iPhone တွင်တိုက်ရိုက်စကားပြောခြင်းကို အသုံးပြုပြီး စကားပြောရန်စာရိုက်ပါ
iPhone တွင် Live Speech ကို အသုံးပြုပြီး၊ လူတွေ့ဖြစ်စေ၊ ဖုန်းနှင့် FaceTime ခေါ်ဆိုမှုများတွင်ဖြစ်စေ၊ ပြောဆိုဆက်သွယ်ရေး အထောက်အကူအက်ပ်များတွင်ဖြစ်စေ သင့်ကိုယ်ပိုင်အသံအပါအဝင်၊ အသံမျိုးစုံကိုသုံးပြီး စာရိုက်သည့်အခါ သင့်စကားလုံးများကိုစကားသံဖြင့်ပြောနိုင်ပါသည်။ (ရွေးချယ်စရာဘာသားစကားများတွင် အသုံးပြုနိုင်ပါသည်။)

Settings
> Accessibility > Live Speech သို့သွားပါ၊ ထို့နောက် Live Speech ကို ဖွင့်ပါ။
အသံတစ်ခုရွေးချယ်ပါ။ သင်၏ ကိုယ်ပိုင်အသံအပါအဝင် သင်ရွေးချယ်သည့်မည်သည့်အသံနှင့်မဆို Live Speech ကိုအသုံးပြုနိုင်သည်။
ဘေးခလုတ် သို့မဟုတ် Home ခလုတ်ကို သုံးကြိမ်ဆက်နှိပ်ပါ (သင်အသုံးပြုသည့် iPhone အမျိုးအစားပေါ်မူတည်သည်)၊ ထို့နောက်အောက်ပါတို့အနက်မှ တစ်ခုကိုလုပ်ပါ၊
သင်ပြောစေချင်သည်ကို စာရိုက်ပါ။
ဖန်သားပြင်ပေါ်မှ စာရိုက်ခလုတ်ခုံအပေါ်တွင်ပေါ်သော အကြံပေးစကားလုံးများကိုနှိပ်ပါ။
ကူးယူထားသောစာသားကို စာသားနယ်ပယ်ထဲသို့ ကူးထည့်ပါ။
သင်အကြိုက်ဆုံးစကားစုများကိုရှာရန်
ကိုနှိပ်ပါ။ (Settings > Accessibility > Live Speech > Favorite Phrases ထဲတွင်သင်လတ်တလော အသုံးအများဆုံးစကားစုများကို အရင်ဆုံးထည့်ထားရမည်ဖြစ်ပါသည်။)
သင့်စာသားကို စကားပြောဖြစ်စေရန် Send ကိုနှိပ်ပါ။
သင်သည် FaceTime သို့မဟုတ် Phone အက်ပ်ကိုအသုံးပြုနေလျှင် စကားဝိုင်းထဲတွင်သင်ပြောထားသော စကားလုံးများကို အခြားသူများကြားရပါသည်။ ထိုသို့မဟုတ်ပါက ထိုစကားလုံးများသည် သင့် iPhone ၏စကားပြောစက်မှ ထွက်လာမည်ဖြစ်သည်။