iPhone ဖျက်သိမ်းခြင်း
အချက်အလက်များကိုဖျက်သည့်အခါ ၎င်းသည် iPhone ကြားခံပေါင်းကူးစနစ်မှတစ်ဆင့် ဝင်ရောက်ရန်မဖြစ်နိုင်တော့သော်လည်း ၎င်းသည် iPhone သိုလှောင်မှုတွင် ကျန်ရှိနေမည်ဖြစ်သည်။ သိုလှောင်မှုမှ သင့်အကြောင်းအရာများနှင့် ချိန်ညှိမှုများအား ဖယ်ရှားရန် iPhone ဒေတာအား ပယ်ဖျက်ပါ။ ဥပမာအားဖြင့် iPhone အား ရောင်းချခြင်း သို့မဟုတ် အခြားသူအားပေးလိုက်ခြင်းမလုပ်မီ ပယ်ဖျက်ပါ။ သင်၏အကြောင်းအရာနှင့်ချိန်ညှိမှုများသိမ်းဆည်းလိုပါက၊ ယင်းကိုမဖျက်မီ iPhone ကို အရန်ကူးယူထားပါ။
Settings မှ iPhone ကိုဖျက်သိမ်းနိုင်သည်။ Settings ကိုဖွင့်မရပါက iPhone ကိုဖျက်သိမ်းရန် ကွန်ပျူတာတစ်လုံးကိုအသုံးပြုနိုင်သည်။
iPhone မှ အကြောင်းအရာများအားလုံးနှင့် ချိန်ညှိမှုများကိုဖျက်ခြင်း
Settings
> General > Transfer သို့မဟုတ် Reset iPhone သို့သွားပါ။
သင့် iPhone ကို သင်၏လက်ဝယ်ရှိ အခြား iPhone တစ်လုံးနှင့် အစားထိုးအသုံးပြုမည် ဖြစ်သည့်အတွက် ၎င်းကို ဒေတာဖျက်ပစ်မည်ဆိုပါက သင့်အက်ပ်များနှင့်ဒေတာများကို အသစ်ထံသို့ ရွှေ့ပြောင်းရန် iCloud တွင် အခမဲ့အပိုသိုလှောင်မှုကို အသုံးပြုနိုင်သည်။ Get Started ကိုနှိပ်ပါ၊ ပေါ်လာသည့်ညွှန်ကြားချက်များကို လိုက်နာပါ၊ ထို့နောက် Settings > General > Transfer or Reset iPhone သို့ပြန်သွားပါ။
Erase All Content and Settings ကိုနှိပ်ပါ။
အကြောင်းအရာများအားလုံးနှင့် ချိန်ညှိမှုများအား ပယ်ဖျက်ပြီး iPhone အား ပြန်စတင်သည့်အခါ၊ iPhone အား အသစ်တစ်ဖန် ပြန်စီမံသည့်နည်းလမ်း သို့မဟုတ် အရန်ကူးယူမှုတစ်ခုမှ ပြန်လည်ရယူသည့်နည်းလမ်း တစ်ခုခုကို ရွေးချယ်ခွင့် ပေးလိမ့်မည်။ iPhone ကိုဖွင့်၍ အစပျိုးလုပ်ဆောင်ခြင်း ကိုကြည့်ပါ။
မှတ်စု သင်၏စကားဝှက်ဖြည့်ရန် တောင်းဆိုခံရပြီး၊ ၎င်းကိုသင်မေ့သွားပါက၊ ထိုကုဒ်နံပါတ်ကိုပြန်လည်သတ်မှတ်ခြင်း ကိုကြည့်ပါ။ သင်၏ Apple ID စကားဝှက်ရိုက်ထည့်ရန်လိုအပ်ပြီး ၎င်းကိုသင်မေ့သွားလျှင် သင်၏ Apple ID ကိုပြန်လည်ရယူခြင်းဝက်ဘ်ဆိုက်ကိုကြည့်ပါ။
iPhone မှ အကြောင်းအရာများအားလုံးနှင့် ချိန်ညှိမှုများကိုဖျက်ရန် ကွန်ပျူတာတစ်လုံးကိုအသုံးပြုခြင်း
