iPhone တွင် စာရွက်စာတမ်းများသို့ စာသား၊ ပုံသဏ္ဍာန်များ၊ လက်မှတ်များ၊ စသည်တို့ကို ထည့်ရန် Markup ကိုအသုံးပြုပါ
ထောက်ပံ့သောအက်ပ်များအတွင်း သင့်ဓာတ်ပုံများနှင့်စာရွက်စာတမ်းများသို့ စာသား၊ ပုံသဏ္ဍာန်များ၊ လက်မှတ်၊ စတစ်ကာများနှင့် ဖော်ပြချက်များကို ထည့်ရန် Markup ကိရိယာများကို အသုံးပြုနိိုင်သည်။

စာသားထည့်ခြင်း
အထောက်အပံ့ပေးထားသည့် အက်ပ်တစ်ခုတွင်
သို့မဟုတ် Markup ကို နှိပ်ပါ။
Markup ကိရိယာဘားတွင်
ကိုနှိပ်ပါ၊ ထို့နောက် Add Text ကိုနှိပ်ပါ။
စာသားအကွက်ကို နှိပ်ပါ၊ ထို့နောက် စာသားထည့်သွင်းရန် စာရိုက်ခလုတ်ခုံကို အသုံးပြုပါ။
စာသား၏ဖောင့်၊ အရွယ်အစား၊ စာကြောင်းညှိခြင်း၊ ပုံစံ သို့မဟုတ် အရောင် ကို ချိန်ညှိရန် ဖန်သားပြင်အောက်ခြေရှိ ကိရိယာများကို နှိပ်ပါ။
စာသားကို ဖြတ်ယူရန်၊ ကူးယူရန်၊ ပွားရန် သို့မဟုတ် ဖျက်ရန်
ကိုနှိပ်ပါ။
ပြီးလျှင် စာသားအကွက် ပြင်ပကို နှိပ်ပါ။
Markup ကိရိယာဘားကိုပိတ်ရန်
သို့မဟုတ် Done ကိုနှိပ်ပါ။
ပုံသဏ္ဍာန်တစ်ခုထည့်ခြင်း
အထောက်အပံ့ပေးထားသည့် အက်ပ်တစ်ခုတွင်
သို့မဟုတ် Markup ကို နှိပ်ပါ။
Markup ကိရိယာဘားတွင်
ကိုနှိပ်ပါ၊ ထို့နောက် Add Shape ကိုနှိပ်ပါ။
သင်ထည့်လိုသည့် ပုံသဏ္ဍာန်ကို နှိပ်၍ အောက်ပါတို့အနက် တစ်ခုခုကိုလုပ်ပါ၊
ပုံသဏ္ဍာန်ကိုရွှေ့ပြောင်းခြင်း၊ ၎င်းကိုဆွဲပါ။
ပုံသဏ္ဍာန်အရွယ်အစားကိုပြန်လည်ပြင်ဆင်ခြင်း၊ ပုံသဏ္ဍာန်၏ကောက်ကြောင်းတလျောက် အစက်တိုင်းကိုဆွဲပါ။
ပုံသဏ္ဍာန်၏ ဦးတည်ချက်လားရာ သို့မဟုတ် အရွယ်အစားအတိုင်းအတာကို ချိန်ညှိခြင်း၊ ပုံသဏ္ဍာန်၏ကောက်ကြောင်းတလျောက် အစိမ်းရောင်အစက်တိုင်းကိုဆွဲပါ။
ပုံသဏ္ဍာန်၏ အနားသတ်အရောင်၊ အနားသတ်မျဉ်းအကျယ်၊ ဖြည့်ထားသော အရောင် နှင့် အလင်းပိတ်မှုကို ချိန်ညှိခြင်း၊ Markup ကိရိယာဘားအတွင်း ရွေးချယ်စရာတစ်ခုကို နှိပ်ပါ။
ဖြတ်ယူခြင်း၊ ကူးယူခြင်း၊ ပွားခြင်း၊ မျှဝေခြင်း သို့မဟုတ် ဖျက်ခြင်း၊ ပုံသဏ္ဍာန်၏ဘေးရှိ
ကိုနှိပ်၍ ရွေးချယ်စရာတစ်ခုကို နှိပ်ပါ။
ပုံသဏ္ဍာန်ကို ချိန်ညှိခြင်း ပြီးစီးပါက ဖန်သားပြင်ကို နှိပ်ပါ။
Markup ကိရိယာဘားကိုပိတ်ရန်
သို့မဟုတ် Done ကိုနှိပ်ပါ။
အကြံပြုချက် အဆိုပါစာရွက်ပေါ် တွင် အကြီးချဲ့ရန် ဖန်သားပြင်ကို ဖိပွတ်ပြီး ပုံသဏ္ဍာန်များကို အနီးကပ်ချိန်ညှိနိုင်သည်။ ပုံကိုအနီးကပ်ဆွဲချဲ့ရန် လက်နှစ်ချောင်းနှင့် ဖိပွတ်ပါ။ ပုံပြန်ချုံ့ရန်လက်နှစ်ချောင်းဖြင့်ဖိပွတ်၍ပိတ်ပါ။
