iPhone ရှိ Apple News+ သတင်းစာစဥ်များကို ဒေါင်းလုတ်ရယူခြင်း
News အက်ပ် နှင့် Apple News+ စာရင်းသွင်းကြည့်ရှုခွင့်ယူထားလျှင် နောင်အခါဖတ်ရှုရန် သတင်းစာစဉ်များကိုပါ ဒေါင်းလုတ်လုပ်နိုင်သည်။
မှတ်စု Apple News နှင့် Apple News+ သည် နိုင်ငံတိုင်း သို့မဟုတ် ဒေသတိုင်းတွင် မရရှိနိုင်ပါ။ Apple အထောက်အကူပြုဆောင်းပါးရှိ Apple Media Services ရရှိနိုင်မှု ကိုကြည့်ပါ။
Apple News+ ထုတ်ပြန်ချက်တစ်ခုကို ဒေါင်းလုတ်ရယူခြင်း
အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊
Today နှိပ်ကာ My Magazines ရှိရာအောက်သို့ ပွတ်ဆွဲပါ။
News+ ကိုနှိပ်၍ My Magazines ကိုနှိပ်ပါ။ ဖန်သားပြင်ထိပ်နားရှိ Catalog ကိုနှိပ်ကာ မဂ္ဂဇင်းပေါင်းချုပ်တစ်ခုကို နှိပ်ပါ။
Following ကိုနှိပ်၍ သင်ရွေးချယ်စောင့်ကြည့်နေသော မဂ္ဂဇင်းပုံနှိပ်တိုက်တစ်ခုကို နှိပ်ပါ။
Search ကိုနှိပ်၍ ရှာဖွေမှုကွက်လပ်တွင် မဂ္ဂဇင်းပုံနှိပ်တိုက်၏ အမည်ကို ရိုက်ထည့်ကာ ပုံနှိပ်တိုက်ကိုနှိပ်ပါ။
သင်ရှာဖွေလိုသော သတင်းစာစဉ်ကိုတွေ့ရှိသည့်အခါ သတင်းစာစဉ်မျက်နှာဖုံးအောက်ရှိ
ကိုနှိပ်၍ (သို့မဟုတ် မျက်နှာဖုံးကို ထိ၍ထိန်းထားပါ) Download Issue ကိုနှိပ်ပါ။
တစ်ခုထက်ပိုသော သတင်းစာစဉ်ကို ဒေါင်းလုတ်လုပ်ရန် My Magazines ကိုနှိပ်ပြီး
ကိုနှိပ်ကာ Select ကိုနှိပ်၍ ဒေါင်းလုတ်လုပ်လိုသော သတင်းစာစဉ်များကိုနှိပ်ပြီးနောက်
ကိုနှိပ်ပါ။
Apple News+ ကို စာရင်းသွင်းထားသည့်အခါ iPhone ကို အားသွင်းထားချိန်တွင် သိမ်းဆည်းရန်နေရာအလုံအလောက်ရှိ၍ Wi-Fi နှင့်ချိတ်ဆက်ထားသည့်အခါ သင်စောင့်ကြည့်လျက်ရှိသောမဂ္ဂဇင်းများနှင့် လတ်တလောထုတ်ဝေမှုများကို အလိုအလျောက် ဒေါင်းလုတ်လုပ်ပေးသည်။ စာစဉ်များကို အလိုအလျောက်ဒေါင်းလုတ်မရယူလိုပါက Settings > News သို့သွားပါ၊ ထို့နောက် Download Issues ကိုပိတ်ပါ။ သင်သည် Apple News+ စာရင်းသွင်းထားသူဖြစ်မှသာလျှင် ထုတ်ဝေမှုများကို ဒေါင်းလုတ်လုပ်နိုင်သည်။
ဒေါင်းလုတ်လုပ်ထားသော သတင်းစာစဉ်တစ်ခုကိုဖတ်ခြင်း
News+ စာမျက်နှာကို နှိပ်ပါ။
