iPhone ရှိ Voice Memos တွင် အသံသွင်းယူမှုကို တည်းဖြတ်ခြင်း သို့မဟုတ် ဖျက်ခြင်း
Voice Memos အက်ပ်တွင် ၊ သင်၏အသံသွင်းယူမှုများကို အသေးစိတ်ချိန်ညှိရန် တည်းဖြတ်ကိရိယာများကို သုံးနိုင်သည်။ သင်မလိုသည့်အပိုင်းများကို ဖယ်ရှားခြင်း၊ အပိုင်းများအလုံးစုံကိုအသံသွင်းယူခြင်း၊ သို့မဟုတ် အသံသွင်းယူမှုတစ်ခုလုံးကို အစားထိုးခြင်းတို့ လုပ်နိုင်သည်။ သင်မလိုအပ်တော့သည့်အသံသွင်းယူမှုတစ်ခုကိုလည်း ဖျက်နိုင်သည်။
ပိုသည့်အရာကို ဖြတ်တောက်ခြင်း
အသံသွင်းဖိုင်များစာရင်းတွင် သင်တည်းဖြတ်လိုသည့်အသံသွင်းယူမှုကိုနှိပ်၍
ကိုနှိပ်ကာ Edit Recording ကိုနှိပ်ပါ။
ညာဘက်ထိပ်ရှိ
ကိုနှိပ်ပြီးနောက် သင်သိမ်းဆည်းထားလိုသည့်အပိုင်း သို့မဟုတ် ဖျက်လိုသည့်အပိုင်းကို တွဲဆက်ရန်အဝါရောင်ဖြတ်သည့်လက်ကိုင်များကိုပွတ်ဆွဲပါ။
တည်းဖြတ်ရာတွင် ပိုမိုတိကျမှုရှိစေရန်အတွက် လှိုင်းပုံစံပေါ်တွင် အနီးကပ်ဆွဲကြည့်နိုင်သည်။
သင်၏ရွေးချယ်မှုကိုစစ်ဆေးရန်၊
ကိုနှိပ်ပါ။
ထိုရွေးချယ်မှုကိုထိန်းသိမ်းရန် (နှင့်ထိုအသံသွင်းယူမှုလက်ကျန်ကိုဖျက်ရန်) ၊ Trim ကိုနှိပ်ပါ၊ သို့မဟုတ် ထိုရွေးချယ်မှုကိုဖျက်ရန် Delete ကိုနှိပ်ပါ။
Save ကိုနှိပ်ပြီးနောက် Done ကိုနှိပ်ပါ။
အသံသွင်းယူမှုတစ်ခုကိုအစားထိုးခြင်း
အသံသွင်းဖိုင်များစာရင်းတွင် အစားထိုးထည့်လိုသည့်အသံသွင်းယူမှုကိုနှိပ်၍
ကိုနှိပ်ကာ Edit Recording ကိုနှိပ်ပါ။
အသံသွင်းယူမှုအသစ်စတင်လိုသည့်နေရာ သီချင်းရောက်သည့်နေရာပြလိုင်းကိုထားရန် ယင်းလိုင်းပုံစံကိုပွတ်ဆွဲပါ။
အစားထိုးရာတွင် ပိုမိုတိကျမှုရှိစေရန်အတွက် လှိုင်းပုံစံပေါ်တွင် အနီးကပ်ဆွဲကြည့်နိုင်သည်။
အသံသွင်းယူမှု ပြန်လည်စတင်ရန် Replace ကိုနှိပ်ပါ(သင်အသံသွင်းသည်နှင့် အသံလှိုင်းများ အနီရောင်သို့ပြောင်းသွားပါမည်)။
အသံသွင်းယူခြင်းရပ်စေရန်
ကိုနှိပ်ပါ၊ ဆက်လက်သွင်းယူရန် Resume ကိုနှိပ်ပါ။
သင်၏အသံသွင်းယူမှုကိုစစ်ဆေးရန်၊
ကိုနှိပ်ပါ။
ပြောင်းလဲမှုများကိုသိမ်းရန် Done ကိုနှိပ်ပါ။
အသံသွင်းယူမှုကိုဖျက်ခြင်း
အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊
အသံသွင်းဖိုင်များစာရင်းတွင် ဖျက်သိမ်းလိုသည့်အသံသွင်းယူမှုကိုနှိပ်၍
ကိုနှိပ်ပါ။
အသံသွင်းဖိုင်များစာရင်း၏ထိပ်ရှိ Edit ကိုနှိပ်၍ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အသံသွင်းဖိုင်များကိုရွေးချယ်ပြီးနောက် Delete ကိုနှိပ်ပါ။
ဖျက်ထားသည့်အသံသွင်းယူမှုများသည် ပုံမှန်အားဖြင့်ရက် 30 ကြာအောင် သိမ်းဆည်းထားသောနေရာ Recently Deleted ဖိုင်ထဲသို့ ပြောင်းသွားသည်။ ဖျက်ထားသည့်အသံသွင်းယူမှုများထိန်းသိမ်းထားသည့်ကြာချိန်ကိုပြောင်းရန်၊ Settings > Voice Memos > Clear Deleted သို့သွားပါ၊ ထို့နောက်ရွေးချယ်စရာတစ်ခုကိုရွေးပါ။
ဖျက်ထားသော အသံသွင်းဖိုင်တစ်ဖိုင်ကို ပြန်လည်ရယူခြင်း သို့မဟုတ် အပြီးဖျက်သိမ်းခြင်း
Recently Deleted ဖိုင်တွဲကိုနှိပ်ကာ သင်ပြန်လည်ရယူလိုသော သို့မဟုတ် အပြီးဖျက်သိမ်းလိုသည့် အသံသွင်းဖိုင်ကိုနှိပ်ပါ။
အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊
ရွေးချယ်ထားသော အသံသွင်းဖိုင်ကို ပြန်လည်ရယူရန်၊ Recover ကိုနှိပ်ပါ။
Recently Deleted ဖိုင်တွဲထဲမှ ဖိုင်များအားလုံးကို ပြန်လည်ရယူရန်၊ Recently Deleted စာရင်းထိပ်ရှိ Edit ကိုနှိပ်ကာ Recover All ကိုနှိပ်ပါ။
Recently Deleted ဖိုင်တွဲထဲမှ ဖိုင်များအားလုံးကို အပြီးဖျက်သိမ်းရန်၊ Recently Deleted စာရင်းထိပ်ရှိ Edit ကိုနှိပ်ကာ Delete All ကိုနှိပ်ပါ။