iPhone ရှိ Mail တွင်အီးမေးလ်ပို့ခြင်း
Mail အက်ပ် တွင် သင့်အီးမေးလ်အကောင့်များအားလုံးမှ အီးမေးလ် ရေးခြင်းနှင့် ပြင်ဆင်ခြင်းပြုလုပ်နိုင်သည်။
အီးမေးလ်မက်ဆေ့ချ်တစ်စောင် ရေးခြင်း
ကိုနှိပ်ပါ။
Email ထဲကိုနှိပ်ပါ၊ ထို့နောက်သင်၏မက်ဆေ့ချ်ကိုစာရိုက်ပါ။
အကြံပြုချက် မျက်နှာပြင်စာရိုက်ခလုတ်ခုံဖြင့် စာတစ်လုံးနှင့်တစ်လုံးကို လက်ချောင်းကြွရိုက်ခြင်းဖြင့် သင့်လက်ချောင်းကို စာတစ်လုံးမှ နောက်တစ်လုံးသို့ ရွှေ့သွားခြင်းကို လုပ်နိုင်သည်။
စီစဉ်ဖွဲ့စည်းမှုပုံစံကိုပြောင်းရန် စာရိုက်ခလုတ်ခုံအပေါ်ရှိ
ကိုနှိပ်ပါ၊ ပြီးလျှင်
ကိုနှိပ်ပါ။
ဖောင့်ပုံစံနှင့် စာသားအရောင်ပြောင်းလဲခြင်း၊ စာလုံးမည်း သို့မဟုတ် စာလုံးအစောင်းသုံးခြင်း၊ အစက်ချပုံစံ သို့မဟုတ် နံပါတ်တပ်စာရင်းပုံစံထည့်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
လိပ်မူမည့်သူများကို ထည့်သွင်းခြင်း
To ကွက်လပ်ကိုနှိပ်ကာ အဆိုပါလက်ခံမည့်သူများ၏အမည်ကို ရိုက်ထည့်ပါ။
ရိုက်ထည့်သည့်အခါ Mail က အီးမေးလ်လိပ်စာတစ်ခုထက် ပို၍ရှိနေသူများအတွက် အီးမေးလ်လိပ်စာများနှင့်အတူ သင့် Contacts မှလူများကို အလိုအလျောက်အကြံပြုမည်ဖြစ်သည်။
Contacts ကိုဖွင့်ရန်
ကိုနှိပ်နိုင်ပြီး ထိုမှတစ်ဆင့် လိပ်မူမည့်သူများဖြည့်သွင်းနိုင်သည်။
အခြားသူများထံ သင်မိတ္တူတစ်စောင်ကိုပေးပို့လိုပါက Cc/Bcc ကွက်လပ်ကိုနှိပ်၍ အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်ပါ၊
Cc ကွပ်လပ်ကိုနှိပ်၍ သင်မိတ္တူပေးပို့ချင်သည့်သူများ၏အမည်များကို ထည့်သွင်းပါ။
Bcc ကွက်လပ်ကိုနှိပ်၍ အဆိုပါအခြားလက်ခံမည့်သူများ မမြင်စေလိုသည့်အမည်များကို ထည့်သွင်းပါ။
အကြံပြုချက် လက်ခံသူများထည့်သွင်းရန် လိပ်စာနေရာများတွင် ၎င်းတို့အမည်များပြန်စီပါ သို့မဟုတ် လိပ်စာတစ်ခုမှတစ်ခုသို့ ဆွဲယူပါ - ဥပမာ ၎င်းတို့အမည်များကို မပေါ်စေလိုကြောင်း သင်ဆုံးဖြတ်လိုက်လျှင် Bcc နေရာတွင် ထည့်ပါ။
အီးမေးလ်လိပ်စာတစ်ခုကို ထည့်သွင်းရန် ကင်မရာကိုအသုံးပြုခြင်း
လုပ်ငန်းလိပ်စာကတ်၊ ပိုစတာပေါ်ရှိ ပုံနှိပ်ထားသော အီးမေးလ်လိပ်စာတစ်ခုကို စကင်ဖတ်ရန် iPhone ရှိ Mail အက်ပ်မှတစ်ဆင့် Live Text ကိုအသုံးပြုနိုင်သည်။ ၎င်းသည် အီးမေးလ်လိပ်စာကို ကိုယ်တိုင်ရိုက်ထည့်စရာမလိုဘဲ အီးမေးလ်များကို မြန်ဆန်စွာစတင်နိုင်သည်။

To ကွက်လပ်ကိုနှိပ်ပါ၊ ထို့နောက် Scan Email Address
ကိုနှိပ်ပါ။
ကင်မရာဘောင်အတွင်းအီးမေးလ်လိပ်စာကို ပေါ်လာစေရန် iPhone ကိုနေရာချပါ။
ခြေရာခံမိသည့် စာသားတဝိုက် အဝါရောင်ဘောင်ပေါ်လာပါက “insert” ကိုနှိပ်ပါ။
အကြံပြုချက် Live Text အင်္ဂါရပ်ကို ထိုနည်းအတိုင်းအသုံးပြုပြီး ဓာတ်ပုံတစ်ပုံပေါ်ရှိ အီးမေးလ်လိပ်စာတစ်ခုကို ရယူနိုင်သည်။ ဓာတ်ပုံများတွင် Live Text နှင့် Visual Look Up အသုံးပြုခြင်းကိုကြည့်ပါ။
မိမိထံသို့ မိတ္တူတစ်စောင်အလိုအလျောက် ပို့ခြင်း
Settings > Mail သို့သွားကာ Always Bcc Myself ကိုဖွင့်ပါ (Composing အောက်မှ)။
မတူညီသော အကောင့်တစ်ခုမှ အီးမေးလ်တစ်စောင်ပို့ခြင်း
သင့်တွင် အီးမေးလ်အကောင့်တစ်ခုထက်ပို၍ရှိနေလျှင် အီးမေးလ်ပေးပို့မည့်အကောင့်ကို သီးခြားဖော်ပြနိုင်သည်။
သင်၏ အီးမေးလ်စာကြမ်းတွင် Cc/Bcc၊ From ကွက်လပ်ကို နှိပ်ပါ။
From ကွက်လပ်ကိုနှိပ်ပြီး အကောင့်တစ်ခုရွေးချယ်ပါ။