iPhone ပေါ်မှ စတော့များကိုစစ်ဆေးခြင်း
ဈေးကွက်စီးဆင်းမှုကို မျက်ခြည်မပြတ်စေရန်၊ သင်မလွတ်တမ်းကြည့်ရှုသော စတော့များ၏ဆောင်ရွက်ချက်များကိုကြည့်ရန်နှင့် နောက်ဆုံးရစီးပွားရေးသတင်းများကို ရယူရန် Stocks အက်ပ် ကိုအသုံးပြုပါ။
Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “How are the markets doing?” သို့မဟုတ် “How’s Apple stock today?” Siri အားတောင်းဆိုပုံကိုလေ့လာခြင်း။
သင်၏အနီးကပ်စောင့်ကြည့်ရှုမှုစာရင်းကို စီမံဆောင်ရွက်ခြင်း
ဈေးနှုန်း၊ နေ့စဥ်ဈေးနှုန်း၊ ရာခိုင်နှုန်းပြောင်းလဲမှုနှင့် ဈေးကွက်ရင်းနှီးမြှပ်နှံ့မှု တန်ဖိုးများကို လွယ်လင့်တကူကြည့်ရန် သင်မလွတ်တမ်းကြည့်သည့် စတော့များကို အနီးကပ်ကြည့်ရှုမှုစာရင်းထဲသို့ ထည့်သွင်းပါ။

သင်၏အနီးကပ်ကြည့်ရှုမှုစာရင်းသို့ သင်္ကေတတစ်ခုထည့်သွင်းရန်၊ ရှာဖွေမှုကွက်လပ်အတွင်း စတော့သင်္ကေတတစ်ခု၊ ကုမ္ပဏီအမည်၊ ငွေကြေးအဖွဲ့အစည်းအမည်၊ သို့မဟုတ်ပါက ရည်ညွှန်းချက်ကို ရိုက်ထည့်ပါ။ ရှာဖွေမှုရလဒ်များတွင် သင်ထည့်သွင်းလိုသော သင်္ကေတကို နှိပ်ပြီး Add သို့မဟုတ် Add to Watchlist ကို နှိပ်ပါ။ သို့မဟုတ်
ကိုနှိပ်ပါ၊ Edit Watchlist ကိုနှိပ်ပါ၊ ထို့နောက်အလားတူအဆင့်များအလိုက် လိုက်နာဆောင်ရွက်ပါ။
သင်္ကေတတစ်ခုကိုဖျက်ရန်၊ အနီးကပ်ကြည့်ရှုမှုစာရင်းအတွင်း ၎င်းသင်္ကေတမှဘယ်ဘက်သို့ဆွဲရွှေ့ပြီး
ကိုနှိပ်ပါ။ သို့မဟုတ်
ကိုနှိပ်ပါ၊ Edit Watchlist ကိုနှိပ်ပါ၊ သင်္ကေတဘေးရှိ
ကိုနှိပ်ပါ၊ ထို့နောက်
ကိုနှိပ်ပါ။
သင်္ကေတများကို ပြန်စဉ်ရန်၊ သင်၏အနီးကပ်စောင့်ကြည့်မှုစာရင်းရှိ သင်္ကေတကို ထိ၍ထိန်းထားကာ နေရာသစ်တစ်ခုသို့ ဖိဆွဲသွားပါ။ သို့မဟုတ်
ကိုနှိပ်ပါ၊ Edit Watchlist ကိုနှိပ်ပါ၊
ကို ထိ၍ထိန်းထားကာ ထိုသင်္ကေတကို နေရာသစ်တစ်ခုသို့ ဖိဆွဲသွားပါ။
ငွေကြေးများကိုပြခြင်း၊
ကိုနှိပ်ပါ၊ ထို့နောက် သင့်အနီးကပ်စောင့်ကြည့်မှုစာရင်း (iOS 15.2 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများ) ရှိ သင်္ကေတ၏ငွေကြေးကိုပြရန် Show Currency ကိုနှိပ်ပါ။
စတော့ဇယားကွက်၊ အသေးစိတ်အချက်အလက်များနှင့် သတင်းများကိုကြည့်ခြင်း
