သင်၏ iPhone ကိုရောင်းခြင်း သို့မဟုတ် အခြားသူအားပေးလိုက်ခြင်း
သင်၏ iPhone အား ရောင်းချခြင်း သို့မဟုတ် အခြားလူအားပေးလိုက်ခြင်း မပြုမီ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် သင်၏ iPhone၊ iPad၊ သို့မဟုတ် iPod touch အားမရောင်းချမီ၊ အခြားသူအားမပေးမီ သို့မဟုတ် လဲလှယ်ခြင်းမပြုမီ လုပ်ရမည့်အရာများကို ကြည့်၍ အောက်ပါလုပ်ဆောင်မှုများကို သေချာစွာဆောင်ရွက်ပါ၊
သင်၏ iPhone နှင့် Apple Watch ကိုချိတ်ဆက်ထားပါက၊ သင်၏ Apple Watch ကိုချိတ်ဆက်မှုဖြုတ်ပါ။ (Apple အထောက်အကူပြုဆောင်းပါး သင်၏ Apple Watch ကိုချိတ်ဆက်မှုဖြုတ်ခြင်းနှင့်ဖျက်ခြင်း ကိုကြည့်ပါ။)
iPhone ကို အရန်ကူးယူထားခြင်း။ သင့် iPhone ကို နောက်တစ်လုံးနှင့် လဲလှယ်မည်ဆိုလျှင် စီမံမှုအထောက်အကူပြုနည်းများ အားကြည့်၍ အရန်ကူးယူထားမှုများအား သင့် iPhone အသစ်တွင် ပြန်လည်ထားရှိနိုင်သည်။
သင့် iPhone ကို သင်၏လက်ဝယ်ရှိ အခြားတစ်လုံးနှင့် အစားထိုးအသုံးပြုမည်ဆိုပါက iPhone တစ်လုံးမှ တစ်လုံးဆီသို့ သင့်အက်ပ်များနှင့်ဒေတာများကို ရွှေ့ပြောင်းရန် iCloud တွင် အခမဲ့အပိုသိုလှောင်မှုကို အသုံးပြုနိုင်သည်။ Settings
> General > Transfer or Reset iPhone > Get Started သို့သွား၍ ဖန်သားပြင်ညွှန်ကြားချက်များကို လိုက်နာပါ။
iCloud နှင့် iTunes & App Store တို့မှ အကောင့်ထွက်ပါ။ Settings > [your name] သို့သွား၍ အောက်သို့ပွတ်ဆွဲပါ၊ Sign Out ကိုနှိပ်၍ သင်၏ Apple ID လျှို့ဝှက်နံပါတ်ကို ထည့်သွင်းပါ၊ ထို့နောက် Turn Off ကိုနှိပ်ပါ။
ကိုယ်ရေးသတင်းအချက်အလက်များ ပါဝင်သည့် အကြောင်းအရာများအားလုံး နှင့် ချိန်ညှိမှုများကို ဖျက်ပါ။ သင်၏ iPhone အတွက် ယခင်က Find My ကိုဖွင့်ထားပါကသင်၏ iPhone ကိုဖျက်သည်နှင့် Activation Lock လည်း ဖယ်ရှားပြီးဖြစ်သွားကာ ပိုင်ရှင်အသစ် အသုံးပြုရန်အသင့်ဖြစ်သွားမည်။