သင်၏သူငယ်ချင်းများ နားထောင်နေသည့်အရာကို ကြည့်ခြင်း
သင်သည် Apple Music ကြည့်ရှုသူဖြစ်သည့်အခါ သူငယ်ချင်းများ ရွေးချယ်နားထောင်သည့်သီချင်းများကို ကြည့်ခြင်းဖြင့် သင်၏သူငယ်ချင်းများ နားထောင်နေသောသီချင်းကိုတွေ့နိုင်သည်။ သူတို့မျှဝေသည့် သီချင်းစာရင်းများနှင့် သူတို့မကြာခဏနားထောင်သည့် သီချင်းကိုလည်း ကြည့်နိုင်သည်။ အလားတူသင့်ကို ရွေးချယ်လိုက်ကြည့်သူများသည် သင်မျှဝေသည့်သီချင်းစာရင်းနှင့် သင်မကြာခဏနားထောင်သည့် သီချင်းများကိုကြည့်နိုင်သည်။ Music အက်ပ် တွင် သင်၏ကိုယ်ရေးအကျဉ်းမှ ဤသတင်းအချက်အလက်များ၏ အကောင်းဆုံးကို မြင်တွေ့နိုင်ပါသည်။
ကိုယ်ရေးအကျဉ်းတစ်ခု တည်ဆောက်ခြင်း
သင်Musicကိုဖွင့်သည့်အခါ ကိုယ်ရေးအကျဉ်းတစ်ခုကို တည်ဆောက်ရန် သင့်ကိုမေးမည် ပြီးလျှင် သူငယ်ချင်းများနောက်သို့ စလိုက်ပါ။ သင်ထိုအဆင့်ကိုကျော်လျှင် နောင်အခါမည်သည့်အချိန်မဆို ကိုယ်ရေးအကျဉ်း တစ်ခုကို တည်ဆောက်နိုင်ပါသည်။
For You ကိုနှိပ်ပါ၊ ထို့နောက်
ကိုနှိပ်ပါ။
Start Sharing with Friends ကိုနှိပ်ပါ။
သူငယ်ချင်းများက သင့်နောက်လိုက်နိုင်သည်။
သင်၏ကိုယ်ရေးအကျဉ်းကို ကြည့်ခြင်း
For You ကိုနှိပ်ပါ၊ ထို့နောက်
ကိုနှိပ်ပါ သို့မဟုတ် သင်၏ပုံအားနှိပ်ပါ။
ဖန်သားပြင်ထိပ်ရှိ View Profile ကိုနှိပ်ပါ။
သင်၏သူငယ်ချင်းများအကြိုက်ကို ရွေးချယ်ခြင်း
လူအများအကြိုက်ကို ရွေးချယ်ရန်နည်းလမ်းများစွာရှိပါသည်။
သင်အချက်အလက်များကို တည်ဆောက်သည့်အခါ သူငယ်ချင်းများကိုထည့်ပါ။
သင်၏ကိုယ်ရေးအကျဉ်းကို တည်ဆောက်ပြီးနောက်Follow More Friendsကိုနှိပ်ပါ၊ ထို့နောက် သင်နောက်မှ လိုက်ကြည့်ချင်သည့် ထိုအရာများဘေးရှိ Follow ကိုနှိပ်ပါ။
သင်၏ Contacts စာရင်းထဲရှိသည့် သူငယ်ချင်းများကို လိုက်ကြည့်နိုင်ပြီး Apple Music ကို အသုံးပြုသူနှင့် သူတို့၏လူထုဆက်သွယ်ရေးများဖြင့် Apple Music ကို ချိတ်ဆက်ထားသော Facebook သူငယ်ချင်းများကို လိုက်ကြည့်နိုင်သည်။
ကိုယ်ရေးအကျဉ်းစာမျက်နှာပေါ်တွင် ကိုယ်ရေးအကျဉ်းဓာတ်ပုံကို ဖိနှိပ်ပါ၊ ထို့နောက် Follow ကို နှိပ်ပါ။
