သင့်ကွန်ပျူတာနှင့် iPhone ကိုချိတ်ကိုက်ခြင်း
သင့် Apple ID အကောင့်တစ်ခုတည်းဖြင့်ဝင်ရောက်ထားသည့် သင့်စက်ပစ္စည်းများအားလုံးတွင် သင့်ဓာတ်ပုံများ၊ ဖိုင်များ၊ ပြက္ခဒိန်နှင့် အခြားအဆင့်မြှင့်တင်ထားခြင်းများ အလိုအလျောက်ထားရှိစေရန် iCloud ကို အသုံးပြုနိုင်သည်။ (iCloud.comတွင် သင့် iCloud အချက်အလက်များကို ဝင်ရောက်ခွင့်ရစေရန်Windows PC တစ်ခုကိုပင် အသုံးပြုနိုင်သည်။) Apple Music ကဲ့သို့ အခြားဝန်ဆောင်မှုများသည်လည်း သင့်စက်ပစ္စည်းများအားလုံးတွင် နောက်ထပ်ပေါင်းထားသည့်အကြောင်းအရာများကို ဝင်ရောက်ခွင့်ရရန် ခွင့်ပြုပေးထားသည်။ iCloud နှင် Apple Music ကဲ့သို ဝန်ဆောင်မှုများဖြင့် ချိန်ကိုက်မှုများပြုလုပ်ရန် မလိုအပ်ပေ။
iCloud သို့မဟုတ် အခြားဝန်ဆောင်မှုများကို အသုံးမပြုလိုပါက အောက်ပါအမျိုးအစားများကို တစ်ပြိုင်တည်းထည့်သွင်းစေရန် iPhone ကို သင်၏ Mac သို့မဟုတ် Windows PC တို့နှင့်ချိတ်ဆက်နိုင်သည်။
အယ်လ်ဘမ်များ၊ သီချင်းများ၊ သီချင်းအစုများ၊ ရုပ်ရှင်းများ၊ ရုပ်သံအစီအစဥ်များ၊ အင်တာနက်အသံဖိုင်များ၊ စာအုပ်များနှင့် အသံသွင်းစာအုပ်များဖြစ်သည်။
ဓာတ်ပုံများနှင့် ဗီဒီယိုများ
အဆက်အသွယ်များနှင့် ပြက္ခဒိန်များ
တစ်ပြိုင်တည်းချိန်ကိုက်ခြင်းဖြင့် သင့်ကွန်ပျူတာနှင့် iPhone ကြားတွင်အထက်ပါအမျိုးအစားများကို အချိန်နှင့်တစ်ပြေးညီ ထည့်သွင်းနိုင်သည်။
မှတ်စု iCloud သို့မဟုတ် Apple Music ကဲ့သို့ အခြားဝန်ဆောင်မှုများကို အသုံးပြုပါက တစ်ပြိုင်နက်ထည့်သွင်းခြင်းအတွက် ရွေးချယ်စရာများသည် သင်၏ကွန်ပျူတာတွင် မရရှိနိုင်ပါ။
သင်၏ Mac နှင့် iPhone ကြား တစ်ပြိုင်တည်းချိန်ကိုက်ခြင်းကို စီမံခြင်း
အားသွင်းကြိုးကိုသုံး၍ iPhone နှင့် သင်၏ကွန်ပျူတာကို ချိတ်ဆက်ခြင်း။
သင်၏Mac ရှိ Finder ဘေးဘက်တန်းတွင်၊ iPhone ကိုရွေးချယ်ပါ။
မှတ်စု အကြောင်းအရာကို တစ်ပြိုင်နက်တည်းချိန်ကိုက်စေရန် Finder ကိုအသုံးပြုမည်ဆိုလျှင် macOS 10.15 သို့မဟုတ် နောက်ပိုင်း လိုအပ်သည်။ macOS အစောပိုင်းဗားရှင်းများနှင့်အတူ iTunes ကိုသုံးကာ သင့် Mac နှင့် ချိန်ကိုက်နိုင်သည်။
window ၏ထိပ်တွင် သင်တစ်ပြိုင်နက်ချိန်ကိုက်လိုသည့် အကြောင်းအရာအမျိုးအစားကို နှိပ်ပါ (ဥပမာ ရုပ်ရှင်များ သို့မဟုတ် စာအုပ်များ)။
မှတ်စု Files ရွေးချယ်မှုကိုအသုံးပြုခြ်ငးအကြောင်း အချက်အလက်များအတွက် iPhone နှင့် သင်၏ကွန်ပျူတာကြားတွင် ဖိုင်များရွှေ့ပြောင်းခြင်းကိုကြည့်ပါ။
“Sync [content type] onto [device name]” ကိုရွေးပါ။
