ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်
iPhone တွင် အက်ပ်တစ်ခုကို ပိတ်ပြီးပြန်ဖွင့်ခြင်း
အကယ်၍ အက်ပ်တစ်ခုသည် ကောင်းကောင်းမွန်မွန်မလည်ပတ်လျှင် ၎င်းကိုပိတ်ပြီးမှ ပြန်ဖွင့်ကြည့်ပါ။ အဆိုပါအက်ပ်ကို ပြန်ဖွင့်ခြင်းဖြင့် ယင်းပြဿနာ ပြေလည်သွားနိုင်သည်။ (စင်စစ်မှာ အက်ပ်တစ်ခုကို ပိတ်ပစ်ရန်အကြောင်းမရှိပါ၊ ဥပမာ ပိတ်လိုက်ခြင်းအားဖြင့်လည်း ဘက်ထရီမသက်သာပေ။)
အက်ပ်ကို ပိတ်ရန် App Switcher ကိုဖွင့်ပါညာဘက်သိုပွတ်ဆွဲ၍ အက်ပ်ကို ရှာပြီး ယင်းအက်ပ်ပေါ်တွင် အပေါ်ဘက်ပွတ်ဆွဲပါ။
ယင်းအက်ပ်ကို ပြန်ဖွင့်ရန် Home ဖန်သားပြင်ကို သွားပြီးယင်းအက်ပ်ကို နှိပ်ပါ။
အက်ပ်ပြန်ဖွင့်ခြင်းဖြင့် အခက်အခဲမပြေလည်သွားလျှင် iPhone ပြန်လည်အပိတ်အဖွင့်လုပ်၍ကြိုးစားကြည့်ပါ။