iPhone တွင် wallpaper ကိုပြောင်းလဲခြင်း
iPhone တွင် ပိတ်ထားသည့်ဖန်သားပြင် သို့မဟုတ် Home ဖန်သားပြင် အတွက် wallpaper အဖြစ်ထားရန် ရုပ်ပုံ သို့မဟုတ် ဓာတ်ပုံတစ်ပုံကိုရွေးချယ်ပါ။ ရွေ့လျားပုံများနှင့်ရုပ်ငြိမ်ပုံများမှရွေးချယ်နိုင်သည်။

wallpaper ကိုပြောင်းလဲခြင်း
Settings
> Wallpaper > Choose a New Wallpaper သို့သွားပါ။
အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊
ဖန်သားပြင်၏ထိပ်ရှိအုပ်စုတစ်စုမှ ကြိုတင်သတ်မှတ်ထားသည့်ရုပ်ပုံတစ်ခုအား ရွေးချယ်ခြင်း။(ရွေ့လျားပုံ၊ ရုပ်ငြိမ်ပုံအစရှိသဖြင့်)။
Dark Mode ကိုဖွင့်ထားသည့်အခါ
နှင့်မှတ်သားသည့်မျက်နှာပြင်ပုံသည် အသွင်အပြင်ပြောင်းလဲလာသည်။
သင့်ကိုယ်ပိုင်ဓာတ်ပုံများမှတစ်ပုံကိုရွေးချယ်ခြင်း (အယ်ဘမ်တစ်ခုကိုနှိပ်ပါ၊ ထို့နောက် ၎င်းဓာတ်ပုံကိုနှိပ်ပါ)။
သင်ရွေးချယ်ထားသည့်ပုံကိုပြန်လည်နေရာချရန်၊ ၎င်းအပေါ်တွင်လက်နှစ်ချောင်းဖြင့် ပုံကြီးချဲ့ပါ၊ ထို့နောက် ၎င်းပုံအား သင့်လက်ချောင်းဖြင့်ဆွဲယူနေရာရွှေ့ပါ။ လက်နှစ်ချောင်းဖြင့် ပုံပြန်ချုံ့ပါ။
Perspective Zoom ကိုဖွင့်ရန်
ကိုနှိပ်ပါ (အချို့ wallpaper ရွေးချယ်စရာများတွင် လုပ်နိုင်သည်)၊ ထိုသို့ပြုလုပ်ထားပါက ရှုထောင့်ပြောင်းလဲ ကြည့်သည့်အခါ သင်၏ wallpaper သည် လှုပ်ရှားသွားဟန်ရှိသည်။
မှတ်စု Reduce Motion ကိုဖွင့်ထားပါက Perspective Zoom ရွေးချယ်မှုသည် ပေါ်မည်မဟုတ်ပါ (Settings > Accessibility > Motion တွင်ရှိသည်)။ လှုပ်ရှားမှုအာရုံခံစားမှုများအတွက် iPhone ကို စိတ်ကြိုက်ပြုလုပ်ခြင်း ကိုကြည့်ပါ။
Set ကိုနှိပ်၍ အောက်ပါတို့အနက်တစ်ခုခုကိုရွေးပါ၊
ပိတ်ထားသည့်ဖန်သားပြင်တွင် ထားရှိခြင်း
Home ဖန်သားပြင်တွင် ထားရှိခြင်း
နှစ်မျိုးလုံးတွင် ထားရှိခြင်း
သင်သတ်မှတ်ပြီးထားသော wallpaper အတွက် Perspective Zoom ကိုဖွင့်ရန် Settings > Wallpaper သို့သွား၍ ပိတ်ထားသည့်ဖန်သားပြင် သို့မဟုတ် Home ဖန်သားပြင်တို့၏ ရုပ်ပုံကို နှိပ်ပြီးနောက် Perspective Zoom ကိုနှိပ်ပါ။
အကြံပြုချက် Shortcuts အက်ပ်အတွင်း ကိုယ်တိုင်အလိုအလျောက်ပြုလုပ်ခြင်း တစ်ခု ဖန်တီး၍ သင့် wallpaper ကို အလိုအလျောက်ပြောင်းလဲနိုင်သည်။ သင့်အလိုအလျောက်ပြုလုပ်ခြင်းအတွက် အချိန်ဇယားစီမံပါ၊ ထို့နောက် သင့်အလိုအလျောက်ပြုလုပ်ခြင်းသို့ Set Wallpaper လုပ်ဆောင်ချက်ကို ထပ်ပေါင်းပါ။ Shortcuts သုံးစွဲသူလမ်းညွှန် ကိုကြည့်ပါ။