သင့် iPhone ရှိ အကြောင်းအရာများအားလုံးနှင့် ချိန်ညှိမှုများအား ဖျက်သိမ်းရန်၊ iPhone ကို စက်ရုံထုတ်ပုံစံအတိုင်း ချိန်ညှိမှုများအဖြစ် ပြန်လည်ထားရှိရန် နှင့် iOSနောက်ဆုံးပေါ်ဗားရှင်းကို ထည့်သွင်းရန် Mac သို့မဟုတ် Windows PC ကို အသုံးပြုနိုင်သည်။ ဥပမာ iPhone တွင် Settings ကိုဖွင့်မရပါက iPhone ကို မူလစက်ရုံထုတ်ချိန်ညှိမှုများအတိုင်း ပြန်လည်ရယူရန် ထိုနည်းကိုအသုံးပြုနိုင်သည်။
iPhone ကိုမဖျက်သိမ်းမီ ၎င်းကို အရန်ကူးယူထားရန် ရွေးချယ်နိုင်သည်။ အရန်ကူးယူမှုတစ်ခုပြုလုပ်ပါက သင်၏iPhone သို့မဟုတ်စက်ပစ္စည်းအသစ်တွင် သင်၏အချက်အလက်နှင့် ချိန်ညှိမှုများကို အရင်ပုံစံအတိုင်း ပြန်လည်သိမ်းဆည်းရန် အရန်ကူးယူမှုကိုသုံးနိုင်သည်။ ကွန်ပျူတာအရန်ကူးယူမှုတစ်ခုမှ iPhone ကို အရင်ပုံစံအတိုင်းပြန်လည်ထားရှိခြင်း ကိုကြည့်ပါ။
အားသွင်းကြိုးကိုသုံး၍ iPhone နှင့် သင်၏ကွန်ပျူတာကို ချိတ်ဆက်ခြင်း။
အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊
Mac တွင်၊ Finder ဘေးဘက်တန်းတွင် သင်၏ iPhone ကိုရွေးချယ်ပါ၊ window ထိပ်ရှိ General ကိုနှိပ်ပါ၊ ထို့နောက် Restore iPhone ကိုနှိပ်ပါ။
iPhone ကိုစက်ရုံထုတ်ပုံစံအတိုင် းချိန်ညှိမှုများပြန်လည်ရယူမည့် Finder ကိုသုံးရန် macOS 10.15 သို့မဟုတ် နောက်ပိုင်းထွက်အမျိုးအစားများကိုလိုအပ်သည်။ macOS ၏အစောပိုင်းဗားရှင်းများနှင့်အတူ၊ သင်၏ iPhone ကိုပြန်လည်သိမ်းဆည်းရန် iTunes ကိုသုံးပါ။
Windows PC တစ်ခုတွင်၊ သင့် PC ပေါ်တွင် iTunes နောက်ဆုံးဗားရှင်းကို သွင်းပါ သို့မဟုတ် အဆင့်မြှင့်တင်ပါ (Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် iTunes နောက်ဆုံးဗားရှင်းကို အဆင့်မြှင့်တင်ခြင်းကိုကိုကြည့်ပါ)။ iTunes ကိုဖွင့်ပါ၊ iTunes မျက်နှာပြင် ဘယ်ဘက်ထိပ်အနီးရှိ iPhone ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Summary ကို နှိပ်ပါ၊ ထို့နောက် Restore iPhone ကို နှိပ်ပါ။
ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ၊
သင့် iPhone တွင် အဆင့်မြှင့်တင်ခြင်း သို့မဟုတ် ပြန်လည်သိုလှောင်ခြင်းများ မလုပ်နိုင်လျှင်ဆိုသည့် Apple အထောက်အကူပြုဆောင်းပါးကို ကြည့်ပါ။