iPhone တွင် စာရိုက်ခလုတ်ခုံများကို ထပ်ပေါင်းထည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း
စာလုံးပေါင်းစစ်ဆေးခြင်းကဲ့သို့ စာရိုက်မည့်လက္ခဏာရပ်များကို ဖွင့်နိုင်သည် သို့မဟုတ် ပိတ်နိုင်သည်၊ မတူညီသည့် ဘာသာစကားများတွင် စာရေးခြင်းအတွက် စာရိုက်ခလုတ်ခုံများ ထပ်ပေါင်းထည့်ခြင်း၊ နှင့် သင့်ဖန်သားပြင်ရှိ သို့မဟုတ် ကြိုးမဲ့စာရိုက်ခလုတ်ခုံအဆင်အပြင်အား ပြောင်းလဲခြင်း။
အခြားဘာသာစကားများအတွက် စာရိုက်ခလုတ်ခုံများ ထပ်ပေါင်းထည့်ပါက သင်သည် စာရိုက်ခလုတ်ခုံများကြား အပြောင်းအလဲလုပ်ရန်မလိုဘဲ ဘာသာစကား နှစ်မျိုးကို ရိုက်နိုင်သည်။ သင်၏စာရိုက်ခလုတ်ခုံသည်သင်အများဆုံးသုံးတတ်သည့်ဘာသာစကားနှစ်မျိုးကြားကိုအလိုအလျောက်ရွှေ့ပေးသည်။ (ဘာသာစကားအားလုံးအတွက်မရနိုင်ပါ။)
နောက်ထပ်ဘာသာစကားအတွက် စာရိုက်ခလုတ်ခုံတစ်ခုထည့်သွင်းခြင်း သို့မဟုတ် ဖယ်ရှားခြင်း
Settings
> General > Keyboard သို့သွားပါ။
Keyboards ကိုနှိပ်ပါ၊ ထို့နောက်အောက်ပါတို့မှ တစ်ခုခုကို လုပ်ဆောင်ပါ၊
စာရိုက်ခလုတ်ခုံတစ်ခု ထပ်ပေါင်းထည့်ခြင်း၊ Add New Keyboard ကိုနှိပ်ပါ၊ ထို့နောက် ၎င်းစာရင်းမှ စာရိုက်ခလုတ်ခုံတစ်ခု ကိုရွေးချယ်ပါ။ စာရိုက်ခလုတ်ခုံများပိုမိုထည့်ပေါင်းထည့်ရန် အကြိမ်ကြိမ်လုပ်ဆောင်ခြင်း။
စာရိုက်ခလုတ်ခုံတစ်ခုကိုဖယ်ရှားခြင်း၊ Edit ကိုနှိပ်ပါ၊ သင်ဖယ်ရှားလိုသော စာရိုက်ခလုတ်ခုံဘေးရှိ
ကိုနှိပ်ပါ၊ Delete ကိုနှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။
သင့်စာရိုက်ခလုတ်ခုံစာရင်းကို ပြန်လည်စဥ်ထားရန်၊ Edit ကိုနှိပ်ပါ၊ ထို့နောက် စာရိုက်ခလုတ်ခုံတစ်ခုဘေးရှိ
ကို စာရင်းထဲရှိ နေရာအသစ်သို့ ဆွဲယူသွားပါ၊ ထို့နောက် Done ကို နှိပ်ပါ။
အခြားဘာသာစကားတစ်ခုအတွက် ကီးဘုတ်တစ်ခုကိုထည့်သွင်းထားသည်ဆိုလျှင် သက်ဆိုင်ရာဘာသာစကားကို Preferred Language Order စာရင်းသို့ အလိုအလျောက်ထည့်သွင်းပေးမည်ဖြစ်သည်။ Settings > General > Language & Region မှတဆင့် ထိုစာရင်းကိုကြည့်ရှုနိုင်၊ ဘာသာစကားများတိုက်ရိုက်ပေါင်းထည့်နိုင်သည်။ အက်ပ်များနှင့် ဝက်ဘ်ဆိုက်များ၏ စာသားဖော်ပြချက်ကိုပြောင်းလဲရန်လည်း စာရင်းကို ပြန်လည်စီစဉ်နိုင်သည်။
တခြားစာရိုက်ခလုတ်ခုံသို့ ပြောင်းခြင်း
စာရိုက်နေစဉ်တွင်
သို့မဟုတ်
ကိုထိ၍ထိန်းထားပါ။
သင်ပြောင်းလိုသည့် စာရိုက်ခလုတ်ခုံအမည်ကိုနှိပ်ပါ။
စာရိုက်ခလုတ်ခုံတစ်ခုမှ အခြားတစ်ခုသို့ရွှေ့ရန် သို့မဟုတ်
ကိုလည်း နှိပ်နိုင်သည်။ အခြားအသုံးပြုနိုင်သည့် စာရိုက်ခလုတ်ခုံများကို သုံးစွဲနိုင်ရန် ဆက်လက်နှိပ်ပါ။
Magic Keyboard နှင့် အခြားစာရိုက်ခလုတ်ခုံများကို တစ်လှည့်စီပြောင်းသုံးနိုင်သည်။
စာရိုက်ခလုတ်ခုံတစ်ခုကို အခြားအဆင်အပြင်တစ်ခု သတ်မှတ်ခြင်း
သင်၏မူလစာရိုက်ခလုတ်ခုံပေါ်ရှိ ခလုတ်အစဥ်နှင့် မတူညီသော အခြားစာရိုက်ခလုတ်ခုံအဆင်အပြင်တစ်ခုကို အသုံးပြုနိုင်သည်။
Settings
> General > Keyboard > Keyboards သို့သွားပါ။
မျက်နှာပြင်၏ထိပ်ဆုံးရှိ ဘာသာစကားကို နှိပ်ပါ၊ ထို့နောက် အခြားအဆင်အပြင်ကို စာရင်းမှ ရွေးချယ်ပါ။