iPhone ဖန်သားပြင်တွင်ပုံချုံ့ခြင်း
အက်ပ်များစွာတွင် တိကျသည့်အမျိုးအစားများကို ချုံ့နိုင် သို့မဟုတ် ချဲ့နိုင်သည်။ ဥပမာအားဖြင့် Photos တွင် အနီးကပ်ကြည့်ရန် သို့မဟုတ် Safari ရှိဝက်ဘ်စာမျက်နှာကိုချဲ့ရန် နှစ်ကြိမ်ဆက်နှိပ်နိုင်သည် သို့မဟုတ် ဖိပွတ်နိုင်သည်။ သင် ဘာပဲလုပ်ဆောင်နေပါစေ ဖန်သားပြင်ကို အကြီးချဲ့ရန်အတွက် အဆိုပါ ပုံချုံ့ချဲ့လုပ်ဆောင်ပုံကိုလည်း သုံးနိုင်သည်။ ဖန်သားပြင်တစ်ခုလုံးကိုချဲ့နိုင်သည် (ဖန်သားပြင်အပြည့်ချဲ့ခြင်း) သို့မဟုတ် ပြန်လည်ချဲ့နိုင်သောမှန်ဘီလူးများဖြင့်ဖန်သားပြင်၏တစ်စိတ်တစ်ပိုင်းကိုသာချဲ့နိုင်သည် (Window ချုံ့ချဲ့ခြင်း)။ VoiceOver နှင့်အတူချုံ့ချဲ့ခြင်းကိုသုံးနိုင်သည်။

ချုံ့ချဲ့ရန်စီစဉ်ခြင်း
Settings
> Accessibility > Zoom သို့သွားပါ၊ ထို့နောက်Zoom ကိုဖွင့်ပါ။
အောက်ပါထိန်းချုပ်မှုများမှနှစ်သက်ရာတစ်ခုကိုချိန်ညှိခြင်း၊
ရွှေ့နိုင်သည့် ပုံချဲ့မှန်ဘီလူး၊ သင်၏ရွေးချယ်မှုများ၊ စာသားထည့်သွင်းမည့်ညွှန်းတံနှင့် သင်၏စာကိုကြည့်ခြင်း။
စာရိုက်ရာတွင်အထောက်အကူပြုစနစ်၊ စာရိုက်ခလုတ်ခုံပေါ်လာသည့်အခါ Window Zoom သို့ပြောင်းပါ။
စာရိုက်ခလုတ်ခုံအလွယ်သုံးပုံစံများ၊ ပြင်ပစာရိုက်ခလုတ်ခုံတစ်ခုပေါ်ရှိ အလွယ်သုံးပုံစံများကိုအသုံးပြုကာ ပုံချုံ့ချဲ့ခြင်းကို ထိန်းချုပ်ပါ။
ပုံချုံ့ချဲ့ထိန်းချုပ်မှုကိုပြခြင်း၊ ထိန်းချုပ်မှုကိုဖွင့်ပါ၊ ထိန်းချုပ်မှုလုပ်ဆောင်ချက်များကိုစီမံပါ၊ ထို့နောက် အရောင်နှင့် အလင်းပိတ်မှုကို ချိန်ညှိပါ။
ကွက်၍ပုံချုံ့ချဲ့ခြင်း၊ Full Screen Zoom သို့မဟုတ် Window Zoom ကိုရွေးပါ။
မြင်ကွင်းအချုံ့အချဲ့စစ်ထုတ်ခြင်း၊ None၊ Inverted၊ Grayscale၊ Grayscale Inverted၊ သို့မဟုတ် Low Light ကိုရွေးချယ်ပါ။
ပုံချုံ့ချဲ့နိုင်သည့်အမြင့်ဆုံးပမာဏ၊ အတိုင်းအတာကိုချိန်ညှိရန် ဆလိုက်ဘားကို ဆွဲယူပါ။
မြားထိန်းချုပ်သည့်ကိရိယာဖြင့် iPhone ကိုအသုံးပြုမည်ဆိုလျှင်၊ Pointer Control အောက်ရှိ အောက်ပါညွှန်ကြားချက်အတိုင်း စီစဉ်နိုင်ပါသည်၊
ချုံ့ခြင်း၊ ချဲ့ခြင်းနှင့် အလျဉ်မပြတ်ရိုက်ကူးခြင်း၊ မြားထိန်းချုပ်သည့်ကိရိယာဖြင့် မျက်နှာပြင်ပုံရိပ်ကို ရွှေ့ပြောင်းရန် Continuous၊ Centered၊ သို့မဟုတ် Edges ကိုရွေးချယ်ပါ။
ချုံ့ချဲ့ခြင်းဖြင့် အရွယ်အစားကိုချိန်ညှိခြင်း၊ ချုံ့ချဲ့ခြင်းဖြင့် အချိုးကျစေရန် မြားထိန်းချုပ်သည့်ကိရိယာကို လုပ်ဆောင်စေခြင်း။