အပြန်အလှန်တုံ့ပြန်မှုရှိသော ဇယားကွက်တစ်ခု၊ ဖြည့်စွက်အသေးစိတ်အချက်အလက်နှင့် သက်ဆိုင်ရာသတင်း အကြောင်းအရာများကို ကြည့်ရှုရန် အနီးကပ်ကြည့်ရှုမှုစာရင်းရှိ စတော့သင်္ကေတကို နှိပ်ပါ။

အချိန်အလိုက် စတော့တစ်ခု၏ ပုံမှန်စွမ်းဆောင်ချက်ကိုကြည့်ခြင်း၊ ဇယားကွက်ထိပ်ရှိ အချိန်ရွေးချယ်မှုအတန်းမှ ရွေးချယ်မှုတစ်ခုကိုနှိပ်ပါ။
တိကျသောရက် သို့မဟုတ် အချိန်အတွက်တန်ဖိုးကိုကြည့်ခြင်း၊ ဇယားကို လက်တစ်ချောင်းဖြင့်ထိ၍ထိန်းထားပါ။
အချိန်အလိုက် တန်ဖိုးပိုင်းပြောင်းလဲသွားခြင်းကို ကြည့်ရှုရန်၊ ဇယားကိုလက်နှစ်ချောင်းဖြင့် ထိ၍ ထိန်းထားပါ။
ပိုမိုအသေးစိတ်ကြည့်ရှုရန်၊ 52-ပတ်စာ အတက်နှင့်အကျ၊ Beta၊ EPS နှင့်ပျမ်းမျှရောင်းဝယ်မှုပမာဏကဲ့သို့သော ထပ်တိုးစတော့အသေးစိတ်အချက်အလက်များကိုကြည့်ရန်ဇယားအောက်မှအချက်အလက်ကိုရွှေ့ပါ။
သတင်းများကိုဖတ်ခြင်း၊ ထပ်တိုးသတင်းအကြောင်းအရာများကို ကြည့်ရန် အပေါ်သို့ရွှေ့ပါ၊ ထို့နောက် သတင်းတစ်ခု ကို နှိပ်ပါ။
သင်၏အနီးကပ်ကြည့်ရှုမှုစာရင်းသို့ ပြန်သွားရန် ကိုနှိပ်ပါ။
အခြားစက်ပစ္စည်းကိရိယာများတွင် သင်၏အနီးကပ်ကြည့်ရှုမှုစာရင်းကိုကြည့်ခြင်း
Apple IDတစ်ခုတည်းဖြင့် ဝင်ရောက်ထားသည့်အခါ iPhone၊ iPad၊ iPod touch နှင့် Mac တို့တွင် သင်၏အနီးကပ်ကြည့်ရှုမှုစာရင်းကိုကြည့်ရှုနိုင်သည်။
သင်၏iPhone၊ iPad နှင့် iPod touch တို့တွင် Settings > [your name] > iCloud သို့သွားကာ Stocks ကိုဖွင့်ပါ။
သင့် Mac တွင် Apple menu > System Preferences ကိုရွေးချယ်ပါ၊ ထို့နောက် အောက်ပါတို့မှတစ်ခုကို ပြုလုပ်ပါ၊
macOS 10.15 သို့မဟုတ် နောက်ပိုင်းမော်ဒယ်များ၊ Apple ID ကို နှိပ်ပါ၊ iCloud ကိုရွေးပါ၊ ထို့နောက် Stocks ကိုဖွင့်ပါ။
macOS 10.14 သို့မဟုတ် အစောပိုင်းထွက်များ၊ iCloud ရွေးပါ၊ ထို့နောက် Stocks ကိုဖွင့်ပါ။
စီးပွားရေးသတင်းများကိုဖတ်ခြင်း
