iPhone တွင် စာသားမက်ဆေ့ချ်များကို ပို့ခြင်းနှင့် လက်ခံရရှိခြင်း
Messages အက်ပ် ကို စာသားများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အသံမက်ဆေ့ချ်များ ပေးပို့ခြင်းနှင့်လက်ခံခြင်းတို့အတွက် အသုံးပြုနိုင်သည်။ သက်ဝင်လှုပ်ရှားသည့်မက်ဆေ့ချ်များ၊ Memoji စတစ်ကာများ၊ iMessage အက်ပ်များ စသည်တို့ဖြင့် သင့်မက်ဆေ့ချ်များကိုလည်း ကိုယ်တိုင်ဖန်တီးနိုင်သည်။

သတိပေးချက် ကားမောင်းနေစဉ်အတွင်း အနှောင့်အယှက်မဖြစ်စေရန် ရှောင်ရှားခြင်းနှင့် ပတ်သက်သည့် အရေးကြီးအချက်အလက်များအတွက် iPhone အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များကိုကြည့်ပါ။
မက်ဆေ့ချ်တစ်စောင်ပေးပို့ခြင်း
တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ စာတိုမက်ဆေ့ချ်ပေးပို့နိုင်သည်။
မက်ဆေ့ချ်အသစ်တစ်စောင်ရေးရန် ဖန်သားပြင်ထိပ်ရှိ
ကိုနှိပ်ပါ သို့မဟုတ် ရှိပြီးသားမက်ဆေ့ချ်တစ်စောင်ကိုနှိပ်ပါ။
လက်ခံမည့်သူတစ်ဦးချင်းစီ၏ ဖုန်းနံပါတ်၊ ဆက်သွယ်ရန်အမည် သို့မဟုတ် Apple ID ကို ထည့်သွင်းပါ။ သို့မဟုတ်
ကို နှိပ်ပြီးနောက် အဆက်အသွယ်များကိုရွေးချယ်ပါ။
ဆင်းမ်ကဒ်နှစ်မျိုးထည့်အမျိုးအစားများတွင်မတူညီသည့်ဖုန်းလိုင်းမှ SMS/MMS မက်ဆေ့ချ်တစ်ခုပို့ရန်၊ ပြထားသည့်ဖုန်းလိုင်းကိုနှိပ်ကာ အခြားဖုန်းလိုင်းကိုရွေးချယ်ပါ။ သင်၏ cellular အစီအစဉ်များကို စီစဉ်ဆောင်ရွက်ခြင်း တွင်လည်း ကြည့်ပါ။
စာသားထည့်အကွက်ကိုနှိပ်၍ မက်ဆေ့ချ်ရိုက်ထည့်ကာ
ကိုနှိပ်ပါ။
မက်ဆေ့ချ်တစ်စောင်ပို့၍မရပါက သတိပေးရန်
တစ်ခု ပေါ်လာသည်။ မက်ဆေ့ချ်ထပ်မံပေးပို့ကြည့်ရန် ၎င်းသတိပေးချက်ကိုနှိပ်ပါ။
အကြံပြုချက် မက်ဆေ့ချ်ပို့ထားသည့်အချိန် သို့မဟုတ် လက်ခံရရှိသည့်အချိန်တို့ကို ကြည့်ရန် ပူဖောင်းကို ဘယ်ဘက်သို့ပွတ်ဆွဲပါ။
စကားပြောဆိုမှုအသေးစိတ်အချက်အလက်များကိုမြင်တွေ့ရန်၊ ဖန်သားပြင်ထိပ်ရှိ အမည် သို့မဟုတ် ဖုန်းနံပါတ်ကိုနှိပ်ကာ ကို နှိပ်ပါ။ ဆက်သွယ်မှုကတ်ပြားကိုပြင်ဆင်ရန်၊ သင်၏တည်နေရာကိုမျှဝေရန်၊ တွဲဆက်ဖိုင်များကိုကြည့်ရှုရန်၊ စကားပြောမှုအုပ်စုမှထွက်ခွာရန်နှင့် အစရှိသည်တို့ကိုလုပ်ဆောင်ရန် ဆက်သွယ်မှုကို နှိပ်နိုင်သည်။
စကားပြောဆိုမှုတစ်ခုမှ မက်ဆေ့ချ်စာရင်းသို့ပြန်သွားရန်၊ ကိုနှိပ်ပါ သို့မဟုတ် ဘယ်ဘက်အစွန်းမှပွတ်ဆွဲပါ။
မက်ဆေ့ချ်တစ်စောင်ကို စာပြန်ခြင်း