ပုံသဏ္ဍာန်တစ်ခုရေးဆွဲခြင်း
ပုံကြမ်းများနှင့် ခဲသားပန်းချီများဆွဲရာတွင် အသုံးပြုသေ—ာ မျဥ်းဖြောင့်များ၊ အဝန်းအဝိုက်များ အစရှိသည့် ဂျီဩမေထြီဆိုင်ရာ အံကိုက်ပုံသဏ္ဍာန်များ—ကို ရေးဆွဲရန် Markup ကိုအသုံးပြုနိုင်သည်။
ထောက်ပံ့ထားသော အက်ပ်အတွင်း
သို့မဟုတ် Markup ကိုနှိပ်ပါ၊ ထို့နောက် Markup ကိရိယာဘားအတွင်းရှိ ရေးသားမှုကိရိယာတစ်ခုကို နှိပ်ပါ။
သင်၏လက်ချောင်းဖြင့် ပုံသဏ္ဍာန်တစ်ခုကို ခဲချက်တစ်ချက်ဖြင့် ရေးဆွဲ၍ ခေတ္တရပ်ခြင်းကိုနှိပ်ပါ။
ထိုကဲ့သို့ဆွဲထားသည့် ပုံကြမ်းအစား ပုံကျပ်သပ်ရပ်သော အကောင်းဆုံးပုံဏ္ဍာန်တစ်ခုပေါ်လာမည်။ (အလွတ်ဆွဲပုံသဏ္ဍာန်ကိုသာ ပိုအလိုရှိပါက
ကိုနှိပ်ပါ။)
သင်ရေးဆွဲနိုင်သော ပုံသဏ္ဍာန်များဟုဆိုရာတွင် မျဥ်းဖြောင့်များ၊ မြားတံများ၊ အဝန်းအဝိုက်မျဥ်းများ၊ 90 ဒီဂရီထောင့်များပါရှိသည့် တစ်ဖြောင့်တည်းမျဥ်းများ၊ စတုရန်းပုံများ၊ စက်ဝိုင်းများ၊ ထောင့်မှန်စတုဂံများ၊ အသဲပုံများ၊ တြိဂံများ၊ ကြယ်ပွင့်များ၊ တိမ်များပါဝင်သည်။
သင်၏လက်မှတ်ထည့်ခြင်း
အထောက်အပံ့ပေးထားသည့် အက်ပ်တစ်ခုတွင်
သို့မဟုတ် Markup ကို နှိပ်ပါ။
Markup ကိရိယာဘားတွင်
ကိုနှိပ်ပါ၊ ထို့နောက် Add Signature ကိုနှိပ်ပါ။
သင့်အမည်ကို လက်မှတ်ထိုးရန် လက်ချောင်းကိုအသုံးပြုပါ။
ပြန်လည်လုပ်ဆောင်ရန် Clear ကိုနှိပ်၍ သင့်အမည်ကို ပြန်လည် လက်မှတ်ထိုးပါ။
Done ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါချိန်ညှိမှုများမှနှစ်သက်ရာတစ်ခုကိုလုပ်ဆောင်ပါ၊
လက်မှတ်ကို နေရာရွှေ့ခြင်း၊ ၎င်းကိုဆွဲပါ။
လက်မှတ်ကို အရွယ်အစားပြန်ပြောင်းခြင်း၊ ကောက်ကြောင်းတလျောက် အစက်တိုင်းကိုဆွဲပါ။
လက်မှတ်၏ မျဉ်းအထူ သို့မဟုတ် အရောင်ကို ချိန်ညှိခြင်း၊ Markup ကိရိယာဘားအတွင်း ရွေးချယ်စရာတစ်ခုကို နှိပ်ပါ။
ဖြတ်ယူခြင်း၊ ကူးယူခြင်း၊ ပွားခြင်း၊ မျှဝေခြင်း သို့မဟုတ် ဖျက်ခြင်း၊ လက်မှတ်၏ဘေးရှိ
ကိုနှိပ်၍ ရွေးချယ်စရာတစ်ခုကို နှိပ်ပါ။
လက်မှတ်ကို ချိန်ညှိခြင်းပြီးသည့်အခါ စာသားအကွက် ပြင်ပကို နှိပ်ပါ။
လက်မှတ်များ ထည့်ခြင်း သို့မဟုတ် ဖျက်ခြင်း
လက်မှတ်တစ်ခု ဖန်တီးပြီးသည့်နောက် Add Signature ကို သင်နောက်တစ်ကြိမ်နှိပ်သည့်အခါ ၎င်းကို အသုံးပြုနိုင်ရန် iPhone က သိမ်းဆည်းထားပေးသည်။ အမည်ပြောင် သို့မဟုတ် အစစာလုံးများ ကဲ့သို့ လက်မှတ်ပေါင်းများစွာကို ဖန်တီးနိုင်သည် သို့မဟုတ် လက်မှတ်များကို ဖျက်ပစ်နိုင်သည်။
