CarPlay ရှိ ချိန်ညှိမှုများကို ပြောင်းခြင်း
CarPlay ရှိ Settings တွင် Wallpaper ကိုပြောင်းလဲခြင်း၊ Driving Focus ကိုဖွင့်ခြင်း၊ ဖန်သားပြင်တွင်ပေါ်နေမည့် CarPlay ပုံကို ပြောင်းလဲခြင်း၊ CarPlay Dashboard ရှိ အကြံပြုချက်များကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်းနှင့် အယ်လ်ဘမ်လက်ရာကိုပြခြင်း သို့မဟုတ် ဝှက်ခြင်းတို့ ပြုလုပ်နိုင်သည်။
CarPlay ဖြင့် Driving Focus ကိုအသုံးပြုခြင်း
Driving Focus သည် သင် လမ်းပေါ်တွင်ဆက်လက်အာရုံစူးစိုက်ရန်ကူညီပေးသည်။ သင်၏ iPhone ကို CarPlay သို့ ချိတ်ဆက်ထားစဉ်တွင် Driving Focus သည် ပွင့်နေပြီး အကြောင်းကြားချက်များနှင့် စာသားမက်ဆေ့ချ်များကို အသံပိတ်ထားသည် သို့မဟုတ် ကန့်သတ်ထားသည်။
သင်၏ကားတွင်ပါရှိသည့် ထိန်းချုပ်မှုများကိုသုံးကာ CarPlay ရှိချိန်ညှိမှုများကိုဖွင့်ပါ။
မှတ်စု CarPlay Dashboard ကိုမြင်ရပြီး မက်ဆေ့ချ်များသည် ဘယ်ဘက်တွင် လက်တစ်လောအက်ပ်စ်များစာရင်းတွင် ပေါ်မလာပါက၊ Settings အပါအဝင် သင့် CarPlay အက်ပ်စ်များအားလုံး၏ pages ကိုကြည့်ရန်
ကိုနှိပ်ပါ။
Driving Focus ကိုသွားပါ၊ ထို့နောက် Activate With CarPlay ကိုရွေးချယ်ပါ။
သင်ယာဉ်မမောင်းနေချိန်တွင် Driving Focus အကြောင်းကြားချက်တစ်ခုကိုလက်ခံလျှင်( ဥပမာ-သင့်တွင် ခရီးသည်ပါရှိသည့်အခါ) ၎င်းကို ပိတ်နိုင်သည်—အကြောင်းကြားချက်ကိုနှိပ်ပါ၊ ထို့နောက် “I’m not driving”ကိုနှိပ်ပါ။
CarPlay ၏ပုံကိုပြောင်းခြင်း
CarPlay သည်ကားအများစုတွင် ပုံသေဖြင့်အမှောင်ပုံစံသို့ထည့်သွင်းပါ။ အမှောင်နှင့်အလင်းပုံစံကြား CarPlay အလိုအလျောက်ပြောင်းသွားလိုပါက၊ အောက်ပါအတိုင်းလုပ်ဆောင်ပါ၊
သင်၏ကားတွင်ပါရှိသည့် ထိန်းချုပ်မှုများကိုသုံးကာ CarPlay ရှိချိန်ညှိမှုများကိုဖွင့်ပါ။
Appearance ကိုရွေးချယ်ပါ။
Always Dark ကိုရွေးချယ်ပါ။
အမှောင်ပုံစံသည်ညကဲ့သို့ အလင်းအားနည်းသည့် ပတ်ဝန်းကျင်များအတွက် လုပ်ဆောင်ထားသည်။
CarPlay တွင် wallpaper ကိုပြောင်းလဲခြင်း
သင်၏ယာဥ်တွင် အသင့်ပါရှိသော ထိန်းချုပ်မှုများကို သုံး၍ CarPlay တွင် Settings ဖွင့်ကာ Wallpaper ရွေးချယ်ပြီးနောက် ရရှိနိုင်သော ရွေးချယ်မှုများထဲမှ တစ်ခုကိုရွေးချယ်ပါ။
CarPlay Dashboard ရှိ အကြံပြုချက်များကို ဝှက်ခြင်း သို့မဟုတ် ပြသခြင်း
သင်၏ကားတွင်ပါရှိသည့် ထိန်းချုပ်မှုများကိုသုံးပြီး CarPlay ရှိချိန်ညှိမှုများကိုဖွင့်ပါ၊ ထို့နောက် CarPlay ရှိ အကြံပြုချက်များကို ပိတ်ပါသို့မဟုတ်ဖွင့်ပါ။
အယ်လ်ဘမ်လက်ရာကို ဝှက်ခြင်းသို့မဟုတ်ပြသခြင်း
သင်၏ကားတွင်ပါရှိသည့် ထိန်းချုပ်မှုများကိုသုံးပြီး CarPlay ရှိချိန်ညှိမှုများကိုဖွင့်ပါ၊ ထို့နောက် Show Album Art ကိုပိတ်ပါ သို့မဟုတ် ဖွင့်ပါ။