ဖန်သားပြင်ထိပ်နားရှိ Downloaded ကိုနှိပ်၍ သတင်းစာစဉ်တစ်ခုကိုနှိပ်ပါ။
Apple News+ ထုတ်ပြန်ချက်တစ်ခုကိုကိုယ်တိုင်ဖယ်ရှားခြင်း
အခြေအနေအများစုအရ အလိုအလျောက်ဒေါင်းလုတ်လုပ်ထားသော ထုတ်ဝေမှုများသည် ရက် 30 ကြာပြီးသည့်နောက် iPhone မှ ပယ်ဖျက်ပစ်သော်လည်း ထို့ထက်စောလျှင်စွာလည်း ဖယ်ရှားနိုင်ပါသည်။
News+ တက်ဘ်ကိုနှိပ်၍ အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊
ဖန်သားပြင်ထိပ်နားရှိ Downloaded ကိုနှိပ်၍ သတင်းစာစဉ်မျက်နှာဖုံးအောက်ရှိ
ကိုနှိပ်ကာ (သို့မဟုတ် မျက်နှာဖုံးကို ထိ၍ထိန်းထားပါ) Remove ကိုနှိပ်ပြီးနောက် Remove Download ကိုနှိပ်ပါ။
ထိုသတင်းစာစဉ်သည် Downloaded တက်ဘ်မှဖယ်ရှားပြီးဖြစ်သော်လည်း သတင်းစာစဉ်ကို အလွယ်တကူပြန်လည်ဖတ်ရှုနိုင်ရန် ၎င်း၏မျက်နှာဖုံးသည် My Magazines တွင်ကျန်ရှိနေဆဲဖြစ်မည်။
ဖန်သားပြင်ထိပ်နားရှိ My Magazines ကိုနှိပ်၍ သတင်းစာစဉ်မျက်နှာဖုံးအောက်ရှိ
ကိုနှိပ်ကာ (သို့မဟုတ် မျက်နှာဖုံးကို ထိ၍ထိန်းထားပါ) Remove ကိုနှိပ်ပြီးနောက် Remove from My Magazines ကိုနှိပ်ပါ။
ထိုသတင်းစာစဉ်၏မျက်နှာဖုံးနှင့် အကြောင်းအရာများသည် သင်၏ iPhone အပါအဝင် Apple ID တစ်ခုတည်းဖြင့် ဝင်ရောက်ထားပြီး iCloud ဦးစားပေးများ သို့မဟုတ် ချိန်ညှိချက်များတွင် News ကိုဖွင့်ထားသော အခြားစက်ပစ္စည်းများမှလည်း ဖယ်ရှားပြီးဖြစ်မည်။
တစ်ခုထက်ပိုသော သတင်းစာစဉ်ကို ဖယ်ရှားရန် My Magazines သို့မဟုတ် ဖန်သားပြင်ထိပ်နားရှိ Downloaded ကိုနှိပ်ပြီး ကိုနှိပ်ကာ Select ကိုနှိပ်၍ ဖယ်ရှားလိုသော သတင်းစာစဉ်များကိုနှိပ်ပြီးနောက်
ကိုနှိပ်ပါ။
ဒေါင်းလုတ်ရယူထားသည့်ထုတ်ပြန်ချက်များအားလုံးကိုဖယ်ရှားရန်၊ Following > History ကိုနှိပ်ပါ၊ Clear ကိုနှိပ်ပါ၊ ထို့နောက် Clear All ကိုနှိပ်ပါ။
iPhone တွင်သိမ်းဆည်းမှုနေရာကို ကန့်သတ်ထားသည့်အခါ၊ ထုတ်ပြန်ချက်များကို ရက်30 ပြည့်ပြီးမကြာခင်အလိုအလျောက်ပယ်ဖျက်ပစ်နိုင်သည်။ Apple အထောက်အကူပြုဆောင်းပါးရှိ Apple News+ဖြင့် မဂ္ဂဇင်းများကိုဖတ်ခြင်း ကို ကြည့်ပါ။