကူပြုဆောင်းပါး iTunes ကိုအသုံးပြု၍ သင်၏ ကျွန်ပျူတာ နှင့် သင်၏ iOS သို့မဟုတ် iPadOS ကိရိယာကြားတွင် ဖိုင်များမျှဝေခြင်းကိုကြည့်ပါ။
ချိန်ကိုက်မှုပြုလုပ်နိုင်သော အကြောင်းအရာများ
Finder သို့မဟုတ် iTunes နှင့် ချိန်ကိုက်ခြင်းသည် အထောက်အကူပြုထားသော အကြောင်းအရာကို သင့် iPhone နှင့် ကွန်ပျူတာကြားတွင် အချိန်နှင့်တစ်ပြေးညီရှိနေစေမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ သင်၏ iPhone တွင် ရုပ်ရှင်တစ်ကားကို ထည့်သောအခါ ချိန်ကိုက်မှုလုပ်နိုင်ပါသည်၊ သို့မှသာ သင်၏ကွန်ပျူတာပေါ်တွင်လည်း ရုပ်ရှင် ပေါ်လာပါမည်။ သင်၏ စက်ပစ္စည်းများကြားတွင် ကြိုးတစ်ချောင်းဖြင့် ချိန်ကိုက်ခြင်း စီမံပြီးပါက တူညီသော Wi-Fi ကွန်ရက်တွင် ၎င်းတို့ ချိတ်ဆက်သည့်အခါတိုင်း ကြိုးမဲ့နှင့် အလိုအလျောက် ချိန်ကိုက်ခြင်း ပြုလုပ်ရန် သတ်မှတ်နိုင်ပါသည်။
ဂီတ၊ ရုပ်ရှင်များ၊ တီဗီရှိုးများ၊ အင်တာနက်အသံဖိုင်များ၊ ဓာတ်ပုံများ၊ အဆက်အသွယ်များနှင့် ပြက္ခဒိန်များကဲ့သို့ အကြောင်းအရာများကိုလည်း ချိန်ကိုက်နိုင်ပါသည်။
သင်၏ Mac ဖြင့် အကြောင်းအရာများကို ချိန်ကိုက်ခြင်း (macOS 10.15 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများ)၊ macOS သုံးဆွဲသူလမ်းညွှန်ထဲတွင်ပါဝင်သည့် သင်၏ Mac နှင် iPhone သို့မဟုတ် iPad တိုကြား တစ်ပြိုင်နက်ချိန်ကိုက်ခြင်းအကြောင်းအရာကိုကြည့်ပါ။
သင်၏ PC သို့မဟုတ် Mac ဖြင့် အကြောင်းအရာများကို ချိန်ကိုက်ခြင်း (macOS 10.14 သို့မဟုတ် အစောပိုင်းထွက်များ)၊ Apple အထောက်အကူပြုဆောင်းပါးရှိ iTunes ကို အသုံးပြု၍ သင်၏ iPhone သို့မဟုတ် iPad ကို သင့်ကွန်ပျူတာနှင့်ချိန်ကိုက်ခြင်း ကိုကြည့်ပါ။
iPhone နှင့် ကွန်ပျူတာကြားတွင် သင်မျှဝေလိုသောဖိုင်များသည် Finder သို့မဟုတ် iTunes ဖြင့် ချိန်ကိုက်ခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်းကို အထောက်အပံ့မပေးပါက အခြားရွေးချယ်စရာများအတွက် သင်၏ iPhone နှင့် သင်၏ ကွန်ပျူတာကြားဖိုင်များအရွှေ့အပြောင်းပြုလုပ်ခြင်း ကိုကြည့်ပါ။