ပုံသေအားဖြင့် အကြောင်းအရာအမျိုးအစားတစ်ခု၏ အမျိုးအစားအားလုံးကို တစ်ပြိုင်နက်ချိန်ကိုက်ထားသော်လည်း သီချင်းများ၊ ရုပ်ရှင်များ၊ စာအုပ်များ သို့မဟုတ် ပြက္ခဒိန်ကဲ့သို့သော အမျိုးအစားတစ်ခုချင်းစီကို တစ်ပြိုင်နက်ချိန်ကိုက်စေရန် ရွေးချယ်နိုင်သည်။
သင်တစ်ပြိုင်နက်ချိန်ကိုက်လိုသည့် အကြောင်းအရာအမျိုးအစားတစ်ခုစီအတွက် အဆင့် 3 နှင့် 4 တို့ကို တစ်ဖန်ပြန်လုပ်ကာ Apply နှိပ်ပါ။
သင်၏ Mac နှင့် သင်၏ iPhone တို့ကို ချိတ်ဆက်လိုက်သည့်အခါတိုင်းတစ်ပြိုင်နက်ချိန်ကိုက်ခြင်းလုပ်ဆောင်သွားမည်။
တစ်ပြိုင်နက်ချိန်ကိုက်မှုရွေးချယ်စရာများကို ကြည့်ရန် Finder ဘေးဘက်တန်းရှိ သင်၏ iPhone ကိုရွေးချယ်ကာ window ထိပ်ရှိ ရွေးချယ်စရာများမှ ရွေးချယ်ပါ။
သင်၏ iPhone နှင့် သင်၏ Mac တို၏ ချိတ်ဆက်မှုမဖြတ်တောက်မီ Finder ဘေးဘက်တန်းရှိEject ခလုတ်ကို နှိပ်ပါ။
macOS သုံးဆွဲသူလမ်းညွှန်ထဲတွင်ပါဝင်သည့် သင်၏ Mac နှင် iPhone သို့မဟုတ် iPad တိုကြား တစ်ပြိုင်နက်ချိန်ကိုက်ခြင်းအကြောင်းအရာကိုကြည့်ပါ။
သင်၏ Windows PC နှင့် iPhone ကြား တစ်ပြိုင်နက်ချိန်ကိုက်ခြင်းကို စီမံခြင်း
သင်၏ PC တွင် iTunes ၏နောက်ဆုံးထွက်ဗားရှင်းကို ထည့်သွင်းပါ သို့မဟုတ် အဆင့်မြှင့်တင်ပါ။
Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် iTunes ၏နောက်ဆုံးထွက်ဗားရှင်းကို အဆင့်မြှင့်တင်ခြင်းကိုကြည့်ပါ။
အားသွင်းကြိုးကိုသုံး၍ iPhone နှင့် သင်၏ကွန်ပျူတာကို ချိတ်ဆက်ခြင်း။
သင်၏ PC ရှိ iTunes အက်ပ်စ်တွင်၊ iTunes မျက်နှာပြင် ၏ဘယ်ဘက်ထိပ်အနီးရှိ iPhone ခလုတ်ကိုနှိပ်ပါ။
ဘယ်ဘက်ရှိဘေးဘက်တန်းတွင် သင်တစ်ပြိုင်နက်ချိန်ကိုက်လိုသည့်အကြောင်းအရာအမျိုးအစားကို နှိပ်ပါ (ဥပမာ ရုပ်ရှင်များ သို့မဟုတ် စာအုပ်များ)။
မှတ်စု Files မျှဝေမှုနည်းလမ်းကိုအသုံးပြုခြင်းအတွက်အချက်အလက်များအတွက် iPhone နှင့် သင်၏ကွန်ပျူတာကြားတွင် ဖိုင်များရွှေ့ပြောင်းခြင်းကိုကြည့်ပါ။
အမျိုးအစားတစ်ခုအတွက် တစ်ပြိုင်နက်ချိန်ကိုက်မှုကိုဖွင့်ရန် Sync ကိုရွေးချယ်ပါ။
ပုံသေအားဖြင့် အကြောင်းအရာအမျိုးအစားတစ်ခု၏ အမျိုးအစားအားလုံးကို တစ်ပြိုင်နက်ချိန်ကိုက်ထားသော်လည်း သီချင်းများ၊ ရုပ်ရှင်များ၊ စာအုပ်များ သို့မဟုတ် ပြက္ခဒိန်ကဲ့သို့သော အမျိုးအစားတစ်ခုချင်းစီကို တစ်ပြိုင်နက်ချိန်ကိုက်စေရန် ရွေးချယ်နိုင်သည်။
သင်၏ iPhone တွင် ထည့်သွင်းလိုသည့် အကြောင်းအရာအမျိုးအစားတစ်ခုစီအတွက် အဆင့် 3 နှင့် 4 တို့ကို တစ်ဖန်ပြန်လုပ်ကာ Apply နှိပ်ပါ။
