iPhone ရှိ Files အတွင်းမှ ဖိုင်များနှင့် ဖိုင်တွဲများကို ကြည့်ရန်
Files အက်ပ် တွင် သင့် စာရွက်စာတမ်းများ၊ ဓာတ်ပုံများနှင့် အခြားဖိုင်များကိုကြည့်ခြင်း။
များမကြာမီက ဖွင့်ခဲ့သော ဖိုင်းများကိုကြည့်ရှုခြင်း
ဖန်သားပြင်အောက်ခြေရှိ Recents ကိုနှိပ်ပါ။
ဖိုင်နှင့်ဖိုင်တွဲများကို ရှာဖွေရန်၊ ဖွင့်ရန်
ဖန်သားပြင်အောက်ခြေရှိ Browse ကို နှိပ်ပါ၊ ထို့နောက် Browse ဖန်သားပြင်ပေါ်ရှိ အမျိုးအစားတစ်ခုကို နှိပ်ပါ။
Browse ဖန်သားပြင်ကိုမမြင်ရလျှင် Browse ကိုထပ်နှိပ်ပါ။
ဖိုင်တစ်ခု၊ တည်နေရာ သို့မဟုတ် ဖိုင်တွဲကို ကိုဖွင့်ရန် ၎င်းကို နှိပ်ပါ။
မှတ်စု ဖိုင်တစ်ခုကိုဖန်တီးပေးနိုင်သည့်အက်ပ်ကို မထည့်သွင်းရသေးလျှင် Quick Look တွင် ၎င်းဖိုင်၏နမူနာပုံပေါ်နေမည်။
ဖိုင်တွဲများကို စိတ်ကြိုက်အရာများ သို့မဟုတ် နာမည်အညွှန်းများပေါင်းထည့်ခြင်းအကြောင်း အချက်အလက်များအတွက် iPhone ထဲရှိ ဖိုင်တွဲများအတွင်းက ဖိုင်များနှင့် ဖိုင်တွဲများကိုအစီအစဉ်တကျနေရာချခြင်း ကိုကြည့်ပါ။
သတ်သတ်မှတ်မှတ်ဖိုင်တစ်ခု သို့မဟုတ် ဖိုင်တွဲတစ်ခုကို ရှာခြင်း
ရှာဖွေမှုနေရာတွင် ဖိုင်အမည်၊ ဖိုင်တွဲအမည်၊ သို့မဟုတ် စာဖိုင်အမျိုးအစားကို ရိုက်ထည့်ပါ။
သင်ရှာဖွေသည့်အခါ ဤရွေးချယ်ခွင့်များရှိသည်၊
သင့်ရွေးချယ်မှုများ၏အဓိကနယ်ပယ်ကို အာရုံစိုက်ခြင်း၊ ရှာဖွေမှုကွက်လပ်အောက်တွင် Recents သို့မဟုတ် တည်နေရာ သို့မဟုတ် အညွန်းအမည်ကိုနှိပ်ပါ။
စာရိုက်ခလုတ်ခုံကိုဝှက်ရန်နှင့် ဖန်သားပြင်ပေါ်တွင် ရလဒ်များပိုမိုမြင်ရရန်၊ Search ကိုနှိပ်ပါ။
ရှာဖွေမှုအသစ်တစ်ခုကို စတင်ရန်၊ ရှာဖွေမှုကွက်လပ်တွင်
ကိုနှိပ်ပါ။
ရလဒ်တစ်ခုကိုဖွင့်ရန်၊ ၎င်းကို နှိပ်ပါ။
စာရင်းပုံစံ သို့မဟုတ် သင်္ကေတပုံစံပြောင်းလဲပါ။
ဖွင့်ထားသည့်ဖိုင်နေရာတစ်ခု သို့မဟုတ် ဖိုင်တွဲတစ်ခုမှနေ၍ ဖန်သားပြင်၏ အလယ်မှဖိဆွဲချကာ ကိုနှိပ်ပါ။

ဖိုင်များနှင့် ဖိုင်တွဲများကို ခွဲခြားထားပုံပြောင်းလဲခြင်း
ဖွင့်ထားသည့်ဖိုင်နေရာတစ်ခု သို့မဟုတ် ဖိုင်တွဲတစ်ခုမှနေ၍ ဖန်သားပြင်၏ အလယ်မှဖိဆွဲချခြင်း
“Sorted by”ကိုနှိပ်ကာ တစ်ခုကိုရွေးချယ်ပါ၊ Name, Date, Size သို့မဟုတ် Tags။
Browse ဖန်သားပြင်ကို ပြန်စဉ်ခြင်း
Browse ဖန်သားပြင်ထိပ်ရှိ ကို နှိပ်ပါ၊ ထို့နောက် Edit ကို နှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုကို လုပ်ဆောင်ပါ၊
တည်နေရာတစ်ခုကို ဝှက်ခြင်း၊ တည်နေရာကိုပိတ်ပါ။
အမည်အမှတ်အသားကို ဖျက်ပြီးနောက် အမျိုးအစားအားလုံးမှနေ၍ ၎င်းကို ဖယ်ရှားပါ၊ အမည်အမှတ်အသားကတ်ဘေးရှိ
ကိုနှိပ်ပါ။ (ဖိုင်တစ်ခု သို့မဟုတ် ဖိုင်တွဲတစ်ခုကို အမှတ်အသားကတ်တပ်ခြင်း ကိုကြည့်ပါ။)
Favorites စာရင်းမှ အမျိုးအစားတစ်ခုကို ဖယ်ရှားရန်၊ ၎င်းအမျိုးအစားအနားရှိ
ကိုနှိပ်ပါ။ (အနှစ်သက်ဆုံးအဖြစ် ဖိုင်တွဲတစ်ခုကိုအမှတ်အသားပြုခြင်း ကိုကြည့်ပါ။)
အမျိုးအစားတစ်ခု၏အစဉ်လိုက်ကို ပြောင်းလဲရန်၊
ကိုထိ၍ထိန်းထားကာ နေရာသစ်တစ်ခုသို့ ဖိဆွဲသွားပါ။