Siri ကိုမေးပါ ထိုကဲ့သို့တစ်ခုခုပြောပါ၊
“Send a message to Eliza saying how about tomorrow”
“Reply that’s great news”
“Read my last message from Bob”
အကြံပြုချက် AirPods Pro၊ AirPods (2nd generation) သို့မဟုတ် အခြားအထောက်အပံ့ပေးနိုင်သည့် နားကြပ်များတပ်ထားသည့်အခါ Siri သည် သင်အဝင်မက်ဆေ့ချ်များကို ဖတ်ပေးနိုင်သကဲ့သို့ ပို့ပြန်ရန်အတွက်လည်း Siri သို့ ပြန်စာတစ်စောင်ပြောပေးနိုင်သည် (iOS 13.2 သို့မဟုတ် နောက်ပိုင်းထွက်အမျိုးအစားများ)။ မက်ဆေ့ချ်များနားထောင်ခြင်းနှင့်တုံ့ပြန်ခြင်း ကို ကြည့်ပါ။
သို့မဟုတ် အောက်ပါအတိုင်းလုပ်ဆောင်ပါ၊
Messages စာရင်းတွင်၊ သင်အကြောင်းပြန်လိုသည့် စကားပြောဆိုမှုကိုနှိပ်ပါ။
စကားပြောဆိုမှုများတွင် အဆက်အသွယ်များနှင့် အကြောင်းအရာများကို ရှာရန် Messages စာရင်းကို အောက်သို့ဆွဲချပြီး ရှာဖွေမှုကွက်လပ်တွင် သင်ရှာဖွေနေသည်ကို ရိုက်သွင်းပါ။ သို့မဟုတ် အကြံပြုထားသော အဆက်အသွယ်များ၊ လင့်ခ်များ၊ ဓာတ်ပုံများနှင့် အစရှိသည်တို့မှ ရွေးချယ်ပါ။
စားသားထည့်အကွက်ကို နှိပ်၍ သင်၏မက်ဆေ့ချ်ကို ရိုက်ထည့်ပါ။
အကြံပြုချက် စာသားကို emoji ဖြင့်အစားထိုးရန်၊
သို့မဟုတ်
ကိုနှိပ်၍ အရောင်ခြယ်ထားသည့်စာလုံးတစ်လုံးစီကို နှိပ်ပါ။
သင်၏မက်ဆေ့ချ်ကို ပေးပို့ရန်
ကိုနှိပ်ပါ။
Tapback စိတ်ခံစားချက်ပြတစ်ခုဖြင့် (ဥပမာ၊ လက်မထောင်ပုံ သို့မဟုတ် နှလုံးပုံ) မက်ဆေ့ချ်တစ်ခုကို လျှင်မြန်စွာစာပြန်နိုင်သည်။ တုံ့ပြန်လိုသည့် ပူဖောင်းမက်ဆေ့ချ်ကို နှစ်ကြိမ်ဆက်နှိပ်၍ Tapback တစ်ခုကိုရွေးချယ်ပါ။
သင်၏အမည်နှင့် ဓာတ်ပုံတို့ကို မျှဝေခြင်း
Messages တွင် မက်ဆေ့ချ်အသစ်ပို့သည့်အခါ သို့မဟုတ် စာပြန်သည့်အခါ သင်၏အမည်နှင့် ဓာတ်ပုံတို့ကို မျှဝေနိုင်သည်။ သင်၏ဓာတ်ပုံသည် Memoji၊ Animoji၊ သို့မဟုတ် စိတ်ကြိုက်ရွေးချယ်ထားသည့်ပုံဖြစ်နိုင်သည်။ Messages ကိုပထမဆုံးအကြိမ်ဖွင့်သည့်အခါ သင်၏အမည်နှင့် ဓာတ်ပုံတို့ကို ရွေးချယ်ရန် သင်၏ iPhone တွင်ပြထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။
သင်၏အမည်၊ ဓာတ်ပုံ သို့မဟုတ် မျှဝေမှုရွေးချယ်စရာများကို ပြောင်းလဲရန် Messages ကိုဖွင့်ကာ ကိုနှိပ်ပြီးနောက် Edit Name and Photo ကိုနှိပ်၍ အောက်ပါတို့မှ တစ်ခုခုကိုလုပ်ပါ၊
သင့်ပရိုဖိုင်ပုံကို ပြောင်းလဲပါ၊ Edit ကိုနှိပ်၍ နည်းလမ်းတစ်ခုကိုရွေးချယ်ပါ။
