iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ပွားခြင်းနှင့် ကူးယူခြင်း
iPhone ရှိ Photos အက်ပ် တွင် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို မူရင်းပုံစံကိုမပျက်စေဘဲ ပွားနိုင်သည်။ ဓာတ်ပုံတစ်ပုံကို ကူးယူပြီး အီးမေးလ်၊ စာသားမက်ဆေ့ချ် သို့မဟုတ် တင်ပြမှုကဲ့သို့သော အခြားစာရွက်စာတမ်းတစ်ခုတွင် ကူးယူထည့်သွင်းနိုင်သည်။
ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို ပွားခြင်း
ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို ဖွင့်ပါ၊ ထို့နောက်
ကိုနှိပ်ပါ။
Duplicate ကိုနှိပ်ပါ။
သင့်ဓာတ်ပုံစုစည်းမှုထဲရှိ မူရင်းနေရာဘေးတွင် ပွားထားသည့်အရာပေါ်သည်။
ဓာတ်ပုံအမြောက်အမြား သို့မဟုတ် ဗီဒီယိုအမြောက်အမြားကို ပွားခြင်း
Library ကိုနှိပ်ပါ၊ ထို့နောက် All Photos သို့မဟုတ် Days ကိုနှိပ်ပါ။
Select ကိုနှိပ်ပါ၊ ထို့နောက် သင်ပွားချင်သည့် ပုံသေးများကို နှိပ်ပါ။
ကိုနှိပ်ပါ၊ ထို့နောက် Duplicate ကိုနှိပ်ပါ။
ဓာတ်ပုံတစ်ပုံကို ကူးယူခြင်း
ဓာတ်ပုံတစ်ပုံကိုဖွင့်ပါ၊ ထို့နောက်
ကိုနှိပ်ပါ။
Copy ကိုနှိပ်ပါ၊ ထို့နောက် ထိုဓာတ်ပုံကို အခြားမှတ်တမ်းထဲသို့ ကူးယူထည့်သွင်းပါ။
ဓာတ်ပုံအမြောက်အမြား သို့မဟုတ် ဗီဒီယိုအမြောက်အမြားကို ကူးယူခြင်း
Library ကိုနှိပ်ပါ၊ ထို့နောက် All Photos သို့မဟုတ် Days ကိုနှိပ်ပါ။
Select ကိုနှိပ်ပါ၊ ထို့နောက် သင်ကူးချင်သည့် ပုံသေးများကို နှိပ်ပါ။
ကိုနှိပ်ပါ၊ ထို့နောက် Copy ကို နှိပ်ပါ။
အခြားမှတ်တမ်းထဲသို့ ကူးယူထားသည်များကို ကူးယူထည့်သွင်းပါ။