နားလည်လွယ်သော အလွယ်သုံးပုံစံများတွင် ချုံ့ချဲမှုကိုဖြည့်ရန် Setting > Accessibility > Accessibility Shortcut သို့သွားပါ၊ ထို့နောက် Zoom ကို နှိပ်ပါ။
Zoom ကိုသုံးခြင်း
လက်ချောင်းသုံးချောင်းဖြင့်ဖန်သားပြင်ကိုနှစ်ကြိမ်ဆက်နှိပ်ပါ သို့မဟုတ် ချုံ့ချဲ့မှုကိုဖွင့်ရန် နားလည်ရလွယ်သော အလွယ်သုံးပုံစံများ ကိုသုံးပါ။
ဖန်သားပြင်ကိုပိုမိုမြင်ရစေရန်၊ အောက်ပါတို့မှနှစ်သက်ရာတစ်ခုကိုလုပ်ပါ၊
ပုံချဲ့မှုကိုညှိခြင်း၊ လက်ချောင်းသုံးချောင်းဖြင့်ဖန်သားပြင်ကိုနှစ်ကြိမ်ဆက်နှိပ်ပါ (ဒုတိယအကြိမ်မြောက်နှိပ်ပြီးနောက်သင်၏လက်ချောင်းများကိုမလွှတ်ဘဲ) ထို့နောက်အပေါ်သို့မဟုတ် အောက်သို့ပွတ်ဆွဲပါ။ သို့မဟုတ် လက်ချောင်းသုံးချောင်းဖြင့်သုံးကြိမ်ဆက်နှိပ်ပါ၊ ထို့နောက် ချုံ့ချဲ့အဆင့်ပြ ဆလိုက်ဘားကို ဆွဲယူပါ။
ပုံချုံ့ချဲ့သည့်မှန်ဘီလူးများကိုရွှေ့ခြင်း၊ (Window ချုံ့ချဲ့မှု) ပုံချုံ့ချဲ့မှုမှန်ဘီလူးများ၏အောက်ခြေတွင်လက်ကိုင်ကိုပွတ်ဆွဲပါ။
နောက်ထပ်ဧရိယာသို့အနီးကပ်ဆွဲချဲ့ခြင်း၊ (ဖန်သားပြင်အပြည့်ချဲ့ခြင်း) လက်ချောင်းသုံးချောင်းဖြင့်ဖန်သားပြင်ကိုပွတ်ဆွဲပါ။
ပုံချုံ့ချဲ့မှုစာရင်းဖြင့် ချိန်ညှိမှုများကိုညှိရန်၊ လက်ချောင်းသုံးချောင်းဖြင့် သုံးကြိမ်ဆက်နှိပ်ပါ၊ ထို့နောက်အောက်ပါတို့မှနှစ်သက်ရာတစ်ခုကိုလုပ်ဆောင်ပါ၊
ဒေသရွေးချယ်မှုကိုနှိပ်ပါ၊ Full Screen Zoom သို့မဟုတ် Window Zoom ကိုရွေးပါ။
Lens ပြန်လည်တိုင်းဆရန်၊ (Window ချုံ့ချဲ့မှု) မှန်ဘီလူးများကိုပြန်လည်တိုင်းဆခြင်းကိုနှိပ်ပါ၊ ထို့နောက်ပေါ်လာသည့်လက်ကိုင်ဝိုင်းများမှတစ်ခုခုကိုပွတ်ဆွဲပါ။
စစ်ထုတ်မှန်ပြားရွေးချယ်ရန်၊ None ၊ Inverted ၊ Grayscale ၊ Grayscale Inverted ၊ သို့မဟုတ် Low Light ကိုရွေးချယ်ပါ။
Show Controller၊ Zoom Controller ကိုပြခြင်း။
Zoom Controller ကိုသုံးရန်၊ အောက်ပါတို့မှနှစ်သက်ရာတစ်ခုကိုလုပ်ပါ၊
Zoom စာရင်းကိုပြခြင်း၊ ထိန်းချုပ်မှုကိုနှိပ်ပါ။
ဓာတ်ပုံ ချုံ့ရန် သို့မဟုတ် ချဲ့ရန်၊ ထိန်းချုပ်မှုကို နှစ်ကြိမ်ဆက်နှိပ်ပါ။
အနီးကပ်ဆွဲချဲ့ခြင်း၊ ပုံချုံ့သည့်အခါ၊ ထိန်းချုပ်မှုကိုပွတ်ဆွဲပါ။
Magic Keyboard ဖြင့် ချုံ့ချဲ့ခြင်းကိုသုံးနေစဉ်တွင် ဖန်သားပြင်အလယ်တွင်ရှိသည့် စာထည့်သွင်းမှုညွှန်းတံနောက်သို့ ချုံ့ချဲ့ထားသောအပိုင်းကလိုက်ရွေ့သည်။ Magic Keyboard ကို iPhoneနှင့်ချိတ်ဆက်ခြင်း ကိုကြည့်ပါ။
ချုံ့ချဲ့ခြင်းမှုကိုပိတ်ရန်၊ လက်ချောင်းသုံးချောင်းဖြင့်ဖန်သားပြင်ကိုနှစ်ကြိမ်ဆက်နှိပ်ပါ သို့မဟုတ် နားလည်ရလွယ်သော အလွယ်သုံးပုံစံများကိုသုံးပါ။