ဈေးကွက်ကိုလွှမ်းမိုးထားသည့် လက်ရှိသတင်းစာစဥ်များကို အလေးပေးဖော်ပြထားသည့် သတင်းများကိုကြည့်ရှုရန် Business News သို့မဟုတ် Top Stories တွင် အပေါ်သို့ ပွတ်ဆွဲပါ။ သင်၏ကြည့်ရှုရမည့်စာရင်းထဲရှိ ကုမ္ပဏီများအကြောင်း သတင်းများကို စတော့သင်္ကေတဖြင့် အုပ်စုဖွဲ့ထားပါသည်။ Apple News အသုံးပြုနိုင်သည့် နိုင်ငံများတွင် Apple News အယ်ဒီတာများမှ ရွေးချယ်ထားသည့် သတင်းများနှင့် Apple News+ မှ သတင်းများကို မြင်ရနိုင်သည်။ (Apple News နှင့် Apple News+ အကြောင်းအရာများသည် နိုင်ငံများ သို့မဟုတ် ဒေသများအားလုံးတွင် မရနိုင်ပါ။)
မှတ်စု အကယ်၍ သင်သည် Apple News+ သတင်းတစ်ခုကို နှိပ်ထားပြီး Apple News+ စာရင်းသွင်းသူမဟုတ်လျှင် subscribe သို့မဟုတ် free trial ခလုတ်ကို နှိပ်ပါ၊ ထို့နောက် ဖန်သားပြင် ညွှန်ကြားချက်များကို လိုက်နာပါ။ Apple News+ အကြောင်းပိုမိုသိရှိရန် Apple News+ သို့ စာရင်းသွင်းခြင်းကို ကြည့်ပါ။

၎င်းကိုဖတ်ရန်သတင်းကိုနှိပ်ပါ။ သတင်းတစ်ခုကိုကြည့်စဉ် သင့်တွင်ဤရွေးချယ်စရာများရှိခြင်း၊
Stocks ထဲရှိ သင်၏ ပုံမှန်သတင်းစဥ်တင်ပြသည့်နေရာသို့ ပြန်သွားရန်၊
သို့မဟုတ် ဘယ်ဘက်ထိပ်ထောင့်မှ Done ကိုနှိပ်ပါ။
Apple News ထဲတွင် ပုံနှိပ်ထုတ်ဝေခြင်းမှ သတင်းများပိုမိုကြည့်ရှုရန်၊ ဖန်သားပြင်ထိပ်ဆုံးရှိ publisher logo ကို နှိပ်ပါ။
သတင်းကို Apple News တွင်သိမ်းဆည်းပါ၊ ဘယ်ဘက်ထိပ်ထောင့်မှ
ကိုနှိပ်ပါ။
မှတ်စု သတင်းများကို Apple News တွင်သိမ်းရန် သင်၏ Apple ID ဖြင့်အကောင့်ဝင်ပြီးလျှင် Settings
> [your name] > iCloud ကိုသွားပြီး News ကိုဖွင့်ပါ။
စာလုံးအရွယ်အစားပြောင်းခြင်း၊ ညာဘက်ထိပ်ထောင့်ရှိ
ကိုနှိပ်ပါ၊ ထို့နောက် သတင်းထဲရှိ စာလုံးအရွယ်အစားကိုပြောင်းရန် ပိုသေးသည့်စာလုံး သို့မဟုတ် ပိုကြီးသည့်စာလုံးကို နှိပ်ပါ။
သတင်းကို မျှဝေခြင်း၊ ညာဘက်ထိပ်ထောင့်ရှိ
ကိုနှိပ်ပါ၊ Share Story ကိုနှိပ်ပါ၊ ထို့နောက် Messages သို့မဟုတ် Mail ကဲ့သို့သော မျှဝေနိုင်သည့် ရွေးချယ်စရာတစ်ခုကို ရွေးချယ်ပါ။
Apple News တွင် သင်ပိတ်ဆို့ထားသည့် ပုံနှိပ်ထုတ်ဝေခြင်းများမှ သတင်းများသည် ပုံမှန်သတင်းစဥ်တင်ပြသည့်နေရာတွင် ပေါ်လာမည်မဟုတ်ပါ။ iPhone ပေါ် တွင်သင့်အတွက် ရွေးချယ်ထားသောသတင်းသစ်များကိုကြည့်ခြင်း ကိုကြည့်ပါ။
အသံဖိုင်သတင်းများကို ဖွင့်ခြင်း
သတင်းသစ်အချို့တွင် Stocks အက်ပ်တွင် နားထောင်နိုင်သော သို့မဟုတ် News အက်ပ်တွင် နောက်ပိုင်းနားထောင်နိုင်သော အသံပုံစံတစ်ခုပါဝင်သည် (iOS 15.4၊ နိုင်ငံများ သို့မဟုတ် ဒေသများအားလုံးတွင်မရနိုင်ပါ)။
