iPhone ရှိ Stocks တွင် စောင့်ကြည့်စာရင်းများစွာကို စီမံခြင်း
သင်မလွတ်တမ်းကြည့်ရှုသော စတော့များကို နည်းပညာ၊ စွမ်းအင် သို့မဟုတ် ဖျောဖြေရေးကဲ့သို့ အမျိုးအစားအလိုက် စုစည်းရန် Stocks အက်ပ် ထဲတွင် သင့်ကိုယ်ပိုင်စောင့်ကြည့်စာရင်းများကို ဖန်တီးနိုင်ပါသည်။ သင်၏ အခြားစက်ပစ္စည်းများရှိ Stocks အက်ပ်တွင် စောင့်ကြည့်စာရင်းများကြား အကူးအပြောင်းလုပ်ခြင်း- ပြင်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ၎င်းတို့ကို ဖျက်ခြင်း- နှင့် ကြည့်ရှုခြင်းတို့ ပြုလုပ်နိုင်သည်။ သင်စိတ်ကြိုက်လုပ်ထားသည့် စောင့်ကြည့်စာရင်းထဲသို့ ထည့်ထားသည့် မည်သည့်သင်္ကေတကိုမဆို My Symbols စောင့်ကြည့်စာရင်းတွင် ထည့်ပြီးသားဖြစ်မည်။

စောင့်ကြည့်စာရင်းအသစ်တစ်ခု ဖန်တီးခြင်း
My Symbols ကိုနှိပ်ပါ၊ ထို့နောက် New Watchlist ကိုနှိပ်ပါ။
ထိုစောင့်ကြည့်စာရင်းကို အမည်ပေး၍ Save ကိုနှိပ်ပါ။
သင်၏ စောင့်ကြည့်စာရင်းများကြား အကူးအပြောင်းလုပ်ရန် My Symbols သို့မဟုတ် သင်ကြည့်ရှုနေသည့် လက်ရှိစောင့်ကြည့်စာရင်းနာမည်ကိုနှိပ်ပါ၊ ထို့နောက် သင်ကြည့်လိုသည့် စောင့်ကြည့်စာရင်း၏ နာမည်ကိုနှိပ်ပါ။
စောင့်ကြည့်စာရင်းတစ်ခုသို့ သင်္ကေတများထည့်ခြင်း
ရှာဖွေမှုကွက်လပ်အတွင်း စတော့ပုံစံတစ်ခု၏နာမည်၊ ကုမ္ပဏီ၊ ငွေကြေး သို့မဟုတ် ရည်ညွှန်းချက်ကို ရိုက်ထည့်ပါ။
ကိုနှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။
အကြံပြုချက် စောင့်ကြည့်စာရင်းတစ်ခုထဲရှိ သင်္ကေတစ်ခုကို တခြားစောင့်ကြည့်စာရင်းထဲသို့ သင် အလွယ်တကူထည့်နိုင်သည်။ ထိုသင်္ကေတပေါ် တွင် ဘယ်ဘက်သို့ပွတ်ဆွဲပါ၊
ကိုနှိပ်ပါ၊ စောင့်ကြည့်စာရင်းတစ်ခုကို ရွေးပါ၊ ထို့နောက် Done ကိုနှိပ်ပါ။
စောင့်ကြည့်စာရင်းအသစ်ထဲသို့ သင်ထည့်ထားသည့် သင်္ကေတတစ်ခုစီတိုင်းသည် My Symbols စောင့်ကြည့်စာရင်းတွင် ထည့်ပြီးသားဖြစ်မည်။ My Symbols စောင့်ကြည့်စာရင်းထဲရှိ သင်္ကေတများကို စီမံခြင်း ကိုကြည့်ပါ။
စောင့်ကြည့်စာရင်းတစ်ခုမှ သင်္ကေတများကို ဖယ်ရှားခြင်း
စောင့်ကြည့်စာရင်းတစ်ခုမှ သင်္ကေတတစ်ခုကို ဖယ်ရှားရန် ထိုသင်္ကေတပေါ် တွင် ဘယ်ဘက်သို့ပွတ်ဆွဲပါ။
သင်ဖန်တီးထားသည့် စောင့်ကြည့်စာရင်းတစ်ခုမှ သင်္ကေတတစ်ခုကို သင်ဖယ်ရှားလိုက်သည့်အခါ ထိုသင်္ကေတသည် My Symbols စောင့်ကြည့်စာရင်းထဲတွင် ကျန်နေဦးမည်ဖြစ်ပါသည်။ My Symbols စောင့်ကြည့်စာရင်းထဲရှိ သင်္ကေတများကို စီမံခြင်း ကိုကြည့်ပါ။
အနီးကပ်စောင့်ကြည့်မှုစာရင်းထဲရှိ သင်္ကေတများအမျိုးအစားခွဲခြင်း
သင်၏ အနီးကပ်စောင့်ကြည့်မှုစာရင်းထဲတွင် သင်္ကေတများကို မည်ကဲ့သို့စီမည်ကို သင်ရွေးချယ်နိုင်သည်။
သင်အမျိုးအစားခွဲချင်သော အနီးကပ်စောင့်ကြည့်မှုစာရင်းကို ရွေးချယ်ပါ၊ ထို့နောက်
ကိုနှိပ်ပါ။
Sort Watchlist By ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါရွေးချယ်စရာများထဲမှ တစ်ခုကို နှိပ်ပါ၊
