မိသားစုဝင်များကို မျှဝေသည့်ပုံစံများ
မိသားစုဝင်များမျှဝေခြင်းအုပ်စုတွင် သူတို့၏ အသက်ပေါ်မူတည်၍ ကဏ္ဍအမျိုးမျိုးရှိနိုင်သည်။
မှတ်စု နိုင်ငံ သို့မဟုတ် ဒေသအလိုက် တစ်စုံတစ်ယောက်ကို အရွယ်ရောက်သူ သို့မဟုတ် ကလေးဟုသတ်မှတ်ထားသည့် အသက်သည် မတူညီပေ။
စီစဉ်သူ၊ Family Sharing အုပ်စုကို ထည့်သွင်းသည့် အရွယ်ရောက်သူတစ်ယောက်။ စီစဉ်သူသည် မိသားစုဝင်များကိုဖိတ်ခေါ်နိုင်၊ ဖယ်ထုတ်နိုင်ပြီး အဖွဲ့ကိုဖျက်သိမ်းနိုင်သည်။
အရွယ်ရောက်သူ၊ 18 နှစ် သို့မဟုတ် အထက် Family Sharing အုပ်စုအဖွဲ့ဝင်တစ်ယောက်။
မိဘ/အုပ်ထိန်းသူ၊ ယင်းအဖွဲ့တွင် ကလေးများကို ကူညီထိန်းကျောင်းနိုင်သည့် Family Sharing အုပ်စု၏ အရွယ်ရောက်သူ အဖွဲ့ဝင်တစ်ယောက်။ စီစဉ်သူသည် Family Sharing အုပ်စုသို့ အရွယ်ရောက်သူတစ်ယောက်ကိုထည့်လိုက်သည့်အခါ သူတို့ကို မိဘတစ်ဦး သို့မဟုတ် အုပ်ထိန်းသူတစ်ယောက်အဖြစ် ရွေးချယ်သတ်မှတ်နိုင်သည်။
ကလေး သို့မဟုတ် ဆယ်ကျော်သက်၊ အသက် 18 နှစ်အောက် Family Sharing အုပ်စုအဖွဲ့ဝင်။ စီစဉ်သူ၊ မိဘ သို့မဟုတ် အုပ်ထိန်းသူသည် အရမ်းငယ်လွန်း၍ သူတို့ကိုယ်တိုင် မပြုလုပ်တတ်သော ကလေးတစ်ယောက်အတွက် Apple Account ကို ဖန်တီးပေးနိုင်သည်။ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် သင်၏ကလေးအတွက် Apple Account တစ်ခုဖန်တီးခြင်း ကိုကြည့်ပါ။