iPhone တွင် အဖွဲ့လိုက် FaceTime ဖုန်းခေါ်ဆိုခြင်း
FaceTime အက်ပ် တွင် အဖွဲ့လိုက် FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုတွင် လူ 32 ယောက်ထိ အတူပါဝင်ပြောဆိုနိုင်သည် (နိုင်ငံများ သို့မဟုတ် ဒေသများအားလုံးတွင်မရနိုင်ပါ)။
အဖွဲ့လိုက် FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုကို စတင်ခြင်း
FaceTime တွင် ဖန်သားပြင်ထိပ်နားရှိ New FaceTime ကိုနှိပ်ပါ။
ထိပ်တွင်ရှိသော ရိုက်ထည့်သည့်ကွက်လပ်တွင် သင်ဖုန်းခေါ်ဆိုလိုသော လူအမည်များ သို့မဟုတ် နံပါတ်များကို ရိုက်ထည့်ပါ။
Contacts ကိုဖွင့်ရန်
ကိုနှိပ်နိုင်ပြီး ထိုမှတစ်ဆင့် လူများဖြည့်သွင်းနိုင်သည်။ သို့မဟုတ် သင့်ခေါ်ဆိုမှုမှတ်တမ်းများတွင် အကြံပြုသည့် ဆက်သွယ်မှုများကိုနှိပ်ပါ။
ဗီဒီယိုခေါ်ဆိုမှုတစ်ခုပြုလုပ်ရန်
သို့မဟုတ် FaceTime အသံခေါ်ဆိုမှုပြုလုပ်ရန်
ခလုတ်ကိုနှိပ်ပါ။

ပါဝင်ဖုန်းပြောသူတစ်ယောက်စီသည် ဖန်သားပြင်ပေါ်တွင် အကွက်တစ်ကွက်စီဖြင့် ပေါ်သည်။ ပါဝင်သူတစ်ဦးက စကားပြောသည့်အခါ (နှုတ်ဖြင့်လည်းကောင်း လက်ဟန်ဘာသာစကားဖြင့်လည်းကောင်း) သို့မဟုတ် ၎င်းအကွက်ကို သင်နှိပ်လိုက်သည့်အခါ အဆိုပါအကွက်သည် ပိုမိုပေါ်လွင်လာသည်။ ဖန်သားပြင်နှင့် မဆံ့သော အကွက်များသည် အောက်ခြေတွင် အတန်းတစ်တန်းဖြင့် ပေါ်နေမည်။ သင်မမြင်ရသော ပါဝင်ပြောဆိုသူကို ရှာဖွေရန် အတန်းတစ်လျှောက် ပွတ်ဆွဲပါ။ (အဆိုပါ ပါဝင်သူ၏ ဓာတ်ပုံမပေါ်သည့်အခါ အကွက်ထဲတွင် သူ၏ နာမည်အစများ ပေါ်ကောင်းပေါ်နေမည်။)
အဖွဲ့လိုက် FaceTime ခေါ်ဆိုမှုတွင် စကားပြောနေသော သို့မဟုတ် လက်ဟန်စကားပြောနေသော ထိုပုဂ္ဂိုလ်၏ပုံရိပ်အကွက် ပိုပြီးရှည်မျောကြီးလာခြင်း မဖြစ်စေရန် Settings > FaceTime ကိုသွားပြီး Automatic Prominence အောက်ရှိ Speaking ကို ပိတ်ပါ။
မှတ်စု အစီအစဥ်တင်ဆက်သူအတွက် လက်ဟန်ဘာသာစကားထောက်လှမ်းခြင်းသည် ထောက်ပံ့သောအမျိုးအစားတစ်ခု ရှိနေဖို့လိုအပ်ပါသည်။ ထို့အပြင် အစီအစဥ်တင်ဆက်သူသာမက ပါဝင်သူများပါ iOS 14၊ iPadOS 14၊ macOS 11 သို့မဟုတ် နောက်ပိုင်းထွက်များဖြစ်ဖို့ လိုအပ်ပါသည်။
အဖွဲ့လိုက် Messages အပြန်အလှန်ပေးပို့ပြောဆိုခြင်းမှ အဖွဲ့လိုက် FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုစတင်ခြင်း
အဖွဲ့လိုက် Messages အပြန်အလှန်ပေးပို့ပြောဆိုခြင်းတွင် Messages တွင် သင် မက်ဆေ့ချ်ပို့ပြောဆိုနေသည့်သူများနှင့် အဖွဲ့လိုက် FaceTime ဖုန်းခေါ်ဆိုမှုတစ်ခု စတင်နိုင်သည်။
မက်ဆေ့ချ်စကားပြောခြင်း ညာဘက်ထိပ်ရှိ
ကိုနှိပ်ပါ။
အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊
FaceTime Audio ကိုနှိပ်ပါ။
FaceTime Video ကိုနှိပ်ပါ။
ဖုန်းခေါ်ဆိုမှုတစ်ခုသို့ နောက်တစ်ယောက်ထပ်ဖြည့်ခြင်း
FaceTime ဖုန်းခေါ်ဆိုနေစဉ်အတွင်း ပါဝင်နေသူတစ်ယောက်ယောက်သည် အခြားလူတစ်ဦးဦးအားအချိန်မရွေး ထပ်ပေါင်းထည့်နိုင်သည်။
FaceTime ခေါ်ဆိုမှုပြုလုပ်စဉ်တွင် (သူတို့မမြင်ရလျှင်) FaceTime ထိန်းချုပ်ခလုတ်များကိုပြရန် ဖန်သားပြင်ကိုနှိပ်ပါ၊ ထိန်းချုပ်ခလုတ်များ၏ထိပ်ကိုနှိပ်ပါ၊ ထို့နောက် Add People ကိုနှိပ်ပါ။
ထိပ်တွင်ရှိသော ရိုက်ထည့်သည့်ကွက်လပ်တွင် သင်ထပ်ထည့်လိုသူ၏ အမည်၊ Apple ID သို့မဟုတ် ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။
သို့မဟုတ် Contacts ထဲရှိ တစ်ယောက်ယောက်ကို ထည့်သွင်းရန်
ကိုနှိပ်ပါ။
Add People ကိုနှိပ်ပါ။
အဖွဲ့လိုက် FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုထဲသို့ ဝင်ရောက်ပါဝင်ခြင်း
တစ်စုံတစ်ယောက်မှသင့်အား အဖွဲ့လိုက် FaceTime ခေါ်ဆိုမှုတစ်ခုကိုဝင်ရန် ဖိတ်ခေါ်သည့်အခါ အဝင်ခေါ်ဆိုမှု အကြောင်းကြားချက်တစ်ခုကို လက်ခံရရှိမည်—သင်ဝင်ရောက်နိုင်သည် သို့မဟုတ် ငြင်းပယ်နိုင်သည်။ FaceTime ဖုန်းအဝင်ခေါ်ဆိုမှုကို လက်ခံပြောဆိုခြင်း ကိုကြည့်ပါ။
အဖွဲ့လိုက် FaceTime ဖုန်းခေါ်ဆိုမှုမှ ထွက်ခွာခြင်း
အဖွဲ့လိုက်ဖုန်းခေါ်ဆိုမှုမှ အချိန်မရွေးထွက်ခွာရန် Leave ကိုနှိပ်ပါ။
ပါဝင်ပြောဆိုနေသူ နှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပို၍ ရှိနေသေးလျှင် ၎င်းဖုန်းခေါ်ဆိုမှုဆက်လက်ရှိနေဦးမည် ဖြစ်သည်။