Search ကိုနှိပ်ပါ၊ သူငယ်ချင်းအမည်ဖြည့်ပါ၊ ရလဒ်များတွင်၎င်းကိုနှိပ်ပါ၊ ထို့နောက် Follow ကိုနှိပ်ပါ။
မှတ်စု ရှာဖွေမှုကိုအသုံးပြုပြီး သူတို့ကိုရှာရန် သင်၏သူငယ်ချင်းတွင် သင့်အတွက် ကိုယ်ရေးအကျဉ်းတစ်ခုရှိရမည်။
သင်နောက်မှ လိုက်ကြည့်သူများနှင့် သင့်အားလိုက်ကြည့်သူများအား ကြည့်ရန်၊ ထိုကိုယ်ရေးအကျဉ်း ဖန်သားပြင်ကိုဖွင့်ပါ၊ ထို့နောက်အပေါ်သို့ရွှေ့ပါ။
အချို့ကိုယ်ရေးအကျဉ်းသည် ကိုယ်ရေးအကျဉ်းဓာတ်ပုံပေါ်တွင် သော့တစ်ခုနှင့်ပေါ်နိုင်သည်။ ဤသည်မှာ သင့်ကို လိုက်ကြည့်သူတစ်ယောက်ဖြစ်မည့်သူမှ ခွင့်ပြုချက်တောင်းခံပြီး လက်ခံရန်လိုအပ်ကြောင်းဆိုလိုသည်။ သင်၏တောင်းဆိုမှုအား လက်ခံပြီးနောက် သူတို့၏မျှဝေထားသော သီချင်းစာရင်းများနှင့် သူတို့နားထောင်နေသောသီချင်းကို ကြည့်နိုင်သည်။
လိုက်ကြည့်ခွင့်ပြုရန် တောင်းဆိုမှုများကိုတုံ့ပြန်ခြင်း
သင့်အားလိုက်ကြည့်ခြင်းကို လက်ခံရန် လူတိုင်း သို့မဟုတ် သင်ရွေးချယ်သောလူများကိုသာ ခွင့်ပြုနိုင်သည်။ သင့်အား လိုက်ကြည့်မည့်သူကို ရွေးချယ်ခဲ့လျှင် ထိုရွေးသူကို လိုက်ကြည့်ခွင့်တောင်းချက်ကို လက်ခံရမည်။
For You ကိုနှိပ်ပါ၊ ထို့နောက်
ကိုနှိပ်ပါ သို့မဟုတ် သင်၏ပုံအားနှိပ်ပါ။
View Profile ကိုနှိပ်ပါ။
Edit ကိုနှိပ်ပါ၊ ထို့နောက် သင်ရွေးချယ်ထားသည့်လူများမှသာ သင့်အားလိုက်ကြည့်စေလိုပါက People You Approve ကိုနှိပ်ပါ။
Follow Requests ကိုနှိပ်ပါ၊ ထို့နောက် တောင်းဆိုမှုများကိုလက်ခံပါ သို့မဟုတ် ငြင်းဆိုပါ။
အခြားနည်းလမ်းဖြင့်လည်း တောင်းဆိုမှုများအား လက်ခံနိုင်သည်၊ ဥပမာ-အီးမေးလ်ရှိလင့်ခ်တစ်ခု သို့မဟုတ် စာမက်ဆေ့ချ်တစ်ခုအဖြစ်။ လက်ခံရန်၊ ထိုလင့်ခ်ကိုနှိပ်ပါ။
လိုက်ကြည့်ခွင့်ကိုရပ်ပြီး လိုက်ကြည့်သူများကိုပိတ်ခြင်း
လိုက်ကြည့်ခွင့်ရပ်ခြင်း သင်လိုက်ကြည့်ထားသည့်လူ၏ ကိုယ်ရေးအကျဉ်းဓာတ်ပုံအားနှိပ်ပြီး ဖိထားပါ၊ ထို့နောက် Unfollow ကိုနှိပ်ပါ။
လိုက်ကြည့်သူများကို ပိတ်ခြင်း၊ ကိုယ်ရေးအကျဉ်းဓာတ်ပုံတစ်ခုကို နှိပ်ပြီးဖိထားပါ၊ထို့နောက် Block ကိုရွေးချယ်ပါ။