ပုံသေအားဖြင့် သင်၏ Windows PC နှင့် သင်၏ iPhone တို့ကို ချိတ်ဆက်လိုက်သည့်အခါတိုင်းတစ်ပြိုင်နက်ချိန်ကိုက်ခြင်းလုပ်ဆောင်သွားမည်။ တစ်ပြိုင်နက်ချိန်ကိုက်ခြင်းမပြုလုပ်မီ iTunes ခွင့်ပြုချက်တောင်းခံစေနိုင်သည်။ သင်တစ်ပြိုင်နက်ချိန်ကိုက်ခြင်းမလုပ်လိုသည့် အမျိုးအစားတချို့ရှိလျှင် တစ်ပြိုင်နက်ချိန်ကိုက်ခြင်းမပြုမီ တားမြစ်နိုင်သည်။ Windows အတွက် iTunes သုံးစွဲသူလမ်းညွှန်ထဲရှိ သင်၏စက်ပစ္စည်းများဖြင့်ချိတ်ဆက်ထားသော PC တွင် iTunes အကြောင်းအရာကို တစ်ပြိုင်နက်ချိန်ကိုက်ခြင်း ကိုကြည့်ပါ။
Wi-Fi syncing ကိုဖွင့်ပါ
သင်၏ကွန်ပျူတာနှင့် iPhone တို့ကို တစ်ပြိုင်နက်ကိုက်ညီစေခြင်းကို စီမံသတ်မှတ်ပြီးနောက် အောက်ပါတို့ကိုလုပ်ဆောင်ပါ၊
အားသွင်းကြိုးကိုသုံး၍ iPhone နှင့် သင်၏ကွန်ပျူတာကို ချိတ်ဆက်ခြင်း။
အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊
Mac ပေါ်ရှိ Finder ဘေးဘက်တန်းတွင်၊ သင်၏ iPhone ကိုရွေးချယ်ကာ window ထိပ်ရှိ General ကိုနှိပ်၍ “Show this [device] when on Wi-Fi” ကိုရွေးချယ်ါ။
Wi-Fi synching ကို ဖွင့်ရန် Finder ကိုအသုံးပြုမည်ဆိုလျှင် macOS 10.15 သို့မဟုတ် နောက်ပိုင်း လိုအပ်သည်။ အစောပိုင်း macOS အမျိုးအစားများဖြင့် Wi-Fi syncing ကိုဖွင့်ရန် iTunes ကိုအသုံးပြုပါ။
Windows PC ရှိ iTunes အက်ပ်တွင်၊ iTunes window ဘယ်ဘက်ထိပ်အနီးရှိ iPhone ခလုတ်ကို နှိပ်ပါ၊ Summary ကို နှိပ်ပါ၊ ထို့နောက် “Sync with this [device] over Wi-Fi” ကိုရွေးပါ (Options ထဲတွင်)။
Apply ကိုနှိပ်ပါ။
ပုံသေသတ်မှတ်ခြင်းဖြင့် iPhone ကိုအားသွင်းသည့်အခါတိုင်းနှင့် Wi-Fi မှတစ်ဆင့် သင်၏ Mac သို့မဟုတ် Windows PC ရှိ iTunes တို့နှင့်ချိတ်ဆက်သည့်အခါတိုင်း ကျွန်ပျူတာသည် ရွေးချယ်ထားသည့် အကြောင်းအရာများကို iPhone ထဲသို့ တစ်ပြိုင်နက်ချိန်ကိုက်ပေးသည်။
macOS သုံးစွဲသူလမ်းညွှန်ထဲရှိ သင်၏ Mac နှင် iPhone သို့မဟုတ် iPad တို့ကို Wi-Fi မှတစ်ဆင့်ချိတ်ဆက်၍ အကြောင်းအရာကို တစ်ပြိုင်နက်ချိန်ကိုက်ခြင်း သို့မဟုတ် Windows အတွက် iTunes သုံးစွဲသူလမ်းညွှန်ထဲရှိဘPC နှင့် စက်ပစ္စည်းများကို Wi-Fi ဖြင့်တစ်ဆင့်ချိတ်ဆက်၍ iTunes အကြောင်းအရာကို တစ်ပြိုင်နက်ချိန်ကိုက်ခြင်း ကိုကြည့်ပါ။
သတိပေးချက် သင်၏ကွန်ပျူတာမှ တစ်ပြိုင်နက်ချိန်ကိုက်ထားသည့် အမျိုးအစားတစ်ခုကို ဖျက်လျှင် နောက်တစ်ကြိမ်တစ်ပြိုင်နက်ချိန်ကိုက်ခြင်းပြုသည့်အခါ ထိုအမျိုးအစားသည် သင်၏ iPhone ထဲမှပျက်သွားမည်။