အောက်ခြေတစ်ဖက်အစွန်းမှ တစ်ဖက်ကို ဆွဲယူနိုင်ကြောင်းညွှန်ပြထားသည့် ဘားတန်းပါဖန်သားပြင်ပိတ်နည်းပုံ။

အနာဂတ်ကို နှုတ်ဆက်စကားဆိုလိုက်ပါ

iPhone 11၊ iPhone 11 Pro၊ နှင့် iPhone 11 Pro Max ကိုသိရှိရန်။ သင့်မျက်နှာကိုလျှို့ဝှက်ကုတ်အဖြစ်အသုံးပြု၍ အလိုအလျောက်ဖမ်းကိုယ်ဟန်အမူအရာအား လေ့လာ၍ အံ့အားသင့်ဖွယ် Ultra Wide ကင်မရာနှင့်ရလာနိုင်ခြေများအား ကြည့်ပါ။

iPhone ၏နောက်မျိုးဆက်ကိုကြိုလင့်ပါ။

ဘောင်ပြအကွက်အောက်ခြေဘယ်နှင့်ညာရှိ အခြားသောစနစ်များနှင့်ဓာတ်ပုံရိုက်စနစ်ရှိကင်မရာ ဖန်သားပြင်။ ဓာတ်မီး၊ Night Mode ၊ Live Photo များအတွက် ခလုတ်များသည် ဖန်သားပြင်ထိပ်ဆုံးတွင် ရှိသည်။ ကင်မရာစနစ်များ အောက်ခြေ ဘယ်မှညာသည် ဓာတ်ပုံများနှင့်ဗွီဒီယိုများကိုဝင်ကြည့်ရန်ပုံသေး၊ Shutter ခလုတ်၊ နှင့်Switch Camera ခလုတ်တို့ဖြစ်သည်။

ရိုက်ချက်အားလုံးအတွက်ကင်မရာတစ်လုံး

မည်သည့်အခြေအနေတွင်မဆိုအလွန်ကောင်းသည့်ရိုက်ချက်များရိုက်ကူးရန်သင်၏iPhone ကိုသုံးပါ။ ရိုးရိုးဓာတ်ပုံတစ်ပုံမှစတူဒီယို-အရည်အသွေးကောင်း ပုံတူအထိ— သင်၏ iPhone ကင်မရာဖြင့်၎င်းတို့အားလုံးကိုရိုက်ကူးနိုင်သည်။

iPhone နှင့်အလွန်ကောင်းသည့်ဓာတ်ပုံများကိုရိုက်ကူးခြင်း

Photos အက်ပ်ရှိဖန်သားပြင်။ Photos စာမျက်နှာနှင့်Months မြင်ကွင်းကိုရွေးချယ်ထားသည်။ Humayun’s Tomb နှင့် Mexico City ရှိ၂၀၁၉ ဧပြီမှပွဲနှစ်ပွဲကိုဖော်ပြထားသည်။

iPhone ဖြင့် ခရီးထွက်ခြင်း

iPhone သည် ခရီးထွက်ခြင်းလွယ်ကူချောမွေ့စေရန်- မထွက်ခွာခင်တည်နေရာများကိုထောက်လှမ်းခြင်း၊ လေဆိပ်အချက်အလက်ကိုကြည့်ခြင်း၊ အကြွေးဝယ်ကတ်များနှင့် ခရီးသွားလာခွင့်ကတ်များကို တစုတစည်းထဲထားရှိပေးခြင်း နှင့် အိမ်ပြန်ရောက်သည့်အခါ အမှတ်တရများကို ပြန်လည်အသက်သွင်းပေးသည်။

သင်ခရီးထွက်သည့်လမ်းကို‌ပြောင်းလဲခြင်း

Health အက်ပ်ရှိ Summary ဖန်သားပြင်သည် ထိုနေ့က သင်လျှောက်လှမ်းခဲ့သော ခြေလှမ်းများအတွက် အရောင်ခြယ်ပြသထားသည်။ ထိုအရောင်ခြယ်ပြသထားသည်မှာ “ယခုအချိန်ထိ သင်လျှောက်လှမ်းနေကျခြေလှမ်းအရေအတွက်ထက် ပိုနေပါသည်” ဖြစ်သည်။ အရောင်ခြယ်ထားသည့်အောက်ဘက်ရှိဇယားသည် ယနေ့လက်ရှိအချိန်ထိ လျှောက်ခဲ့သည့်ခြေလှမ်း ၄,၀၂၈ လှမ်းကို မနေ့က ထိုအချိန်တွင် လျှောက်ခဲ့သည့် ခြေလှမ်း ၂,၆၄၀ လှမ်းနှင့် နှိုင်းယှဉ်ပြထားသည်။ ဇယားအောက်ဘက်သည် ကုန်ဆုံးသွားသည့် သတိထားရမည့်မိနစ်များနှင့်ပတ်သက်သည့်အချက်အလက်များဖြစ်သည်။ Summary ခလုတ်သည်ဘယ်ဘက်အောက်ခြေတွင်ရှိပြီး Browse ခလုတ်သည်ညာဘက်အောက်ခြေတွင်ရှိသည်။

ကျန်းမာရေးနှင့် ညီညွတ်သောအလေ့အထများကို စတင်ခြင်း

သင်၏ကျန်းမာရေးနှင့်လုပ်ဆောင်မှုပုံစံများ၊ ပိုမိုသတိရှိလာရန်နှင့် ပုံမှန်အိပ်ချိန်စတင်ခြင်းနှင့် ပတ်သက်သည့်အချက်အလက်ကိုလမ်းကြောင်းရှာရန် iPhone မှသင့်အားကူညီနိုင်သည်။

သင်၏ကျန်းမာရေးနှင့် ကျန်းမာရေးရည်မှန်းချက်များကိုရှာဖွေခြင်း

iPhone သုံးစွဲသူလမ်းညွှန် ကိုလေ့လာရန် ၎င်းစာမျက်နှာထိပ်ရှိ မာတိကာဇယားကို နှိပ်ပါ။ Apple Books (သုံး၍ရနိုင်လျှင်) မှနေလည်း အဆိုပါလမ်းညွှန်ကိုဒေါင်းလုတ် လုပ်နိုင်သည်။

အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။