အထောက်အပံ့ပေးထားသည့် အက်ပ်တစ်ခုတွင်
သို့မဟုတ် Markup ကို နှိပ်ပါ။
Markup ကိရိယာဘားတွင်
ကိုနှိပ်ပါ၊ ထို့နောက် Add Signature ကိုနှိပ်ပါ။
Add သို့မဟုတ် Remove Signature ကိုနှိပ်ပါ၊ ထို့နောက် လက်မှတ်အသစ်တစ်ခု ဖန်တီးရန်
ကိုနှိပ်ပါ။
New Signature ဘေးရှိ မြားကိုနှိပ်ပါ၊ ထို့နောက် ပေးထားသောအမည်၊ အမည်ပြောင် သို့မဟုတ် အစစာလုံးများ ကဲ့သို့ သင်ထည့်လိုသည့် လက်မှတ်အမျိုးအစားကို နှိပ်ပါ။
လက်မှတ်ရေးထိုးရန် သင့်လက်ချောင်းကို အသုံးပြုပါ၊ ထို့နောက် Done ကိုနှိပ်ပါ။
လက်မှတ်တစ်ခု ကိုဖျက်ရန် ကိုနှိပ်ပါ၊ ထို့နောက် Add Signature ကိုနှိပ်ပါ။ Add or Remove Signature ကိုနှိပ်ပါ၊ ထို့နောက် သင်ဖျက်လိုသည့် လက်မှတ်များ၏ဘေးရှိ
ကိုနှိပ်ပါ။
Markup ဖြင့် စတစ်ကာတစ်ခု ထည့်ခြင်း
သင့်စတစ်ကာစုဆောင်းမှုမှ စတစ်ကာများကို စာရွက်စာတမ်းများနှင့် ရုပ်ပုံများသို့ ထည့်ရန် Markup ကိုအသုံးပြုနိုင်သည်။
အထောက်အပံ့ပေးထားသည့် အက်ပ်တစ်ခုတွင်
သို့မဟုတ် Markup ကို နှိပ်ပါ။
Markup ကိရိယာဘားတွင်
ကိုနှိပ်ပါ၊ ထို့နောက် Add Sticker ကိုနှိပ်ပါ။
စတစ်ကာတစ်ခုကို ထိ၍ သင့်စာရွက်စာတမ်း သို့မဟုတ် ဓာတ်ပုံပေါ်သို့ ဆွဲပါ။
စတစ်ကာ၏ထောင့်ချိုးကို ချိန်ညှိရန် သင့်လက်ချောင်းကို မကြွမီ စတစ်ကာပတ်လည်တွင် လက်ခလယ်ကို လှည့်ပါ။
၎င်း၏အရွယ်အစားကို ချိန်ညှိရန် စတစ်ကာ၏ကောက်ကြောင်းပတ်လည်ရှိ အစက်ကလေးကို ထိ၍ဆွဲပါ။
စတစ်ကာအစုလိုက်များကို App Store မှ ဒေါင်းလုတ်လုပ်နိုင်သည်။ Messages အက်ပ်ထဲတွင်လည်း စတစ်ကာများဖန်တီးနိုင်သည် သို့မဟုတ် ဓာတ်ပုံများနှင့် Live Photos များမှ အရာဝတ္ထုများကို မ ရွှေ့ခြင်းဖြင့်လည်း ဖန်တီးနိုင်သည်။ iPhone တွင် သင့်ဓာတ်ပုံများမှ စတစ်ကာများ ပြုလုပ်ခြင်း ကိုကြည့်ပါ။
စိတ်ကြိုက်ပုံရိပ်ဖော်ပြချက်များကို ထပ်ပေါင်းခြင်း
Photos ကဲ့သို့ ထောက်ပံ့ထားသော အက်ပ်များတွင် ရုပ်ပုံများသို့ ရှင်းလင်းဖော်ပြချက်များ ထည့်ရန် Markup ကိုအသုံးပြုနိုင်သည်။ Image Explorerကို သင်အသုံးပြုသည့်အခါ VoiceOver သည် သင်၏စိတ်ကြိုက်ဖော်ပြချက်များကို ဖတ်ပြသည်။
အထောက်အပံ့ပေးထားသည့် အက်ပ်တစ်ခုတွင်
သို့မဟုတ် Markup ကို နှိပ်ပါ။
Markup ကိရိယာဘားတွင်၊
ကိုနှိပ်ပါ၊ ထို့နောက် Description ကိုနှိပ်ပါ။
သင်၏ ဖော်ပြချက်ကို ထည့်၍ Done ကိုနှိပ်ပါ။