သင့်အမည်ကိုပြောင်းပါ၊ သင့်အမည်ပေါ်လာသည့်နေရာရှိ စာသားအကွက်ကိုနှိပ်ပါ။
မျှဝေမှုကို အဖွင့်၊ အပိတ်လုပ်ပါ၊ Name and Photo Sharing အနီးရှိခလုတ်ကို နှိပ်ပါ (ဖွင့်ထားလျှင် အစိမ်းရောင်ပြသည်)
သင့်ပရိုဖိုင်မြင်နိုင်မည့်သူကိုပြောင်းခြင်း၊ Share Automatically အောက်ရှိရွေးချယ်စရာကို နှိပ်ပါ (Name and Photo Sharing ကိုဖွင့်ရမည်)။
သင်၏ Messages အမည်နှင့် ဓာတ်ပုံတို့ကို သင်၏ Apple ID နှင့် Contacts ရှိ My Card တို့အတွက် အသုံးပြုနိုင်သည်။
Messages စကားပြောဆိုမှုတစ်ခုမှ FaceTime ခေါ်ဆိုမှု သို့မဟုတ် အသံဖုန်းခေါ်ဆိုမှုတစ်ခုသို့ ပြောင်းလဲခြင်း
မက်ဆေ့ချ်စကားပြောဆိုမှုတစ်ခုတွင်၊ Messages ဖြင့် သင်စကားပြောဆိုလျက်ရှိသည့်လူနှင့် FaceTime ခေါ်ဆိုမှု သို့မဟုတ် အသံဖုန်းခေါ်ဆိုမှုတစ်ခုကို စတင်နိုင်သည်။
စကားပြောဆိုမှုမက်ဆေ့ချ်များတွင်၊ စကားပြောဆိုမှုထိပ်ပိုင်းရှိ ခေါ်ဆိုလိုသူ၏ဓာတ်ပုံသို့မဟုတ် အမည်ကိုနှိပ်ပါ။
FaceTime သို့မဟုတ် အသံခေါ်ဆိုမှုကိုနှိပ်ပါ။
Business Chat ကိုသုံးခြင်း
(Beta) Messages တွင်၊ Business Chat ကိုအသုံးပြုခွင့်ရသည့် စီးပွားရေးလုပ်ငန်းများဖြင့် ဆက်သွယ်ပြောဆိုနိုင်သည်။ မေးခွန်းများကို ဖြေဆိုခြင်း၊ ပြဿနာများကို ဖြေရှင်းခြင်း၊ ဝယ်ယူခြင်းနှင့်ပတ်သက်၍ အကြံရယူခြင်း၊ Apple Pay ဖြင့်ဝယ်ယူခြင်းများနှင့် အစရှိသည်တို့ကို လုပ်ဆောင်နိုင်သည်။
Maps၊ Safari၊ Search သို့မဟုတ် Siri တို့ကိုသုံးခြင်းဖြင့် ပြောဆိုလိုသည့်လုပ်ငန်းကို ရှာဖွေပါ။
ရှာဖွေမှုရလဒ်များတွင် ပြောဆိုမှုလင့်ခ်တစ်ခုကို နှိပ်ခြင်းဖြင့် စကားပြောဆိုမှုတစ်ခုကိုစတင်ပါ— ဥပမာအားဖြင့်
၊ ကုမ္ပဏီတံဆိပ် သို့မဟုတ် စာသားလင့်ခ်တစ်ခု (ရှာဖွေသည့်အကြောင်းအရာကို လိုက်၍ ပေါ်လာသည့်စကားပြောဆိုမှုလင့်ခ်တို့ ကွဲပြားသွားမည်)။
၎င်းတို့၏ ဝဘ်ဆိုဒ်သို့မဟုတ် iOS အက်ပ်မှလုပ်ငန်းအချို့နှင့်စကားပြောဆိုမှုကိုလည်းအစပျိုးနိုင်သည်။ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် လုပ်ငန်းပြောဆိုမှုအသုံးပြုပုံ ကိုကြည့်ပါ။
မှတ်စု သင်ပေးပို့သည့် Business Chat မက်ဆေ့ချ်များသည် iMessages (အပြာရောင်ဖြင့်) နှင့် SMS/MMS မက်ဆေ့ချ်များ (အစိမ်းရောင်ဖြင့်) တို့နှင့် ကွဲပြားစေရန် မီးခိုးရင့်ရောင်ဖြင့် ပေါ်လာမည်။