iPhone ဓာတ်ပုံများကို iCloud ရှိ Shared Albums နှင့်မျှဝေခြင်း
Photos အက်ပ်စ် တွင်ရှိသော Shared Albumsဖြင့် သင်ရွေးချယ်လိုက်သည့် လူများနှင့်အတူ ဓာတ်ပုံများဗီဒီယိုများကို မျှဝေနိုင်သည်။ ထိုလူများသည်လည်း ကိုယ်တိုင်၏ဓာတ်ပုံများ၊ ဗီဒီယိုများထည့်သွင်းနိုင်သလို ထင်မြင်ချက်များ ရေးနိုင်သည်။ iCloud Photos နှင့် My Photo Stream တို့ပါသည်ဖြစ်စေ မပါသည်ဖြစ်စ Shared Albums အားဖွင့်နိုင်သည်။
Shared Albums ကိုဖွင့်ခြင်း
Settings > [your name] > iCloud > Photos သို့သွားကာ Shared Albums ကိုဖွင့်ပါ။
မျှဝေထားသည့် အယ်လ်ဘမ်အသစ်တစ်ခု ဖန်တီးပါ
Albums ကိုနှိပ်၍
ကိုနှိပ်ကာ New Shared Album ကို နှိပ်ပါ။
၎င်းအယ်လ်ဘမ်ကို နာမည်ပေးရန် Next ကို နှိပ်ပါ။
ဖိတ်ခေါ်မည့် လူကို ရွေးပါ၊ သို့မဟုတ် အီးမေးလ်လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်ကို ရွေးပါ၊ ထို့နောက် Create ကို နှိပ်ပါ။
iCloud တွင် မည်သူမဆိုကြည့်ခွင့်ဖွင့်ခြင်း
Albums ကိုနှိပ်၍ မျှဝေသောအယ်လ်ဘမ်တစ်ခုကို ရွေးချယ်ပါ။
ကိုနှိပ်ကာ Public Website ကိုနှိပ်ပါ။
Public Website ကိုဖွင့်ထားသည့်အခါ iCloud URL ရှိသည် မည်သူမဆို ထိုအယ်လ်ဘမ်ကိုကြည့်ရှုနိုင်သည်။
မျှဝေသောအယ်လ်ဘမ်ထဲသို့ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ထည့်သွင်းပါ
Albums ကိုနှိပ်၍ မျှဝေထားသည့်အယ်လ်ဘမ်တစ်ခုကိုရွေးပြီးနောက်
ကိုနှိပ်ပါ။
သင်ထည့်သွင်းလိုသော ဓာတ်ပုံများအားလုံးကို ရွေးချယ်ကာ Done ကိုနှိပ်ပါ။
ဆန္ဒရှိလျှင် ထင်မြင်ချက်တစ်ခု ထည့်ကာ Post ကိုနှိပ်ပါ။
ကြည့်ရှုသူတို့ကို ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ရှားခြင်း အသိပေးချက်ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း
မျှဝေထားသောအယ်လ်ဘမ်ကိုရွေးချယ်ကာ ကိုနှိပ်ပြီးနောက် အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊
ကြည့်ရှုသူထည့်သွင်းရန်၊ Invite People ကိုနှိပ်ပြီးနာက် ထည့်သွင်းလိုသော ကြည့်ရှုသူတို့၏ အမည်များကို ရိုက်ထည့်ပါ။
စာရင်းပေးသွင်းသူများသည် ထိုအယ်လ်ဘမ်ထဲသို့ ဓာတ်ပုံများနှင့် ဗီဒီယိုများထည့်သွင်းနိုင်သည်။ Subscribers Can Post ခလုတ်ကိုပိတ်ထားမှသာလျှင် သင်တစ်ဦးတည်းက ဓာတ်ပုံများနှင့် ဗီဒီယိုများကို ထည့်သွင်းနိုင်မည်။
ကြည့်ရှုသူများကို ဖယ်ရှားရန်၊ စာရင်းပေးသွင်းသူ၏အမည်ကိုနှိပ်ကာ Remove Subscriber ကိုနှိပ်ပါ။
အသိပေးချက်များကိုပိတ်ရန်၊ Notifications ခလုတ်ကိုနှိပ်ပါ။ Notifications ဖွင့်ရန်တစ်ဖန်ပြန်နှိပ်ပါ။
မျှဝေသောအယ်လ်ဘမ်တစ်ခုမှ ဓာတ်ပုံများ၊ ဗီဒီယိုများ နှင့် ထင်မြင်ချက်များကို ဖျက်သိမ်းခြင်း
ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကို ဖျက်သိမ်းရန် ထိုမျှဝေသောအယ်လ်ဘမ်၏ ပိုင်ရှင်သည် သင်ဖြစ်ရမည်။
ဓာတ်ပုံများနှင့် ဗီဒီယိုများကို ဖျက်သိမ်းရန်၊ မျှဝေသောအယ်လ်ဘမ်တစ်ခုတွင် Select ကိုနှိပ်ပါ။ သင်ဖျက်သိမ်းလိုသော ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကို ရွေးချယ်ကာ
ကိုနှိပ်ပါ။
ထင်မြင်ချက်များကို ဖျက်သိမ်းရန်၊ မျှဝေသောဓာတ်ပုံတစ်ပုံရှိ ထင်မြင်ချက်ကိုကြည့်ရှုနေစဉ်၊ နှိပ်၍ထိန်းထားကာ Delete ကိုနှိပ်ပါ။
မျှဝေသော အယ်လ်ဘမ်ကို အမည်ပြန်ပေးခြင်း
Albumsတွင် Shared Albums သို့ဆွဲချပြီး See All နှိပ်ပါ။
Edit ကိုနှိပ်၍ အယ်လ်ဘမ်ရဲ့ အမည်ကိုနှိပ်ကာ အမည်သစ်ရိုက်သွင်းပါ။
မျှဝေသောအယ်လ်ဘမ်တစ်ခုကို ကြည့်ရှုရန်စာရင်းသွင်းခြင်း
သင့်အား ဖိတ်ကြားခြင်းခံရသည့်အခါ ကိုနှိပ်၍ Accept ကိုနှိပ်ပါ။ email တွင်လည်း ဖိတ်ကြားသည့်စာကို သင် လက်ခံရရှိနိုင်သည်။
မှတ်စု Shared Albums ကိုအသုံးပြုရန် သင့် iPhone သည် အင်တာနက်နှင့်ချိတ်ဆက်ထားရမည်။ Shared Albums သည် Wi-Fi နှင့်ဖြစ်စေ cellular အင်တာနက်နှင့်ဖြစ်စေ လည်ပတ်နိုင်သည်။ Cellular အင်တာနက်အခကြေးငွေ ကုန်ကျနိုင်သည်။ iPhone ကို အင်တာနက်နှင့်ချိတ်ဆက်ခြင်း ကိုကြည့်ပါ။