သင်ပိတ်လိုက်သောသူများသည် သင်၏သီချင်းကိုမမြင်နိုင်ပါ သို့မဟုတ် သင်၏ကိုယ်ရေးအကျဉ်းအားရှာမတွေ့နိုင်ပါ။ အကယ်၍ သူတို့သည် သူတို့၏စာကြည့်တိုက်ထဲတွင် သင်မျှဝေသောသီချင်းများကို ထည့်ထားလျှင် ထိုသီချင်းများကို ဆက်လက်နားထောင်၍ရနေသည်။
လိုက်ကြည့်သူများနှင့် သီချင်းကိုမျှဝေခြင်း
သင့်ကိုလိုက်ကြည့်နေသူများသည် အလိုအလျောက်နည်းဖြင့် သီချင်းစာရင်းများအားကြည့်သည်။ သို့သော်အချို့သီချင်းစာရင်းများအား မရှယ်ရန်သတ်မှတ်နိုင်သည်။
For You ကိုနှိပ်ပါ၊ ထို့နောက်
ကိုနှိပ်ပါ သို့မဟုတ် သင်၏ပုံအားနှိပ်ပါ။
View Profile ကိုနှိပ်ပါ။
Edit ကိုနှိပ်ပါ၊ ထို့နောက်သီချင်းစာရင်းကိုဖွင့်ပါ သို့မဟုတ် ပိတ်ပါ။
၎င်းတို့ကို ပြန်စဉ်ရန်အတွက်
ကိုဆွဲပါ။
သင်မမျှဝေလိုသည့် ထိုသီချင်းစာရင်းများကို မပိတ်ထားပါက သင့်ကိုလိုက်ကြည့်သူများသည် သင်၏ကိုယ်ရေးအကျဉ်းတွင် သင်ဖန်တီးထားသော သီချင်းစာရင်းများကို မြင်ရမည်ဖြစ်သည်။ သင်သီချင်းစာရင်းကိုဖန်တီးသည့်အခါ သို့မဟုတ် နောင်အခါသီချင်းစာရင်းအား ပြုပြင်သည့်အခါ ထိုရွေးချယ်မှုကိုပိတ်နိုင်သည်။
သင့်ကို လိုက်ကြည့်မနေသောသူများနှင့် သီချင်းစာရင်းများကိုမျှဝေရန်၊ သီချင်းစာရင်းကိုနှိပ်ပြီးဖိထားပါ၊ ထို့နောက် Share Playlist ကိုနှိပ်ပါ။
မှတ်စု သင်မျှဝေသည့်သီချင်းကို ပြောင်းလဲပါက—သီချင်းစာရင်းမျှဝေမှုကိုပြင်ပါ သို့မဟုတ် ရပ်ပါ၊ ဥပမာ-ဤပြောင်းလဲမှုများသည် သင့်ကိုလိုက်ကြည့်သူများ၏ စက်များကို တန်ပြန်သက်ရောက်သည်။
သင်၏လိပ်ပြာမလုံသည့် လိုအင်ဆန္ဒများကိုဝှက်ခြင်း
အဘယ်ကြောင့်ဆိုသော် မည်သူမျှ သူတို့နားထောင်သည့်သီချင်းအားလုံးကို သဘောကျမည်မဟုတ်ချေ၊ သင့်ကိုလိုက်ကြည့်နေသူများထံမှ သီချင်းစာရင်းများနှင့် အယ်လ်ဘမ်များကိုဝှက်နိုင်သည်။
For You ကိုနှိပ်ပါ၊ ထို့နောက်
ကိုနှိပ်ပါ သို့မဟုတ် သင်၏ပုံအားနှိပ်ပါ။
View Profile ကိုနှိပ်ပါ။
သီချင်းစာရင်း သို့မဟုတ် အယ်လ်ဘမ်(Listening Toအောက်တွင်ရှိသည်)ကို နှိပ်ပြီးဖိထားပါ။
Profile မှ Hide ကိုနှိပ်ပါ။