သတင်းတစ်ပုဒ်၏ အသံပုံစံကိုနားထောင်ရန် Play Now ကိုနှိပ်ပါ။ သို့မဟုတ် ထိုသတင်းကိုဖတ်ရန် ၎င်းကိုနှိပ်ပါ၊ ထို့နောက် သတင်းထိပ်ရှိ Play Now ကိုနှိပ်ပါ။
ထိုသတင်းကိုခေတ္တရပ်ရန် ဖန်သားပြင်အောက်ခြေရှိ သီချင်းဖွင့်ထားသည့်ပုံလေးကိုသုံးပါ သို့မဟုတ် နောက်သို့ 15 စက္ကန့်ပြန်ဆုတ်ပါ။ ဖန်သားပြင်အပြည့် ပုံစံဖွင့်ရန် ထိုသီချင်းဖွင့်ထားသည့်ပုံလေးကိုနှိပ်ပါ။
ထိုသီချင်းဖွင့်ထားသည့်ပုံလေးအတိုင်း ပြန်လုပ်ရန်၊ ဖန်သားပြင်အပြည့် သီချင်းဖွင့်ထားသည့်ပုံကို အောက်သို့ ရွှေ့ပါ။
အသေးစားအသံဖွင့်စက်ကိုပိတ်ရန် ထိုအသံဖွင့်စက်ကို ထိ၍ထိန်းထားပြီး Close Audio Player ကိုနှိပ်ပါ။
သင်သည် Apple News+သို့စာရင်းသွင်းမှတ်ပုံတင်ပါက Stocks အက်ပ်မှ သင်၏ News ရှိ Up Next အတန်းသို့ အသံဖိုင်သတင်းတစ်ပုဒ်ကိုထည့်နိုင်သည်။
Stocks ပုံမှန်သတင်းစဥ်တစ်ခုမှ ပေါင်းထည့်ခြင်း၊ ထိုသတင်းကိုဖိနှိပ်ပါ၊ News ထဲရှိ Play Later ကိုနှိပ်ပါ၊ ထို့နောက် Play Next သို့မဟုတ် Play Last ကိုရွေးချယ်ပါ။
ထိုသတင်းမှ ပေါင်းထည့်ခြင်း၊ ထိုသတင်းကိုဖွင့်ပါ၊ ထို့နောက် သတင်း၏ထိပ်ရှိ Play Now ကိုဖိနှိပ်ပါ။ News ထဲရှိ Play Later ကိုနှိပ်ပါ၊ ထို့နောက် Play Next သို့မဟုတ် Play Last ကိုရွေးချယ်ပါ။
မှတ်စု သတင်းများကို News တွင်သိမ်းရန် သင်၏ Apple ID ဖြင့်အကောင့်ဝင်ပြီးလျှင် Settings > [သင့် အမည်] > iCloud ကိုသွားပြီး News ကိုဖွင့်ပါ။
Stocks အက်ပ်အသေးစားပုံစံကို သင့် iPhone ၏ Home န်သားပြင်တွင် ထည့်သွင်းပါ
သင့် iPhone ၏ပင်မဖန်သားပြင်ကို တစ်ချက်ကြည့်ရုံဖြင့် စတော့များကိုစစ်ဆေးနိုင်ရန် Stocks အက်ပ်အသေးစားပုံစံကို အသုံးပြုပါ။ သင်၏အနီးကပ်စောင့်ကြည့်ရှုမှုစာရင်းမှ သင်္ကေတများစွာကို စောင့်ကြည့်စစ်ဆေးရန် သင်၏ ပင်မဖန်သားပြင်ပေါ်ရှိ Watchlist ကိုရွေးချယ်ပါ သို့မဟုတ် သင်္ကေတတစ်ခုစီ၏ စွမ်းဆောင်ချက်ကို စောင့်ကြည့်စစ်ဆေးရန် Symbol ကိုနှိပ်ပါ။ အလွယ်သုံးပုံစံတစ်ခုကို သင့် Home ဖန်သားပြင်တွင် ပေါင်းထည့်ခြင်း ကိုကြည့်ပါ။