ကိုယ်တိုင်အားဖြင့်
စျေးနှုန်းအပြောင်းအလဲ
ရာခိုင်နှုန်းအပြောင်းအလဲ
စျေးကွက်တန်ဖိုး
သင်္ကေတ
အမည်
အနီးကပ်စောင့်ကြည့်မှုစာရင်းရှိ သင်္ကေတများစဥ်ထားပုံကိုပြောင်းရန် ကိုနှိပ်ပါ၊ Sort Watchlist By ကိုနှိပ်ပါ၊ ထို့နောက် Ascending သို့မဟုတ် Descending ကိုနှိပ်ပါ။
အနီးကပ်စောင့်ကြည့်မှုစာရင်းတွင် ပြသထားသည့် တန်ဖိုးကို ပြောင်းလဲခြင်း
အနီးကပ်စောင့်ကြည့်မှုစာရင်းတစ်ခုတွင် သင်္ကေတ၏စျေးနှုန်းအသီးသီးအောက်တွင် ပြထားသည့် တန်ဖိုးကို ပြောင်းနိုင်သည်။
သင်ပြောင်းချင်သည့် စောင့်ကြည့်စာရင်းကို ရွေးချယ်ပါ၊ ထို့နောက်
ကိုနှိပ်ပါ။
Watchlist Showsကိုနှိပ်ပါ၊ ထို့နောက် အောက်ပါရွေးချယ်စရာများထဲမှ တစ်ခုကို နှိပ်ပါ၊
စျေးနှုန်းအပြောင်းအလဲ
ရာခိုင်နှုန်းအပြောင်းအလဲ
စျေးကွက်တန်ဖိုး
စောင့်ကြည့်စာရင်းများကို ဖျက်ခြင်း၊ ပြန်စဥ်ခြင်းနှင့် နာမည်ပြန်ပေးခြင်း
စောင့်ကြည့်စာရင်း၏နာမည်ကိုနှိပ်ပါ၊ Manage Watchlists ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုခုကိုလုပ်ဆောင်ပါ၊
စောင့်ကြည့်စာရင်းတစ်ခုကိုဖျက်ခြင်း၊ ထိုသင်္ကေတနှင့်ကပ်လျက်ရှိ
ကိုနှိပ်ကာ
ကိုနှိပ်ပါ၊ ထို့နောက် Delete Watchlist ကိုနှိပ်ပါ။
သင့်စောင့်ကြည့်စာရင်းများကို ပြန်စဥ်ခြင်း၊
ကိုထိ၍ထိန်းထားကာ ၎င်းစောင့်ကြည့်စာရင်းကို နေရာသစ်တစ်ခုသို့ ဖိဆွဲသွားပါ။
စောင့်ကြည့်စာရင်းတစ်ခုကိုနာမည်ပြန်ပေးခြင်း၊
ကိုနှိပ်ပါ၊ နာမည်အသစ်ရိုက်ထည့်ပါ၊ ထို့နောက် Save ကိုနှိပ်ပါ။
အခြားစက်ပစ္စည်းများတွင် သင်၏စောင့်ကြည့်စာရင်းများကိုကြည့်ခြင်း
Apple IDတစ်ခုတည်းဖြင့် ဝင်ရောက်ထားသည့်အခါ iPhone၊ iPad၊ iPod touch နှင့် Mac တို့တွင် သင်၏စောင့်ကြည့်စာရင်းများကို ကြည့်ရှုနိုင်သည်။
သင်၏ iPhone သို့မဟုတ် iPadတွင်၊ Settings
> [your name] > iCloudသို့သွားပါ၊ ထို့နောက် Stocks ကိုဖွင့်ပါ။
macOS 13 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများပါသည့် Mac တွင်၊ Apple menu
> System Settings ကိုရွေးချယ်ပါ၊ ဘေးဘက်တန်းထိပ်ရှိ [your name] ကိုနှိပ်ပါ၊ iCloudကိုနှိပ်ပါ၊ ထို့နောက် Stocks ကို ဖွင့်ပါ။ (သင်၏အမည်ကို မတွေ့ပါက သင်၏ Apple ID ကို ထည့်သွင်းရန် သို့မဟုတ် အသစ်တစ်ခုဖန်တီးရန် Sign in with your Apple ID ကိုနှိပ်ပါ။)macOS 10.15–12.5 ထည့်သွင်းထားသော Mac တစ်ခုတွင်၊ Apple menu > System Preferences ကိုရွေးပါ၊ Apple ID ကိုနှိပ်ပါ၊ iCloud ကိုနှိပ်ပါ၊ ထို့နောက် Stocks ကိုရွေးပါ။
macOS 10.14 သို့မဟုတ် အစောပိုင်းထွက်များပါသည့် Mac တွင်၊ Apple menu > System Preferences ကိုရွေးချယ်ပါ၊ထို့နောက် iCloud ကိုနှိပ်ပါ။ iCloud Drive ကိုရွေးချယ်ပါ၊ Options ကိုနှိပ်ပါ၊ ထို့နောက် Stocks ကိုရွေးချယ်ပါ။