iPhone တွင် သင်မျှဝေသည့် တည်နေရာအချက်အလက်များကို ထိန်းချုပ်ခြင်း
iPhone နှင့် အက်ပ်များက သင့်တည်နေရာနှင့်ပတ်သက်သည့်အချက်အလက်များရနိုင်မရနိုင် သင်ထိန်းချုပ်နိုင်သည်။
လမ်းညွှန်များရရှိခြင်း၊ အစည်းအဝေးများသတ်မှတ်စီစဉ်ခြင်း စသည့်အချိန်များတွင် သင်ရောက်ရှိနေသည့်နေရာကို သိရှိနိုင်ရန် Location Services က GPS ကွန်ရက်များ၊ သင့်Bluetooth ချိတ်ဆက်မှုများ၊ သင့် Wi-Fi ကွန်ရက်များနှင့် သင့်လက်ကိုင်ဖုန်းကွန်ရက်မှ ရရှိသည့် အချက်အလက်များ(ရရှိနိုင်လျှင်)ကို အသုံးပြုသည်။ အက်ပ်တစ်ခုသည် Location Services ကိုသုံးသည့်အခါ၊ အခြေအနေပြဘားတန်းတွင် ပေါ်လာသည်။
iPhone ကိုသတ်မှတ်စီစဉ်သည့်အခါ Location Services ကို ဖွင့်လိုသလား သင့်ကိုမေးမြန်းသည်။ ထို့နောက် Location Services အချိန်မရွေး သင်ဖွင့်နိုင် သို့မဟုတ် ပိတ်နိုင်သည်။
အက်ပ်တစ်ခုက သင့် iPhone ထံမှ တည်နေရာအချက်အလက်များကို ပထမဆုံးအကြိမ် အသုံးပြုလိုသည့်အခါ ရှင်းလင်းချက်ပါရှိသည့် တောင်းဆိုမှုတစ်ခုကို သင်လက်ခံရရှိနိုင်သည်။ အချို့အက်ပ်များသည် သင့်တည်နေရာအတွက် တစ်ကြိမ်သာတောင်းဆိုမှုလုပ်နိုင်သည်။ တခြားအက်ပ်များသည် ယခုနှင့်နောက်ပိုင်းတွင် သင့်တည်နေရာကိုမျှဝေရန် သင့်အားတောင်းဆိုနိုင်သည်။ သင့်တည်နေရာသို့ ဝင်ရောက်ကြည့်ရှုခွင့်ကို သင်ခွင့်ပြုမည်လား သို့မဟုတ် ငြင်းပယ်မည်လားဆိုသည်ကို နောက်ပိုင်းပြောင်းလဲနိုင်သည်။
Location Services ကိုဖွင့်ခြင်း
iPhone ကိုပထမဆုံးစသုံးချိန်တွင် Location Services ကိုဖွင့်မထားပါက၊ Settings > Privacy > Location Services သို့သွားပါ၊ ထို့နောက် Location Services ကို ဖွင့်ပါ။
အရေးကြီးသော Location Services ကိုပိတ်လိုက်သည့်အခါ အရေးကြီးသည့် iPhone လုပ်ဆောင်ချက်များ ရပ်တန့်သွားသည်။
အက်ပ်တစ်ခုတွင် တည်နေရာအချက်အလက်များကို ဝင်ရောက်ကြည့်ရှုခွင့် ပြန်လည်ဆန်းစစ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း
Settings
> Privacy > Location Services သို့သွားပါ။
အက်ပ်တစ်ခုအတွက် ဝင်ရောက်ကြည့်ရှုခွင့်ဆက်တင်များကို ပြန်လည်ဆန်းစစ်ရန် သို့မဟုန် ပြောင်းလဲရန် သို့မဟုတ် Location Services ကိုတောင်းခံခြင်းအတွက် ရှင်းလင်းချက်ကို ကြည့်ရန် အက်ပ်ကို နှိပ်ပါ။
