iPhone ပေါ်ရှိ Messages ထဲတွင် read receipts ကို ဖွင့်နိုင်သည် သို့မဟုတ် ပိတ်နိုင်သည်။
Messages အက်ပ်ထဲတွင်၊ သူတို့၏စာများသင်မြင်ပြီးကြောင်းကို တစ်ဖက်သူအလိုအလျှောက်သိစေရန် read receipts ကိုဖွင့်ထားနိူင်ပါသည်။
read receiptsကို ဖွင့်ပြီး သင်စကားဝိုင်းတစ်ခုကို ဖွင့်သည့်အခါ၊ စာပို့သူသည် သူတို့၏စက်ပေါ်တွင် “Read”ဟူသောစကားလုံးအား မြင်တွေ့ရသည်၊ (သင့်ဆီပို့သောသူ၏ မက်ဆေ့အောက်တွင်)။ သို့မဟုတ်ပါက ပေးပို့သူများသည် Delivered ကိုတွေ့မြင်ရသည်။
read receipts ကို အားလုံးအတွက် သို့မဟုတ် အဆက်အသွယ်တစ်ဦးချင်းအတွက် ဖွင့်နိုင်သည်။
မှတ်စု read receipts ကိုအသုံးပြုရန် သင်နှင့်လက်ခံရရှိသူသည် iMessageကိုဖွင့်ထားရမည်။
read receipts ကို ဖွင့်ခြင်း
၎င်းတို့၏မက်ဆေ့များကို သင်ဖတ်ကြည့်ပြီးကြောင်းအားလုံးသိစေရန် read receipts ကို ဖွင့်ထားနိုင်သည်။
Settings
> Messagesကိုသွားပါ။
Send Read Receipts ကို ဖွင့်ပါ။
မှတ်စု အဆက်အသွယ်တစ်ခုအတွက် read receipts ကို ပိတ်ထားပါက၊ အဆက်အသွယ်တစ်ဦးချင်းစီအတွက် ချိန်ညှိမှုများကို ပြန်ဖွင့်ရပါမည်။ (အောက်ရှိ လူတစ်ယောက်အတွက် read receipts ကိုဖွင့်ထားခြင်း၊ ကိုကြည့်ပါ။ )
read receipts ကိုပိတ်ခြင်း
၎င်းတို့၏မက်ဆေ့အား သင်ဝင်ဖတ်လိုက်သည်ကို အခြားသူများမသိစေလိုလျှင် read receipts ကိုပိတ်ထားနိုင်သည်။
Settings
> Messagesကိုသွားပါ။
Send Read Receipts ကိုပိတ်လိုက်ပါ။
မှတ်စု ဤလုပ်ဆောင်ချက်သည် သင်တစ်ဦးချင်းစီဖွင့်မပေးခဲ့ဖူးသည့် read receipts ကိုဖတ်သော အဆက်အသွယ်များနှင့် စကားပြောဆိုမှုကိုသာ သက်ရောက်မှုရှိပါသည်။ (အောက်ရှိ လူတစ်ယောက်အတွက် read receipts ကိုပိတ်ထားခြင်း၊ ကိုကြည့်ပါ။ )
လူတစ်ယောက်အတွက် read receipts ကိုဖွင့်ထားခြင်း
ယေဘုယျအားဖြင့် သင်သည် read receipts ကို ပိတ်ထားလျှင်ပင် ဝင်လာသော မက်ဆေ့ချ်များကို သင်မြင်တွေ့ပြီးသည့်အခါ လက်ခံသူတစ်ဦးအားသိစေရန် စကားဝိုင်းတစ်ခုအတွင်းရှိ read receipts ကိုသင်ဖွင့်ထားနိုင်ပါသည်။
သင့် iPhone တွင် Messages အက်ပ်
ကိုဖွင့်ခြင်း။
စကားပြောဆိုမှုတစ်ခုကို နှိပ်ပါ၊ စကားပြောဆိုမှုတစ်ခု၏ ထိပ်တွင် သင်ဆက်သွယ်သော နံပါတ် သို့မဟုတ် လူနာမည်ကို နှိပ်ပါ။
Send Read Receipts ကို ဖွင့်ပါ။
လူတစ်ယောက်အတွက် read receipts ကိုပိတ်ထားခြင်း
တစ်ဦးချင်းစီအတွက် read receiptsကို သင်ဖွင့်ထားသော်လည်း ၎င်းတို့အား read receipts ရရှိခြင်းကို ရပ်တန့်စေလိုပါက၊ ထိုအဆက်အသွယ်တစ်ခုအတွက် ချိန်ညှိမှုကို သင်ပိတ်နိုင်သည်။
သင့် iPhone တွင် Messages အက်ပ်
ကိုဖွင့်ခြင်း။
စကားပြောဆိုမှုတစ်ခုကို နှိပ်ပါ၊ စကားပြောဆိုမှုတစ်ခု၏ ထိပ်တွင် သင်ဆက်သွယ်သော နံပါတ် သို့မဟုတ် လူနာမည်ကို နှိပ်ပါ။
Send Read Receipts ကိုပိတ်လိုက်ပါ။
သင့်ရဲ့မက်ဆေ့များကို တစ်ခြားတစ်ယောက်ယောက်တွေ့သည့်အခါ read receipts ကိုရယူခြင်း
read receipts ကိုသင်ကလွှဲပြီးမည်သူတစ်ဦးတစ်ယောက်မှ ပိတ်လို့မရပါဘူး။ သင့်မက်ဆေ့ချ်များကို ဖွင့်လိုက်သောအခါ read receipts ကိုရယူရန် လက်ခံသူအား ၎င်းကိုဖွင့်ရန်တောင်းဆိုပါ။ အပေါ်တွင် လူတစ်ယောက်အတွက် read receipts ကိုဖွင့်ထားခြင်း၊ ကြည့်ပါ။