ဤပစ္စည်းအတွက် နားထောင်သည့်မှတ်တမ်းသည် သင်၏ကိုယ်ရေးအကျဉ်းတွင်မပေါ်ပါ၊ ထို့နောက်သင့်ကို လိုက်ကြည့်ထားသည့်လူမမြင်နိုင်ပါ။ အကယ်၍ သင့်ကိုလိုက်ကြည့်သူများကို သင်နားထောင်သည့်မည်သည့်သီချင်းမဆို မမြင်တွေ့စေလိုပါက ကိုယ်ရေးအကျဉ်းစာမျက်နှာပေါ်တွင် Edit ကိုနှိပ်ပါ၊ထို့နောက် Listening To ကိုပိတ်ပါ။
အခြားသူများ နားထောင်နေသည့်အရာကိုကြည့်ခြင်း
သင်၏သူငယ်ချင်းများ နားထောင်နေသည့်အရာကိုကြည့်ခြင်း၊ For You ကိုနှိပ်ပါ၊ ထို့နောက် Friends Are Listening To ကိုအောက်သို့ဆွဲပါ။ ၎င်းအားဖွင့်ရန် သီချင်းတစ်ပုဒ်ကိုနှိပ်ပါ။
သင့်သူငယ်ချင်းနားထောင်နေသည့် သီချင်းများအရောကိုနားထောင်ပါ။ For You ကိုနှိပ်ပါ၊ ဖန်သားပြင်ထိပ်ရှိသီချင်းမျိုးစုံတွင်ဘယ်ဘက်သို့ပွတ်ဆွဲပါ၊ ထို့နောက် Friends Mix ကိုနှိပ်ပါ။
လိုက်ကြည့်သူတစ်ယောက် သို့မဟုတ် သင်လိုက်ကြည့်ထားသည့် လူတစ်ယောက် နားထောင်နေသည့်အရာကို ကြည့်ခြင်း၊ For You ကိုနှိပ်ပါ၊
ကိုနှိပ်ပါ သို့မဟုတ်သင်၏ပုံအားနှိပ်ပါ၊ ထို့နောက် View Profile ကိုနှိပ်ပါ။ သူတို့မကြာခဏနားထောင်သည့် သီချင်းစာရင်းများနှင့် သီချင်းကိုကြည့်ရန် လူတစ်ယောက်၏ ကိုယ်ရေးအကျဉ်းဓာတ်ပုံကိုနှိပ်ပါ၊ သူတို့ကိုလိုက်ကြည့်သူများနှင့် သူတို့လိုက်ကြည့်ထားသောလူများကိုလည်းကြည့်နိုင်သည်။
သင်၏ကိုယ်ရေးအကျဉ်းအားမျှဝေခြင်း
သင်၏ကိုယ်ရေးအကျဉ်းအသုံးပြုနေသည့် အီးမေးလ်၊ Messages သို့မဟုတ် သင်ရွေးချယ်ထားသော အခြားအက်ပ်ကိုလည်း မျှဝေနိုင်သည်။
For You ကိုနှိပ်ပါ၊ ထို့နောက်
ကိုနှိပ်ပါ သို့မဟုတ် သင်၏ပုံအားနှိပ်ပါ။
View Profile ကိုနှိပ်ပါ။
ကိုနှိပ်ပါ၊ ထို့နောက် Share ကိုနှိပ်ပါ၊ ထို့နောက် မျှဝေရမည့်အခွင့်အရေးကို ရွေးချယ်ပါ။
သင်လိုက်ကြည့်ထားသော သို့မဟုတ် သင့်ကိုလိုက်ကြည့်ထားသည့် တစ်စုံတစ်ယောက်၏ ကိုယ်ရေးအကျဉ်းကိုလည်း မျှဝေနိုင်သည်။
အမှုကိစ္စတစ်ခုကိုသတင်းပို့ခြင်း
လိုက်ကြည့်သူတစ်ယောက်အကြောင်း အမှုကိစ္စတစ်ခုရှိပါက ၎င်းတို့၏ပုံအားဖိ၍နှိပ်ထားပါ၊ ထို့နောက် Report a Concern အားနှိပ်ပါ။