သင့်သီးသန့်တည်နေရာကို အသုံးပြုရန် အက်ပ်ကို ခွင့်ပြုနိုင်ရန်အတွက် Precise Location ကိုဖွင့်လျက်ထားပါ။ သင့်တည်နေရာအတိအကျကို မလိုအပ်သည့် အက်ပ်တစ်ခုအတွက် လုံလောက်မှုရှိနိုင်သည့် သင့်အနီးစပ်ဆုံးတည်နေရာကိုသာ မျှဝေရန် Precise Location ကိုပိတ်ပါ။
မှတ်စု အက်ပ်တစ်ခုအတွက် Ask Next Time သို့ဝင်ရောက်ခွင့်ပေးလိုက်ပါက ၎င်းကို အက်ပ်က နောက်တစ်ကြိမ်အသုံးပြုရန်ကြိုးစားချိန်တွင် Location Services ကိုဖွင့်ရန် သင့်ထံမေးမြန်းလာသည်။
တောင်းဆိုထားသည့် သတင်းအချက်အလက်များကို ကြားခံအက်ပ်က အသုံးပြုမည့်ပုံကို နားလည်သဘောပေါက်ရန် ၎င်း၏ စည်းကမ်းချက်များနှ၍့် သီးသန့်တည်ရှိမှုမူဝါဒကို သုံးသပ်ပါ။ သီးသန့်တည်ရှိမှုနှင့်တည်နေရာဝန်ဆောင်မှုများအကြောင်း ဆိုသည့် Apple အထောက်အကူပြုဆောင်းပါးကိုကြည့်ပါ။
Location Services သတိပေးချက်များတွင် မြေပုံကိုဝှက်ခြင်း
အက်ပ်တစ်ခုကို နောက်ကွယ်တွင်သင်၏တည်နေရာကိုအမြဲသုံးရန်သင်ခွင့်ပြုထားသည့်အခါ အဆိုပါအက်ပ်မှ သတင်းအချက်အလက်သုံးလိုက်သည့်အခါ သတိပေးချက်များကို သင်ရရှိနိုင်သည်။ (သင်အလိုရှိပါက၊ ထိုသတိပေးချက်များသည်သင်၏ခွင့်ပြုချက်ကိုပြောင်းခွင့်ပေးသည်။) ထိုသတိပေးချက်များတွင်၊ ၎င်းအက်ပ်မကြာသေးခင်က ဝင်ရောက်ထားသည့် တည်နေရာများကို မြေပုံတစ်ပုံဖြင့် ပြသထားသည်။
ထိုမြေပုံကိုဝှက်ရန်၊ Settings > Privacy > Location Services > Location Alerts သို့သွားပါ၊ ထို့နောက် Location Alerts ထဲရှိ Show Map ကိုပိတ်ပါ။
ထိုချိန်ညှိမှုပိတ်လိုက်ခြင်းနှင့်၊ တည်နေရာသတိပေးချက်ကိုသင်ဆက်၍လက်ခံရရှိမည်ဖြစ်သော်လည်းမြေပုံကိုပြထားမည်မဟုတ်ပါ။
စနစ်ဝန်ဆောင်မှုများအတွက် Location Services ချိန်ညှိမှုများကို ပြန်လည်ဆန်းစစ်ခြင်း သို့မဟုတ် ပြောင်းခြင်း
တည်နေရာအခြေပြု အကြံပြုချက်များနှင့် တည်နေရာအခြေပြုကြော်ငြာများကဲ့သို့သောစနစ်ဝန်ဆောင်မှုများစွာသည် Location Services ကိုသုံးထားသည်။
ဝန်ဆောင်မှုတစ်ခုစီ၏ အခြေအနေကိုကြည့်ရန်၊ အဆိုပါ ဝန်ဆောင်မှုတစ်ခုစီအတွက်Location Services ကိုဖွင့်ပါ သို့မဟုတ် ပိတ်ပါ၊ သို့မဟုတ် အသုံးပြု၍ရနိုင်သည့် စနစ်ဝန်ဆောင်မှုတစ်ခုသည် သင့်တည်နေရာကိုအသုံးပြုထားပါက အခြေအနေပြဘားတန်းတွင်ကိုပြရန်၊ Settings
> Privacy > Location Services > System Services သို့သွားပါ။